တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ဝေကြီးဟာ အနုပညာနဲ့ ပတ်သက်လာရင်တော့ တကယ့်ကို ပါရမီမြောက်တဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။
Source : momolay
Unicode
“ဆေး”သီချင်းအတွက် ကော်နီဆီကနေ မမျှော်လင့်ထားတဲ့ဆုရလို့ ကြည်နူးနေတဲ့ ဝေကြီး
တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ ဝေကြီးဟာ အနုပညာနဲဲ့ ပတ်သက်လာရင်တော့ တကယ့်ကို ပါရမီမြောက်တဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။
သူ့ရဲ့အနုပညာအပေါ်ထားတဲ့ သဘောထား၊ ခံယူချက်တွေကလည်း တကယ့်ကိုလေးစားဖို့ကောင်းပြီး အတုယူစရာပါပဲ။
အဲဒါကြောင်း သူရေးသားလိုက်တဲ့သီးချင်တိုင်းလိုလိုဟာ အောင်မြင်ကာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာချည်းပါပဲ။
ဒါကြောင့် တေးရေးဝေကြီးကို လက်ရှိမှာ အအောင်မြင်ဆုံးတေးရေးဆရာတစ်ယောက်အဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
ဝေကြီးဟာ တေးသီချင်းကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး အဲဒီအထဲကမှ တေးသံရှင်ကော်နီအတွက် ရေးသားပေးခဲ့တဲ့ “ဆေး” သီချင်းဟာလည်း
ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားကျော်ကြားခဲ့တဲ့သီချင်းတစ် ပုဒ်ဖြစ်ပါတယ်။
အဲဒါကြောင့် ကော်နီဟာ “ဆေး”သီချင်းအတွက် သူ့ကိုမမျှော်လင့်ထားတဲ့ဆုပေးခဲ့တဲ့အကြောင်းကို ဝေကြီးက သူ့ရဲ့ Facebooမှာ အခုလိုပဲ ဖွင့်ချပြခဲ့ပါတယ်။
“မမျှော်လင့်ထားပဲ ရောက်လာတဲ့ “ဆေး” သီချင်းအတွက် မကော် Tun Connie ပေးတဲ့ ဆု….. ကျေးဇူးပါ မကော်ရေ …
(ဒါနဲ့စကားမစပ် နောက္တစ္ပုဒ်လောက္ဆက္စြဲရင်ကောင်းမလား မေကာ် 🤔)” ဆိုပြီး ဖြင့်ဟခဲ့တာပါ။
တေးရေးဝေကြီးတစ်ယောက်တော့ အဲဒီလိုမမျှော်လင့်ထားဘဲရတဲ့ဆုကြောင့် အရမ်းကိုကြည်နူးပျော်ရွှင်နေပုံပါပဲ။
တေးသံရှင်ကော်နီကလည်း ရေး,, ဆွဲဆရာရေး,တကယ်ကြီးပေးပါသားရေ ဆိုပြီး Comment လာရေးခဲ့လို့ သူတို့နှစ်ယောက်ရဲ့ နောက်ထပ်
လက်ရာကောင်းတစ်ခုကို မြင်တွေ့ရတော့မလားဆိုတာကလည်း ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။
Source : momolay



