“မိသားစုခ်င္းနားလည္မႈ လြဲသြားရတဲ့ အေၾကာင္းေတြကို အလံုးစံု ျပန္လည္ေျဖရွင္းလာတဲ့ ပိုင္ေဇရဲထြန္းဖခင္”





ပိုင္ေဇရဲထြန္းနဲ႔ ဇနီးျဖစ္သူ ဇင္သဲႏိုင္တို႔ဟာ ဖခင္ရဲ႕ အိမ္ႏွင့္ျခံကို ယူငင္ေပါင္ႏွံထားတဲ့သတင္းေတြဟာ မေန႔အခ်ိန္က ေဖ့ဘုတ္လူမွုတခြင္မွာ ဟိုးေလးတေက်ာ္ေက်ာ္ပ်ံ႕ႏွံ႕ခဲ့တာပါ။ မၾကာခင္ဆံုးရွံုးရေတာ့မယ့္ အိမ္ႏွင့္ျခံကိုလည္း ဖခင္ျဖစ္သူက ျပသထားျပီးေတာ့ သားျဖစ္သူ ပိုင္ေဇရဲထြန္းကို စဥ္းစားၾကည့္ဖုိ႔ပါ ေရးသားထားခဲ့ျပန္ပါေသးတယ္။



ဒီကေန႔ မွာေတာ့ ဖခင္ျဖစ္သူ ဦးရဲထြန္းက သားျဖစ္သူ ပိုင္ေဇရဲထြန္းနဲ႔ ဇင္သဲႏိုင္တို႔ ကို ထိခိုက္ဖုိ႔ရည္ရြယ္ခဲ့ျခင္းမဟုတ္ဘဲ အဆက္သြယ္လုပ္ေစခ်င္တာ အဓိကေၾကာင့္ဒါေတြ တင္ခဲ့တာလို႔ဆိုပါတယ္။



“သားပိုင္ပိုင္ နဲ႔ သမီးသဲသဲ ေဖေဖ နဲ႔ေမေမ အလြန္ဘဲစိတ္မေကာင္းျဖစ္ရပါတယ္။ သားနဲ႔သမီးအလုပ္ကိစၥနဲ႔ ျပည္ပ ခရီးေရာက္ေနတဲ့အခ်ိန္မွာ ေဖေဖ ဖုန္း ေခၚတာမရတဲ့အတြက္ ေဖေဖလူႀကီးတေယာက္အေနနဲ႔ စိတ္ပူလြန္သြားတယ္ သားတို႔သမီးတို႔. ကိုေဖေဖ ထိခိုက္ဖို႔မရည္ရြယ္သလို မထိခိုက္ေစခ်င္တာလဲအမွန္ပါဘဲ။ သားတို႔ သမီးတို႔ ေဖေဖတို႔ကို ဆက္သြယ္ေစခ်င္တာ အဓိကပါဘဲ။ ဘဏ္ရဲ႕တာဝန္ခံနဲ႔ အားလံုးခ်ိတ္ဆက္ပီး ေခ်းေငြျပန္ဆပ္ ထားတယ္ အားလံုးလဲညႇိႏူိင္းထားတယ္ဆိုတာစီစဥ္ထားမွန္းမသိလိုက္လို႔ ေရးလိုက္တာပါ။ ပီးေတာ့ ဒီအိမ္ႀကီး ေပါင္ႏွံထားတဲ့ ေငြေၾကးေတြနဲ႔. သမီးသဲသဲရဲ႕ ရတနာလုပ္ငန္း နဲ႔ သက္ဆိုင္ျခင္းမ႐ွိေၾကာင္းကိုလဲအားလံုးကိုနားလည္ေစ ခ်င္ပါတယ္။ သားပိုင္ပိုင္နဲ႔သမီးသဲသဲတို႔. ဘဏ္မွာေငြသြင္းထားပီးသြားေၾကာင္းကို သိရတဲ့အတြက္ ေဖေဖေမေမ တို႔ဝမ္းသာရပါတယ္။ မိသားစုခ်င္းနားလည္မူလြဲသြားရျခင္းကို အားလံုးဘဲ နားလည္ေစခ်င္ပါတယ္”



ပိုင္ေဇရဲထြန္းရဲ႕ ဖခင္ ဦးရဲထြန္းကေတာ့ မိသားစုခ်င္းနားလည္မွုလြဲသြားရတဲ့ အေၾကာင္းေတြျဖစ္တာေၾကာင့္ အားလံုးကို နားလည္ေစခ်င္တယ္လို႔လည္း ေမတၱာရပ္ခံသြားတာျဖစ္ပါတယ္။

Credit: Myanmar News Market

Unicode Version

ပိုင်ဇေရဲထွန်းနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ဟာ ဖခင်ရဲ့ အိမ်နှင့်ခြံကို ယူငင်ပေါင်နှံထားတဲ့သတင်းတွေဟာ မနေ့အချိန်က ဖေ့ဘုတ်လူမှုတခွင်မှာ ဟိုးလေးတကျော်ကျော်ပျံ့နှံ့ခဲ့တာပါ။ မကြာခင်ဆုံးရှုံးရတော့မယ့် အိမ်နှင့်ခြံကိုလည်း ဖခင်ဖြစ်သူက ပြသထားပြီးတော့ သားဖြစ်သူ ပိုင်ဇေရဲထွန်းကို စဉ်းစားကြည့်ဖို့ပါ ရေးသားထားခဲ့ပြန်ပါသေးတယ်။
ဒီကနေ့ မှာတော့ ဖခင်ဖြစ်သူ ဦးရဲထွန်းက သားဖြစ်သူ ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့ ကို ထိခိုက်ဖို့ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ အဆက်သွယ်လုပ်စေချင်တာ အဓိကကြောင့်ဒါတွေ တင်ခဲ့တာလို့ဆိုပါတယ်။
“သားပိုင်ပိုင် နဲ့ သမီးသဲသဲ ဖေဖေ နဲ့မေမေ အလွန်ဘဲစိတ်မကောင်းဖြစ်ရပါတယ်။ သားနဲ့သမီးအလုပ်ကိစ္စနဲ့ ပြည်ပ ခရီးရောက်နေတဲ့အချိန်မှာ ဖေဖေ ဖုန်း ခေါ်တာမရတဲ့အတွက် ဖေဖေလူကြီးတယောက်အနေနဲ့ စိတ်ပူလွန်သွားတယ် သားတို့သမီးတို့. ကိုဖေဖေ ထိခိုက်ဖို့မရည်ရွယ်သလို မထိခိုက်စေချင်တာလဲအမှန်ပါဘဲ။ သားတို့ သမီးတို့ ဖေဖေတို့ကို ဆက်သွယ်စေချင်တာ အဓိကပါဘဲ။ ဘဏ်ရဲ့တာဝန်ခံနဲ့ အားလုံးချိတ်ဆက်ပီး ချေးငွေပြန်ဆပ် ထားတယ် အားလုံးလဲညှိနိူင်းထားတယ်ဆိုတာစီစဉ်ထားမှန်းမသိလိုက်လို့ ရေးလိုက်တာပါ။ ပီးတော့ ဒီအိမ်ကြီး ပေါင်နှံထားတဲ့ ငွေကြေးတွေနဲ့. သမီးသဲသဲရဲ့ ရတနာလုပ်ငန်း နဲ့ သက်ဆိုင်ခြင်းမရှိကြောင်းကိုလဲအားလုံးကိုနားလည်စေ ချင်ပါတယ်။ သားပိုင်ပိုင်နဲ့သမီးသဲသဲတို့. ဘဏ်မှာငွေသွင်းထားပီးသွားကြောင်းကို သိရတဲ့အတွက် ဖေဖေမေမေ တို့ဝမ်းသာရပါတယ်။ မိသားစုချင်းနားလည်မူလွဲသွားရခြင်းကို အားလုံးဘဲ နားလည်စေချင်ပါတယ်”
ပိုင်ဇေရဲထွန်းရဲ့ ဖခင် ဦးရဲထွန်းကတော့ မိသားစုချင်းနားလည်မှုလွဲသွားရတဲ့ အကြောင်းတွေဖြစ်တာကြောင့် အားလုံးကို နားလည်စေချင်တယ်လို့လည်း မေတ္တာရပ်ခံသွားတာဖြစ်ပါတယ်။

Credit: Myanmar News Market

Recent Updates

Recent Posts Widget