လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ပေါင်မုန့်ရောင်းတဲ့ အဖွားကို ပေါင်မုန့်တွေအားပေးရင်း ကုသိုလ်ယူခဲ့တဲ့ ဘေဘီမောင်





နူးညံ့တဲ့ စိတ်ထားလေးနဲ့ အရမ်းမိုက်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ ဘေဘီမောင်ကတော့ အနုပညာအလုပ်တွေလုပ်ရင်း မိသားစုတွေကို ထောက်ပံ့နေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘေဘီမောင်က အသက်၇၈ အရွယ် ပေါင်မုန့်ရောင်းတဲ့ဖွားဖွားကိုပေါင်မုန့်လေးတွေအားလုံးအားပေးဝယ်ရင်းငွေတစ်သိန်းလှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာတင်ထားတာ တွေ့ရပါတယ်။ ကုသိုလ်ပြုသူနဲ့ လက်ခံရယူတို့ရဲ့ ကြည်နူးစရာမေတ္တာတရားကို မြင်တွေ့ရတဲ့ ဘေဘီမောင်ရဲ့နဲ့အဖွားရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ပေါင်မုန့်ရောင်းတဲ့အဖွားဆီက ပေါင်မုန့်တွေဝယ်ပြီးအားပေးရင်း အလှူငွေပါ လှူခဲ့တဲ့ ဘေဘီမောင်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။



ဘေဘီမောင်ကတော့ “ဒီနေ့ဒါနကုသိုလ်လေးပါရှင့်🙏🏻အသက်၇၈ပေါင်မုန့်ရောင်းတဲ့ဖွားဖွားကိုပေါင်မုန့်လေးတွေအားလုံးအားပေးဝယ်ရင်းငွေတစ်သိန်းလှူခဲ့ပါတယ်ရှင့်☺️ဖွားဖွားအလှူမခံပါဘူး ပေါင်မုန့်လေးပဲအားပေးစေချင်တာပါရှင့်☺️အဲဒါကြောင့်မြို့ထဲဗိုလ်ဆွန်ပက်လမ်းနားကဖွားဖွားဆီမှာပေါင်မုန့်လေးတွေဝယ်ယူအားပေးရင်ကုသိုလ်ယူကြရအောင်နော်🙏🏻☺️” ဆိုပြီး သူမရဲ့အလှူလေးအကြောင်းကို လူမှုကွန်ယက်မှာ တင်ထားတာပါ။



ဘေဘီမောင်ကတော့ အဖွားဆီက အားပေးခဲ့တဲ့ ပေါင်မုန့်တွေကို လည်း တာမွေက Food Box ထဲကို ပြန်လှူခဲ့တဲ့အကြောင်းကို “ကုသိုလ်လေးတွေပွားခြင်း နေ့လည်ကဖွားဖွားဆီကပေါင်မုန့်လေးတွေ တာမွေဈေးနားကfood boxထဲထည့်ပီးလှူခဲ့ပါတယ်ရှင့် အဲဒီနားကဆိုက်ကားနင်းတဲ့ဦးကြီးတွေကိုယ့်မျက်စိရှေ့မှာပဲ စနစ်တကျယူစားတာမြင်ရတော့ပိတိဖြစ်ရပါတယ်☺️ပေါ်ပင်လုပ်ခြင်းမဟုတ်ပါ ကြုံကြိုက်ရင်းလှူဒါန်းရတဲ့ကုသိုလ်လေးပါ🙏🏻food boxထဲမုန့်လေးတွေထည့်လို့ရတယ်လို့အကြံပေးတဲ့အကိုရေ ကျေးဇူးပါရှင့်🙏🏻” ဆိုပြီး ကြည်နူးစွာ ရေးသားထားပါသေးတယ်။

ဘေဘီမောင်ကတော့ လက်ရှိမှာ သူမကို အရမ်းချစ်ပြီး ဂရုစိုက်တတ်တဲ့ အဆိုတော် သားဂန်းနဲ့ ချစ်သူတွေဖြစ်နေတာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ဖန်တီးတည်ဆောက်ထားတာပါ။ ဘေဘီမောင်ကတော့ နောက်ပိုင်းမှာ ချစ်သူရေးပေးတဲ့ သီချင်းတွေကိုလည်း ဆိုဖို့အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်ထားပြည့်ဝတဲ့ ဘေဘီမောင်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Baby Maung’s Facebook

Credit  \\   original

Recent Updates

Recent Posts Widget