နေမကောင်းပေမယ့် အလှဆုံးပွဲတက်ခဲ့တဲ့ နန်းဆုရတီစိုးရဲ့ပုံရိပ်တွေ




ရွှေမှုံတွေများ စားထားသလားလို့တောင် အထင်မှားရလောက်အောင်လှတဲ့ အဆိုတော် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံသူလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းဆုက နေမကောင်းဖြစ်နေပေမယ့်လည်း D&C ပွဲလေးကို အလှဆုံးတက်ရောက်ဖြစ်တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဖြူရောင်ဝတ်စုံလေးနဲ့ မြင်သူတကာ ငေးမောရလောက်အောင် အလှဆုံး ပွဲတက်ခဲ့တဲ့ နန်းဆုရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် နေမကောင်းဖြစ်နေပေမယ့်လည်း အလှဆုံး ပွဲတက်ခဲ့တယ်ဆိုတဲ့ နန်းဆုရတီစိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


နန်းဆုရတီစိုးကတော့ “နေမကောင်းနေပေမယ့်လည်း ကိုယ်ကြိုက်တဲ့ brand #D&C ပွဲလေးဖြစ်နေတာကြောင့် ရောက်အောင်သွားဖြစ်ပါတယ် D&Cပစ္စည်းလေးတွေက design &comfort ဆိုတဲ့အတိုင်း design လေးတွေက လူငယ်ဆန်ပြီး စီးထားရင် အရမ်းcomfortable ဖြစ်လို့ အရမ်းကြိုက်ပါတယ် ကြိုက်လို့ အများကြီးအားပေးခဲ့တယ် လက်ဆောင်တွေလည်းရလို့ပျော်😍😘” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။


နန်းဆုက တကယ့်အရုပ်မလေးလိုပဲ ချစ်စရာလေး…


နန်းဆုကတော့ လက်ရှိမှာ သီချင်းသစ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေပြီး ချစ်သူ G Fatt နဲ့လည်း သီချင်းတွေလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။ တလောကထွက်ရှိထားတဲ့ နန်းဆုရဲ့”ကမ်းမဲ့လှေ” သီချင်းကလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း နေမကောင်းဖြစ်နေတာတောင် အလှဆုံးဖြစ်နေတဲ့ နန်းဆုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Nansu Yati Soe’s Facedbook
Credit  \  originl

Recent Updates

Recent Posts Widget