“ျမန္မာႏုိင္ငံမွာ သီခ်င္းယွဥ္ေရးမယ္ဆုိရင္ ကြၽတ္စရာတစ္ေယာက္မွ မ႐ွိဘူးဆုိတဲ့ ဗ်ဴဟာ”




Hip Hop အဆိုေတာ္ ဗ်ဴဟာကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မွတ္မိၾကမယ္ ထင္ပါတယ္။ ဆိုရလြယ္ျပီး ေခတ္သရုပ္ကို ထင္ဟပ္ႏိုင္တဲ့ သီခ်င္းစာသားေတြေၾကာင့္ ဗ်ဴဟာရဲ႕ သီခ်င္းေတြကို လူၾကိဳက္မ်ားပါတယ္။ လက္႐ွိအခ်ိန္မွာေတာ့ ဗ်ဴဟာက သီခ်င္းေတြကုိ ျပန္လုပ္ေနၿပီး အခုျမန္မာႏုိင္ငံမွာ ေအာင္ျမင္ေနတဲ့ဘယ္ အဆုိေတာ္နဲ႔မဆုိ သီခ်င္းေရးတဲ့ အပုိင္းမွာ ကြၽတ္စရာအေၾကာင္းမ႐ွိဘူးလုိ႔ အကုန္သိမီဒီယာနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။



ဗ်ဴဟာက “Population အပုိင္းမွာေတာ့ ျဖစ္ေကာင္းျဖစ္လိမိ့မယ္။ ဒါေပမဲ့ သီခ်င္းေရးတဲ့ လက္ရည္ အရမွာေတာ့ အခုအခ်ိန္အထိ ဘယ္သူ႔ကုိမွ ကြၽတ္စရာမ႐ွိဘူးေပါ့ေနာ္။ အဲ့တာ ရဲရဲေျပာရဲတယ္။ ကြၽတ္စရာမ႐ွိဘူးဆုိတာ ျပဳိင္ေရးရမယ္ သီခ်င္းတစ္ပုဒ္ကုိ ျပဳိင္ေရးရမယ္ဆုိတာ ျပဳိင္ဆုိင္ခ်င္တာ မဟုတ္ဘူးေနာ္ ဥပမ အရမ္းေကာင္းတယ္ဆုိတဲ့ Rap တစ္ပုိဒ္ကုိေပါ့ေနာ္ ကြၽန္ေတာ္နဲ႔လာၿပီးတြဲဆိုမယ္ဆုိရင္ ကြၽန္ေတာ္က ဒုတိယ Rap တစ္ပုိဒ္ကုိလုိက္ေရးမယ္ဆုိရင္ အဲ့သီခ်င္းက ပ်က္သြားစရာအေၾကာင္းမ႐ွိဘူးေပါ့။ ဒါ Skill ညီမွ Skill မ႐ွိရင္ ေ႐ွ႕က ဘယ္ေလာက္ေကာင္းေကာင္း ေနာက္က ခါးက်ိဴးသြားေရာ သီခ်င္းႀကီးက ပြသြားေရာ နားေထာင္ရတာ။ ျမန္မာျပည္မွာ အဲ့လုိမ်ိဴး ယွဥ္ၿပီးေရးမယ္ဆုိရင္ ကြၽတ္စရာတစ္ေယာက္မွ မ႐ွိဘူး။ အဲ့လုိေရးတယ္ဆုိတာ ျပဳိင္ေရးတာ မဟုတ္ဘူးေနာ္ မိဘမဲ့ကေလးသီခ်င္းတစ္ပုဒ္ကုိပဲ သူက အေ႐ွ႕ကဆုိၿပီး ကြၽန္ေတာ္က အေနာက္က လုိက္ေရးမယ္ဆုိရင္ မပ်က္ေစရဘူးလုိ႔ေျပာတာေနာ္ ျပဳိင္တာဆုိင္တာ Battle ေတြဘာေတြက ငယ္ငယ္တုန္းကေတာ့ Hip Hop ဘာညာလုပ္တဲ့ အခ်ိန္တုန္းက ႐ူးသြပ္တုန္းကေတာ့ အဲ့လုိေတာ့ ႐ွိတာေပါ့ဗ်ာ အခုအခ်ိန္က်ေတာ့ အဲ့လုိေတြ မ႐ွိေတာ့ပါဘူး ကုိယ္ေတြက ကေလးအေဖေတြလည္း ျဖစ္ေနၿပီေလ။”လုိ႔ ေျပာသြားခဲ့ပါတယ္။



အေဖျဖစ္သူနဲ႔ေရာ သီခ်င္းဆုိတဲ့အပုိင္းေတြမွာ ညႇိႏႈိင္းရတာမ်ိဳး႐ွိလား “ညႇိႏႈိင္းရတာကေတာ့ အႏုပညာနဲ႔ ပတ္သက္တဲ့ အျမင္ေတြေတာ့ မ႐ွိပါဘူး ဒါေပမဲ့ ယဥ္ေက်းမႈေတြဘာေတြနဲ႔ ပတ္သက္တဲ့ အျမင္ေတြေတာ့႐ွိတယ္။ အေဖက သ႐ုပ္ပ်က္တာတုိ႔ ဘာတုိ႔ ညာတုိ႔ စကားလုံးေတြကအစ ၾကမ္းတမ္းတဲ့ဟာမ်ိဳးေတြ သုံးရင္ ေျပာတာေပါ့ေနာ္ ၾကားရင္ သူေျပာတယ္။ ၾကမ္းၾကမ္းတမ္းတမ္းမသုံးမိဖုိ႔ အမ်ိဳးဘာသာသာသနာကုိ မထိခုိက္ရင္ၿပီးေရာ ၿပီးေတာ့ ကြၽန္ေတာ္က လူငယ္ေတြကုိ ဖ်က္စီးေနတဲ့ သီခ်င္းမ်ိဳးေတြကုိ ေရးေနတာ မဟုတ္ဘူးေလ။ လူလည္း ကုိယ့္ဘာသာ အသက္အရြယ္ေလး ရလာေတာ့ လူႀကီးဘက္ နည္းနည္းဝင္လာၿပီလုိ႔ ထင္တာပဲ။ အဲ့လုိဆုိေတာ့ ကုိယ္လည္း ေရးတဲ့ သီခ်င္းကုိ ေကာင္းတဲ့ဘက္ေဆာင္တဲ့ သီခ်င္းေလးေတြပဲ ေရးျဖစ္တယ္ေပါ့ေနာ္ ေနာက္ပုိင္း။ အေဖသာ အခုအခ်ိန္မွာ ကြၽန္ေတာ့္လုိ အသက္၃၀ ေလာက္႐ွိေနမယ္ဆုိရင္ ကြၽန္ေတာ့္အေဖက ကြၽန္ေတာ္သေဘာက်တဲ့ Rapper တစ္ေယာက္ထဲမွာ သူပါေနလိမ့္မယ္။ သူတုိ႔ေခတ္ကက် Hip Hop မွမေပၚေသးတာေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။


အဆုိေတာ္ေတြက ပထမအေခြက ေအာင္ျမင္ၿပီး ဒုတိယအေခြမွာ ဘာလုိ႔ မေအာင္ျမင္တာလဲလုိ႔ ေမးျမန္းရာ “အဲ့တာက အႏုပညာသမားနဲ႔ပဲ ဆုိင္ပါတယ္။ သူ႔ Quality ကုိသူထိန္းရမွာေပါ့ေနာ္။ ကြၽန္ေတာ္က်ေတာ့ Second အေခြကုိဘာလုိ႔က်လဲဆုိေတာ့ ကြၽန္ေတာ္ အခ်ိန္ကုိ မေပးႏုိင္လုိ႔။ ကုိဘုိဆန္းနဲ႔ အလုပ္လုပ္ထားတယ္ဆုိေတာ့ သူေပးတဲ့ဒိတ္အတြင္း မွီေအာင္လုပ္ေပးရမွာဆုိေတာ့ တခ်ိဳ႕သီခ်င္းေတြကုိ စိတ္တုိင္းမက်ဘဲ ေရးၿပီး လႊတ္လိုက္ရတာမ်ိဳးေတြ ႐ွိတယ္။ အဲ့တာေၾကာင့္ လက္နည္းနည္းက်သြားတာေပါ့။ အႏုပညာသမားနဲ႔ပဲဆုိင္ပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

Hip Hop အဆိုတော် ဗျူဟာကိုတော့ တော်တော်များများ မှတ်မိကြမယ် ထင်ပါတယ်။ ဆိုရလွယ်ပြီး ခေတ်သရုပ်ကို ထင်ဟပ်နိုင်တဲ့ သီချင်းစာသားတွေကြောင့် ဗျူဟာရဲ့ သီချင်းတွေကို လူကြိုက်များပါတယ်။ လက်ရှိအချိန်မှာတော့ ဗျူဟာက သီချင်းတွေကို ပြန်လုပ်နေပြီး အခုမြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ဘယ် အဆိုတော်နဲ့မဆို သီချင်းရေးတဲ့ အပိုင်းမှာ ကျွတ်စရာအကြောင်းမရှိဘူးလို့ အကုန်သိမီဒီယာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
ဗျူဟာက “Population အပိုင်းမှာတော့ ဖြစ်ကောင်းဖြစ်လိမိ့မယ်။ ဒါပေမဲ့ သီချင်းရေးတဲ့ လက်ရည် အရမှာတော့ အခုအချိန်အထိ ဘယ်သူ့ကိုမှ ကျွတ်စရာမရှိဘူးပေါ့နော်။ အဲ့တာ ရဲရဲပြောရဲတယ်။ ကျွတ်စရာမရှိဘူးဆိုတာ ပြိုင်ရေးရမယ် သီချင်းတစ်ပုဒ်ကို ပြိုင်ရေးရမယ်ဆိုတာ ပြိုင်ဆိုင်ချင်တာ မဟုတ်ဘူးနော် ဥပမ အရမ်းကောင်းတယ်ဆိုတဲ့ Rap တစ်ပိုဒ်ကိုပေါ့နော် ကျွန်တော်နဲ့လာပြီးတွဲဆိုမယ်ဆိုရင် ကျွန်တော်က ဒုတိယ Rap တစ်ပိုဒ်ကိုလိုက်ရေးမယ်ဆိုရင် အဲ့သီချင်းက ပျက်သွားစရာအကြောင်းမရှိဘူးပေါ့။ ဒါ Skill ညီမှ Skill မရှိရင် ရှေ့က ဘယ်လောက်ကောင်းကောင်း နောက်က ခါးကျိူးသွားရော သီချင်းကြီးက ပွသွားရော နားထောင်ရတာ။ မြန်မာပြည်မှာ အဲ့လိုမျိူး ယှဉ်ပြီးရေးမယ်ဆိုရင် ကျွတ်စရာတစ်ယောက်မှ မရှိဘူး။ အဲ့လိုရေးတယ်ဆိုတာ ပြိုင်ရေးတာ မဟုတ်ဘူးနော် မိဘမဲ့ကလေးသီချင်းတစ်ပုဒ်ကိုပဲ သူက အရှေ့ကဆိုပြီး ကျွန်တော်က အနောက်က လိုက်ရေးမယ်ဆိုရင် မပျက်စေရဘူးလို့ပြောတာနော် ပြိုင်တာဆိုင်တာ Battle တွေဘာတွေက ငယ်ငယ်တုန်းကတော့ Hip Hop ဘာညာလုပ်တဲ့ အချိန်တုန်းက ရူးသွပ်တုန်းကတော့ အဲ့လိုတော့ ရှိတာပေါ့ဗျာ အခုအချိန်ကျတော့ အဲ့လိုတွေ မရှိတော့ပါဘူး ကိုယ်တွေက ကလေးအဖေတွေလည်း ဖြစ်နေပြီလေ။”လို့ ပြောသွားခဲ့ပါတယ်။
အဖေဖြစ်သူနဲ့ရော သီချင်းဆိုတဲ့အပိုင်းတွေမှာ ညှိနှိုင်းရတာမျိုးရှိလား “ညှိနှိုင်းရတာကတော့ အနုပညာနဲ့ ပတ်သက်တဲ့ အမြင်တွေတော့ မရှိပါဘူး ဒါပေမဲ့ ယဉ်ကျေးမှုတွေဘာတွေနဲ့ ပတ်သက်တဲ့ အမြင်တွေတော့ရှိတယ်။ အဖေက သရုပ်ပျက်တာတို့ ဘာတို့ ညာတို့ စကားလုံးတွေကအစ ကြမ်းတမ်းတဲ့ဟာမျိုးတွေ သုံးရင် ပြောတာပေါ့နော် ကြားရင် သူပြောတယ်။ ကြမ်းကြမ်းတမ်းတမ်းမသုံးမိဖို့ အမျိုးဘာသာသာသနာကို မထိခိုက်ရင်ပြီးရော ပြီးတော့ ကျွန်တော်က လူငယ်တွေကို ဖျက်စီးနေတဲ့ သီချင်းမျိုးတွေကို ရေးနေတာ မဟုတ်ဘူးလေ။ လူလည်း ကိုယ့်ဘာသာ အသက်အရွယ်လေး ရလာတော့ လူကြီးဘက် နည်းနည်းဝင်လာပြီလို့ ထင်တာပဲ။ အဲ့လိုဆိုတော့ ကိုယ်လည်း ရေးတဲ့ သီချင်းကို ကောင်းတဲ့ဘက်ဆောင်တဲ့ သီချင်းလေးတွေပဲ ရေးဖြစ်တယ်ပေါ့နော် နောက်ပိုင်း။ အဖေသာ အခုအချိန်မှာ ကျွန်တော့်လို အသက်၃၀ လောက်ရှိနေမယ်ဆိုရင် ကျွန်တော့်အဖေက ကျွန်တော်သဘောကျတဲ့ Rapper တစ်ယောက်ထဲမှာ သူပါနေလိမ့်မယ်။ သူတို့ခေတ်ကကျ Hip Hop မှမပေါ်သေးတာနော်။”လို့ ပြောသွားခဲ့ပါတယ်။

အဆိုတော်တွေက ပထမအခွေက အောင်မြင်ပြီး ဒုတိယအခွေမှာ ဘာလို့ မအောင်မြင်တာလဲလို့ မေးမြန်းရာ “အဲ့တာက အနုပညာသမားနဲ့ပဲ ဆိုင်ပါတယ်။ သူ့ Quality ကိုသူထိန်းရမှာပေါ့နော်။ ကျွန်တော်ကျတော့ Second အခွေကိုဘာလို့ကျလဲဆိုတော့ ကျွန်တော် အချိန်ကို မပေးနိုင်လို့။ ကိုဘိုဆန်းနဲ့ အလုပ်လုပ်ထားတယ်ဆိုတော့ သူပေးတဲ့ဒိတ်အတွင်း မှီအောင်လုပ်ပေးရမှာဆိုတော့ တချို့သီချင်းတွေကို စိတ်တိုင်းမကျဘဲ ရေးပြီး လွှတ်လိုက်ရတာမျိုးတွေ ရှိတယ်။ အဲ့တာကြောင့် လက်နည်းနည်းကျသွားတာပေါ့။ အနုပညာသမားနဲ့ပဲဆိုင်ပါတယ်။

Credit: ပြောချင်လွန်းလို့

Recent Updates

Recent Posts Widget