မေဦးနဲ့ရေစက်ကုန်သွားပြီလို့ပြောလာတဲ့ဟန်လင်း
မေဦးနဲ့ရေစက်ကုန်သွားပြီလို့ပြောလာတဲ့ဟန်လင်း
ဟန်လင်းနဲ့မေဦးနဲ့ဟာ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ရတဲ့ LGBT စုံတွဲလေးဖြစ်ပြီး ချစ်သူသက်တမ်းလည်း နှစ်အတန်ကြာပြီဖြစ်သလိုမြန်မာနိုင်ငံရဲ့ အစောဆုံး LGBT အတွဲတွေထဲမှာ အပါအဝင်ဖြစ်လို့တစ်နိုင်ငံလုံးက ဝိုင်းသဘောတူကြတာခံရတဲ့ စုံတွဲလေးဆိုရင်လည်းမမှားပါဘူး။မိတ်ကပ်ပညာရှင်မေဦးက ဟန်လင်းကို တုန်နေအောင်ချစ်သလို ဟန်လင်းကလည်း ချစ်လေးဆိုပြီး ဂရုတစိုက်ရှိရှာလို့ ပရိသတ်တွေမျက်စိထဲမှာမေဦးနဲ့ဟန်လင်းဆိုတာ ခွဲမြင်လို့ကိုမရတဲ့စုံတွဲလေးဖြစ်နေရတာပါ။ ဒါပေမယ့် ချစ်သူတွေရဲ့သဘောသဘာဝအတိုင်းပဲ မေဦးနဲ့ ဟန်လင်းမှာလည်းကတောက်ကဆဖြစ်တဲ့အချိန်လေးတွေရှိပါတယ်။
မေဦးနဲ့ဟန်လင်းဟာတစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်တဲ့အလျောက် တစ်ခါတစ်ခါအကြီးအကျယ်ရန်ဖြစ်ပြီး ပြန်စဲတတ်ကြလေ့ရှိခဲ့ပေမယ့်တစ်ပတ်ပြည့်အောင်မခံပဲ အမြဲတမ်းတစ်ယောက်နားကိုတစ်ယောက်ကော်နဲ့ကပ်ထားသလိုပြန်ရောက်သွားတတ်မြဲပါ။ ဟန်လင်းက မေဦးရဲ့ အမှတ်တရအရေးကြီးနေ့တွေမှာလူတွေကြားထဲမှာတောင်မရှောင်ချစ်ခင်ကြင်နာမှုကိုပြသတတ်လေ့ရှိပြီး မေဦးကို ပျော်အောင်surprise တွေလည်းလုပ်တတ်လေ့ရှိပါတယ်။မေဦးကလည်း ဟန်လင်းကို အရာရာသည်းခံနားလည်ပေးပြီးချစ်တာမို့ သူတို့စုံတွဲလေးကAnniversary တွေအလီလီဖြတ်သန်းခဲ့ကြပြီး တွဲလက်တွေမြဲနေဆဲဖြစ်ခဲ့တာပါ။
အခုတော့ မေဦးနဲ့ဟန်လင်းဟာ နှစ်ယောက်ကြားမှာ နားလည်မှုလွဲမှားတာလေးတွေရှိနေပြန်တဲ့ပုံပါပဲ။ဟန်လင်းက မနေ့က (6.2.2019) မှာသူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ”ရေစက်ကုန်သွားပြီ၊ single life နဲ့ပဲ ဖြတ်သန်းမှာပါ”လို့ ရေးထားခဲ့ပြီး မေဦးကတော့ သူ့ရဲ့ MyDay မှာ “ပိုချစ်လေ ပိုနာကျင်ရလေ ပိုပြီးငိုရလေ”လို့ ရေးထားခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးကြားမှာအထင်အမြင်လွဲမှားမှုတွေကတော့ရှိနေပုံရပြီး နှစ်ယောက်စလုံးက ခံစားနေရပုံပေါ်ပါတယ်။ မေဦးတို့ရဲ့ပရိသတ်တွေကတော့ နှစ်ယောက်စလုံးရဲ့ post တွေအောက်မှာ နှစ်ယောက်အတူဖြတ်ကျော်ဖို့အားပေးတဲ့စာသားလေးတွေနဲ့စိတ်ပူတဲ့စာတွေရေးထားကြတာတွေ့ရပါတယ်။
ပရိသတ်ကြီးရော မေဦးနဲ့ ဟန်လင်းကိုချစ်ကြလား။ သူတို့နှစ်ယောက်ကိုသဘောတူကြလား။ သိပ်ချစ်ကြတဲ့ မေဦးနဲ့ဟန်လင်း အမြန်ပြန်အဆင်ပြေစေဖို့ဆုတောင်းပေးလိုက်ကြပါဦးနော်။
Credit \original





