“လူၾကမ္းတစ္ေယာက္ရဲ႕ သားက ဒီလိုဂုဏ္ထူး (၂) ဘာသာနဲ႕ေအာင္လုိ႕ ပီတိျဖစ္ရတယ္ဆိုတဲ့ လူၾကမ္းသရုပ္ေဆာင္ ဟန္ျမင့္ရဲ႕သားေလး”
ျမန္မာ့ရုပ္ရွင္ေလာကမွာ မစို႔မပို႔ ၀င္ေငြေလးရယူၿပီး ဇာတ္ကားတစ္ကား ေကာင္းမြန္ဖို႔အတြက္ ပံ့ပိုးေပးေနတဲ့ လူၾကမ္း အႏုပညာရွင္ေတြ ရွိၾကပါ တယ္။
သူတို႔ဟာ ဇာတ္ကားေတြထဲမွာေတာ့ လူယုတ္မာႀကီးေတြ မုဒိမ္းေကာင္ႀကီးေတြ ၊ ေကာက္က်စ္တဲ့သူေတြအျဖစ္ သရုပ္ေဆာင္ရင္း ျပင္ပဘ၀မွာ မိသားစု စား၀တ္ေနေရးေတြကို ေျဖရွင္းေပးေနရတဲ့ သူေတြ ျဖစ္ၾကပါတယ္။
ရုပ္ရွင္ေလာကမွာ ၀င္ေငြနည္းပါးၾကလို႔ ျပင္ပဘ၀မွာ စား၀တ္ေနေရး ခက္ခဲၾကရသလို ႏွစ္စဥ္ခ်ီးျမင့္ေနတဲ့ အကယ္ဒမီဆိုတဲ့ ထူးခၽြန္ဆုေတြမွာလည္း သူတို႔ဇာတ္ရုပ္အတြက္ မ်က္ႏွာသာ အေပးမခံရရွာ ပါဘူး။
ဒါေပမယ့္လည္း သူတို႔ဟာ ဇာတ္ကားေတြမွာ မပါမျဖစ္တဲ့ အႏုပညာ သည္ ေတြပဲ ျဖစ္ပါတယ္။
ကားရိုက္ေၾကး ေလး အနည္းငယ္မွ်ရရွိၿပီး ဟိုလူထိုးတာခံရ ဒီလူထိုးတာ ခံၾကရရွာတဲ့ အသက္ႀကီးမွ အထိုးအႀကိတ္ ခံရတဲ့ ဘ၀ေတြထဲမွာ လူၾကမ္းသ႐ုပ္ေဆာင္ ဟန္ျမင့္တစ္ေယာက္လဲ အပါအဝင္အျဖစ္ပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ ဟန္ျမင့္ကေတာ့ သားျဖစ္သူ ဆယ္တန္းကို ဂုဏ္ထူးႏွစ္ဘာသာနဲ႔ ေအာင္ျမင္ခဲ့တာေၾကာင့္အရမ္းကိုေပ်ာ္ရႊင္ေနပါတယ္။
လူၾကမ္းသ႐ုပ္ေဆာင္ ဟန္ျမင့္ရဲ႕သားေလး ေမာင္ေဇာ္ႏိုင္ထြန္းကေတာ့ ျမန္မာစာနဲ႔ ဇီဝေဗဒ ဘာသာရပ္တို႔မွာ ဂုဏ္ထူးထြက္ခဲ့တာပဲျဖစ္ပါတယ္။
ေမာင္ေဇာ္ႏိုင္ထြန္းကေတာ့ “”လူၾကမ္းေတြ ဆင္းရဲတယ္၊ အထိုးအၾကိတ္ခံရေပမယ့္ သူမ်ားေတြေလာက္ ၀င္ေငြမရဘူး။
ဒါလူၾကမ္း ဒါလူၾကမ္း ဆိုျပီး အမုန္းလည္း ခံရတယ္။ လူၾကမ္းတစ္ေယာက္ ရဲ့ သားက ဂုဏ္ထူး နဲ႔ စာေမးပြဲေအာင္ ႏိုင္ခဲ့လို႔ ပီတိျဖစ္ရတယ္” ဆိုၿပီးေျပာခဲ့ပါတယ္။
လူၾကမ္းဟန္ျမင့္ကေတာ့ သားျဖစ္သူကို ေကာင္းေကာင္း support မေပးႏိုင္ခဲ့လို႔ သားေမွ်ာ္မွန္းထားတဲ့ ေျခာက္ဘာသာဂုဏ္ထူးမထြက္ႏိုင္ခဲ့တာေၾကာင့္အရမ္းကိုစိတ္မေကာင္းျဖစ္ေနပါတယ္။
သူ႔အေမဆိုေစ်းေရာင္းတယ္..အကိုကလူၾကမ္းလုပ္တယ္အဲ့ဒီႏွစ္ေယာက္ရဲ႕သားကဂုဏ္ထူးႏွစ္ဘာသာထြက္ေတာ့အတိုင္းအတာမ႐ွိပီတီျဖစ္တာေပါ့လို႔ ေျပာျပလာခဲ့ပါေသးတယ္။
Credit: ထူးဆန္းေထြလာ သုတ ကမၻာ
Unicode Version
မြန်မာ့ရုပ်ရှင်လောကမှာ မစို့မပို့ ဝင်ငွေလေးရယူပြီး ဇာတ်ကားတစ်ကား ကောင်းမွန်ဖို့အတွက် ပံ့ပိုးပေးနေတဲ့ လူကြမ်း အနုပညာရှင်တွေ ရှိကြပါ တယ်။
သူတို့ဟာ ဇာတ်ကားတွေထဲမှာတော့ လူယုတ်မာကြီးတွေ မုဒိမ်းကောင်ကြီးတွေ ၊ ကောက်ကျစ်တဲ့သူတွေအဖြစ် သရုပ်ဆောင်ရင်း ပြင်ပဘဝမှာ မိသားစု စားဝတ်နေရေးတွေကို ဖြေရှင်းပေးနေရတဲ့ သူတွေ ဖြစ်ကြပါတယ်
ရုပ်ရှင်လောကမှာ ဝင်ငွေနည်းပါးကြလို့ ပြင်ပဘဝမှာ စားဝတ်နေရေး ခက်ခဲကြရသလို နှစ်စဉ်ချီးမြင့်နေတဲ့ အကယ်ဒမီဆိုတဲ့ ထူးချွန်ဆုတွေမှာလည်း သူတို့ဇာတ်ရုပ်အတွက် မျက်နှာသာ အပေးမခံရရှာ ပါဘူး။
ဒါပေမယ့်လည်း သူတို့ဟာ ဇာတ်ကားတွေမှာ မပါမဖြစ်တဲ့ အနုပညာ သည် တွေပဲ ဖြစ်ပါတယ်။
ကားရိုက်ကြေး လေး အနည်းငယ်မျှရရှိပြီး ဟိုလူထိုးတာခံရ ဒီလူထိုးတာ ခံကြရရှာတဲ့ အသက်ကြီးမှ အထိုးအကြိတ် ခံရတဲ့ ဘဝတွေထဲမှာ လူကြမ်းသရုပ်ဆောင် ဟန်မြင့်တစ်ယောက်လဲ အပါအဝင်အဖြစ်ပါတယ်။
လူကြမ်းသရုပ်ဆောင် ဟန်မြင့်ကတော့ သားဖြစ်သူ ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာနဲ့ အောင်မြင်ခဲ့တာကြောင့်အရမ်းကိုပျော်ရွှင်နေပါတယ်။
လူကြမ်းသရုပ်ဆောင် ဟန်မြင့်ရဲ့သားလေး မောင်ဇော်နိုင်ထွန်းကတော့ မြန်မာစာနဲ့ ဇီဝဗေဒ ဘာသာရပ်တို့မှာ ဂုဏ်ထူးထွက်ခဲ့တာပဲဖြစ်ပါတယ်။
မောင်ဇော်နိုင်ထွန်းကတော့ “”လူကြမ်းတွေ ဆင်းရဲတယ်၊ အထိုးအကြိတ်ခံရပေမယ့် သူများတွေလောက် ဝင်ငွေမရဘူး။
ဒါလူကြမ်း ဒါလူကြမ်း ဆိုပြီး အမုန်းလည်း ခံရတယ်။ လူကြမ်းတစ်ယောက် ရဲ့ သားက ဂုဏ်ထူး နဲ့ စာမေးပွဲအောင် နိုင်ခဲ့လို့ ပီတိဖြစ်ရတယ်” ဆိုပြီးပြောခဲ့ပါတယ်။
လူကြမ်းဟန်မြင့်ကတော့ သားဖြစ်သူကို ကောင်းကောင်း support မပေးနိုင်ခဲ့လို့ သားမျှော်မှန်းထားတဲ့ ခြောက်ဘာသာဂုဏ်ထူးမထွက်နိုင်ခဲ့တာကြောင့်အရမ်းကိုစိတ်မကောင်းဖြစ်နေပါတယ်။
သူ့အမေဆိုဈေးရောင်းတယ်..အကိုကလူကြမ်းလုပ်တယ်အဲ့ဒီနှစ်ယောက်ရဲ့သားကဂုဏ်ထူးနှစ်ဘာသာထွက်တော့အတိုင်းအတာမရှိပီတီဖြစ်တာပေါ့လို့ ပြောပြလာခဲ့ပါသေးတယ်။
Credit: ထူးဆန်းထွေလာ သုတ ကမ္ဘာ