လာမယ့္ ၾသဂုတ္လကစျပီး ဂ်ပန္နုိင္ငံကုိ တရားဝင္အလုပ္သမား ေစလႊတ္ေတာ့မည္
ဂ်ပန္ႏိုင္ငံမွာ ႏိုင္ငံျခားသား ကၽြမ္းက်င္လုပ္သားဗီဇာနဲ႔ သြားေရာက္ အလုပ္လုပ္ၾကမယ့္ ျမန္မာႏို္င္ငံက အလုပ္သမား ၁ဝဝဝ ေက်ာ္ကို လာမယ့္ ၾသဂုတ္လကစလုိ႔ ပထမအသုတ္အျဖစ္ တရားဝင္ ေစလႊတ္သြားဖုိ႔ ရွိပါတယ္။
ဂ်ပန္ႏိုင္ငံဘက္က One Heart Human Resources Union နဲ႔ ျမန္မာအစုိးရအသိအမွတ္ျပဳ ျပည္ပအလုပ္အကိုင္ ရွာေဖြေပးေရးေအဂ်င္စီ ၅ ခုတို႔ ႏွစ္ႏိုင္ငံ နားလည္မႈစာခၽြန္လႊာ- MoU လက္မွတ္ထိုးပြဲကို ရန္ကုန္ၿမိဳ႕ ရွန္ဂရီလာဟုိတယ္မွာ ေမလ ၂၉ ရက္ေန႔က က်င္းပခဲ့တာပါ။
ဂ်ပန္ႏိုင္ငံကို အခုလုိသြားေရာက္ၾကမယ့္ ျမန္မာလုပ္သားေတြဟာ ေဆာက္လုပ္ေရး၊ ဟုိတယ္လုပ္ငန္းနဲ႔ စုိက္ပ်ဳိးေရးက႑ေတြမွာ လုပ္ကိုင္ရ မွာျဖစ္တယ္လို႔ One Heart Human Resources Union တာဝန္ရွိသူေတြရဲ႕ေျပာၾကားခ်က္ကို သတင္းေတြမွာ ေဖၚျပၾကပါတယ္။
ျမန္မာႏိုင္ငံသားေတြ ဂ်ပန္မွာ အခုလိုလာေရာက္ အလုပ္လုပ္ကိုင္ခြင့္ ရတာဟာ ေရရွည္မွာ ျမန္မာႏိုင္ငံအတြက္ အက်ဳိးျဖစ္ထြန္းေစလိမ့္ မယ္လို႔ တုိက်ဳိၿမဳိ့က ျမန္မာ့အေရးလႈပ္ရွားသူ ဦးေက်ာ္ေက်ာ္စုိးက ေျပာပါတယ္။
“ေကာင္းတဲ့အခ်က္က ႏိုင္ငံျခားမွာ ေနထိုင္တဲ့ အေတြ႔အႀကံဳေတြ၊ သူတို႔ရဲ့ ယဥ္ေက်းမႈ၊ သဘာဝ ပတ္ဝန္းက်င္ အေနအထား၊ ေနထုိင္အစားအေသာက္၊ အေတြ႔အႀကံဳေတြ အမ်ားႀကီးရမယ့္အတြက္ အဲဒီကာယကံရွင္ေတြ၊ အတြက္ ေကာင္းက်ိဳးေတြ ရပါလိမ့္မယ္။ ေနာက္အခ်က္က သူတုိ႔ရဲ့ မိသားစုေတြ ဝင္ေငြ ပိုရပါလိမ့္မယ္။ အဲ မေကာင္းတဲ့ အခ်က္က တုိင္းျပည္ရဲ့ လုပ္အား ဆံုးရံႈးတာေပါ့ေလ”
ဂ်ပန္မွာအလုပ္လုပ္လိုတဲ့ ျမန္မာေတြအေနနဲ႔ အေျခခံေန႔စဥ္သုံး ဂ်ပန္စာကို သင္ၾကားတတ္ေျမာက္ရမွာျဖစ္ၿပီး၊ အစုိးရက သတ္မွတ္ထားတဲ့ ႏႈန္းထားအတုိင္း အလုပ္အကိုင္ ရွာေဖြေရးေအဂ်င္စီေတြကို ေပးရမွာျဖစ္တယ္လို႔ဆိုပါတယ္။ ဂ်ပန္ရဲ႕အလုပ္သမား လိုအပ္ခ်က္အရ ႏိုင္ငံျခားသား ကၽြမ္းက်င္လုပ္သားေတြကို ေခၚယူဖို႔ ဂ်ပန္အစိုးရက ဒီႏွစ္အေစာပိုင္း လႊတ္ေတာ္မွာဆုံးျဖတ္ခဲ့တာပါ။ ဂ်ပန္မွာ တရားဝင္ေနထိုင္ အလုပ္လုပ္ခြင့္ရတဲ့ ႏိုင္ငံျခားသားေတြအတြက္ ဗီဇာသက္တမ္းက ၃ ႏွစ္ကေန ၁ဝ ႏွစ္အထိ သတ္မွတ္ထားပါတယ္။
ဂ်ပန္ကုမၸဏီနဲ႔ သေဘာတူ လက္မွတ္ေရးထိုးၾကတဲ့ ျမန္မာေအဂ်င္စီေတြကေတာ့ Success Family Service ၊ An Emissary For Myanmar ၊ Hein Myint Myat ၊ Shwe Ye Phyo Aung နဲ႔ Yetkha Ta Khon ေအဂ်င္စီေတြပဲ ျဖစ္ပါတယ္။
Source_VOA
Credit \\ original
Unicode
ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားဗီဇာနဲ့ သွားရောက် အလုပ်လုပ်ကြမယ့် မြန်မာနို်င်ငံက အလုပ်သမား ၁ဝဝဝ ကျော်ကို လာမယ့် သြဂုတ်လကစလို့ ပထမအသုတ်အဖြစ် တရားဝင် စေလွှတ်သွားဖို့ ရှိပါတယ်။
ဂျပန်နိုင်ငံဘက်က One Heart Human Resources Union နဲ့ မြန်မာအစိုးရအသိအမှတ်ပြု ပြည်ပအလုပ်အကိုင် ရှာဖွေပေးရေးအေဂျင်စီ ၅ ခုတို့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ- MoU လက်မှတ်ထိုးပွဲကို ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ မေလ ၂၉ ရက်နေ့က ကျင်းပခဲ့တာပါ။
ဂျပန်နိုင်ငံကို အခုလိုသွားရောက်ကြမယ့် မြန်မာလုပ်သားတွေဟာ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်ကိုင်ရ မှာဖြစ်တယ်လို့ One Heart Human Resources Union တာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
မြန်မာနိုင်ငံသားတွေ ဂျပန်မှာ အခုလိုလာရောက် အလုပ်လုပ်ကိုင်ခွင့် ရတာဟာ ရေရှည်မှာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေလိမ့် မယ်လို့ တိုကျိုမြို့က မြန်မာ့အရေးလှုပ်ရှားသူ ဦးကျော်ကျော်စိုးက ပြောပါတယ်။
“ကောင်းတဲ့အချက်က နိုင်ငံခြားမှာ နေထိုင်တဲ့ အတွေ့အကြုံတွေ၊ သူတို့ရဲ့ ယဉ်ကျေးမှု၊ သဘာဝ ပတ်ဝန်းကျင် အနေအထား၊ နေထိုင်အစားအသောက်၊ အတွေ့အကြံုတွေ အများကြီးရမယ့်အတွက် အဲဒီကာယကံရှင်တွေ၊ အတွက် ကောင်းကျိုးတွေ ရပါလိမ့်မယ်။ နောက်အချက်က သူတို့ရဲ့ မိသားစုတွေ ဝင်ငွေ ပိုရပါလိမ့်မယ်။ အဲ မကောင်းတဲ့ အချက်က တိုင်းပြည်ရဲ့ လုပ်အား ဆုံးရှုံးတာပေါ့လေ”
ဂျပန်မှာအလုပ်လုပ်လိုတဲ့ မြန်မာတွေအနေနဲ့ အခြေခံနေ့စဉ်သုံး ဂျပန်စာကို သင်ကြားတတ်မြောက်ရမှာဖြစ်ပြီး၊ အစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတွေကို ပေးရမှာဖြစ်တယ်လို့ဆိုပါတယ်။ ဂျပန်ရဲ့အလုပ်သမား လိုအပ်ချက်အရ နိုင်ငံခြားသား ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူဖို့ ဂျပန်အစိုးရက ဒီနှစ်အစောပိုင်း လွှတ်တော်မှာဆုံးဖြတ်ခဲ့တာပါ။ ဂျပန်မှာ တရားဝင်နေထိုင် အလုပ်လုပ်ခွင့်ရတဲ့ နိုင်ငံခြားသားတွေအတွက် ဗီဇာသက်တမ်းက ၃ နှစ်ကနေ ၁ဝ နှစ်အထိ သတ်မှတ်ထားပါတယ်။
ဂျပန်ကုမ္ပဏီနဲ့ သဘောတူ လက်မှတ်ရေးထိုးကြတဲ့ မြန်မာအေဂျင်စီတွေကတော့ Success Family Service ၊ An Emissary For Myanmar ၊ Hein Myint Myat ၊ Shwe Ye Phyo Aung နဲ့ Yetkha Ta Khon အေဂျင်စီတွေပဲ ဖြစ်ပါတယ်။
Credit \\ original



