“ဦးေက်ာ္သူ၏ ဇနီး ေဒၚျမင့္ျမင့္ခင္ေဖ (ခ) ေရႊဇီးကြက္ အားနည္းမူးလဲၿပီး နားထင္အရိုးႏု အက္သြားခဲ့ေၾကာင္း သိရွိရ”
“ဦးေက်ာ္သူ၏ ဇနီး ေဒၚျမင့္ျမင့္ခင္ေဖ (ခ) ေရႊဇီးကြက္ အားနည္းမူးလဲၿပီး နားထင္အရိုးႏု အက္သြားခဲ့ေၾကာင္း သိရွိရ”
သတိထားၾကဖို႔ပါ။ မေန႔က မူဆယ္၊ မႏၲေလးက ရန္ကုန္ျပန္ေရာက္။ ဒီေန႔ မနက္၅ နာရီထၿပီး ကန္ေတာ္ႀကီးကြင္းပတ္ စက္ဘီးစုေပါင္းစီးပြဲကို
သြားနင္း။ အိပ္ေရးကပ်က္၊ အစာကေလ်ာ့စားထား၊ အသက္ကရလာေတာ့ မူးၿပီးလဲ ။ ျဖည္းျဖည္းေလး လဲေပလို႔ေပါ့ဗ်ာ။
ဒူးပြန္းသြားတာက ထား…နားထင္ အ႐ိုးႏုေလး အက္သြားခဲ့ရၿပီ။ ဒါေတာင္ စက္ဘီးစီး ဦးထုပ္ေဆာင္းထားလို႔ေပါ့။
ခုေတာ့ ပါရမီေဆး႐ုံ(အေရးေပၚ) ကေန ေဒါက္တာထူးေမာင္အုံးႏွင့္ ဆရာ၊ဆရာမမ်ားက ဂ႐ုတစိုက္ စစ္ေဆးကုသေပးၿပီး ေနအိမ္ကို ေရာက္ခဲ့ပါၿပီ။
ေနအိမ္မွာ တစ္ပတ္ေလာက္ နားၿပီးမွ ဆက္လက္က်န္းမာေရး စစ္ေဆးၿပီး လိုအပ္ပါက ဆက္လက္ ကုသရမည္။ သတိထားၾကပါဗ်ာ။
ေမာ္ေတာ္ကားပဲ ေမာင္းေမာင္း၊ ဆိုင္ကယ္ပဲ စီးစီး၊ စက္ဘီးပဲ နင္းနင္း၊ လမ္းပဲေလွ်ာက္ေလွ်ာက္၊ အားကစားပဲလုပ္လုပ္ အိပ္ေရး၀၀အိပ္၊ အစာ၀ေအာင္ စားထား၊ ေသြးေပါင္ေကာင္းၿပီး အသက္အရြယ္ကို မ်က္ေျခမျပတ္ သတိထားၿပီး လုပ္ေဆာင္ၾကေစလိုပါတယ္ခင္ဗ်ာ။
က်န္းမာေရးအတြက္ လုပ္တယ္ဆိုေပမဲ့ မိမိကိုယ္တိုင္ က်န္းမာေနဖို႔ အေရးႀကီးပါတယ္။ မျမင္ႏိုင္တဲ့ ခႏၶာရဲ႕ျဖစ္ပ်က္ေတြကို သတိ၊ အသိေဆာင္ထားဖို႔ အဓိကပါခင္ဗ်ာ။
Credit – celeplatform
Unicode
“ဦးကျော်သူ၏ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် အားနည်းမူးလဲပြီး နားထင်အရိုးနု အက်သွားခဲ့ကြောင်း သိရှိရ”
သတိထားကြဖို့ပါ။ မနေ့က မူဆယ်၊ မန္တလေးက ရန်ကုန်ပြန်ရောက်။ ဒီနေ့ မနက်၅ နာရီထပြီး ကန်တော်ကြီးကွင်းပတ် စက်ဘီးစုပေါင်းစီးပွဲကို
သွားနင်း။ အိပ်ရေးကပျက်၊ အစာကလျော့စားထား၊ အသက်ကရလာတော့ မူးပြီးလဲ ။ ဖြည်းဖြည်းလေး လဲပေလို့ပေါ့ဗျာ။
ဒူးပွန်းသွားတာက ထား…နားထင် အရိုးနုလေး အက်သွားခဲ့ရပြီ။ ဒါတောင် စက်ဘီးစီး ဦးထုပ်ဆောင်းထားလို့ပေါ့။
ခုတော့ ပါရမီဆေးရုံ(အရေးပေါ်) ကနေ ဒေါက်တာထူးမောင်အုံးနှင့် ဆရာ၊ဆရာမများက ဂရုတစိုက် စစ်ဆေးကုသပေးပြီး နေအိမ်ကို ရောက်ခဲ့ပါပြီ။
နေအိမ်မှာ တစ်ပတ်လောက် နားပြီးမှ ဆက်လက်ကျန်းမာရေး စစ်ဆေးပြီး လိုအပ်ပါက ဆက်လက် ကုသရမည်။ သတိထားကြပါဗျာ။
မော်တော်ကားပဲ မောင်းမောင်း၊ ဆိုင်ကယ်ပဲ စီးစီး၊ စက်ဘီးပဲ နင်းနင်း၊ လမ်းပဲလျှောက်လျှောက်၊ အားကစားပဲလုပ်လုပ် အိပ်ရေးဝဝအိပ်၊ အစာဝအောင် စားထား၊ သွေးပေါင်ကောင်းပြီး အသက်အရွယ်ကို မျက်ခြေမပြတ် သတိထားပြီး လုပ်ဆောင်ကြစေလိုပါတယ်ခင်ဗျာ။
ကျန်းမာရေးအတွက် လုပ်တယ်ဆိုပေမဲ့ မိမိကိုယ်တိုင် ကျန်းမာနေဖို့ အရေးကြီးပါတယ်။ မမြင်နိုင်တဲ့ ခန္ဓာရဲ့ဖြစ်ပျက်တွေကို သတိ၊ အသိဆောင်ထားဖို့ အဓိကပါခင်ဗျာ။
Credit – celeplatform




