Credit \ original
ယူနီကုတ်ဖြင့်ဖတ်ရန်
ရုပ်ရှင်ကို တည်းဖြတ်တစ်ယောက်က လေးစားမှုနဲ့ကိုင်ဖို့ အင်မတန်အရေးကြီးတယ်ဆိုတဲ့ ဇဏ်ခီ
သူကတော့ ဥပါတ်တံမျဉ်နဲ့ မုဒြာရုပ်ရှင်ဇာတ်ကားကနေ အောင်မြင်မှုရရှိလာပြီးတော့ ပရိသတ်ကြိုက်နှစ်သက်တဲ့မင်းသားတွေထဲကတစ်
ယောက်လို့ဆိုရမှာပါ။ ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ အရေးပါမှုအပိုင်းတွေကို အသေးစိတ်ဖော်ပြထားတာပဲဖြစ်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကို
တည်းဖြတ်တစ်ယောက်ကလေးစာမှုနဲ့ကိုင်ဖို့ အင်မတန်အရေးကြီးတယ်ဆိုပြီးတော့လည်း သူရဲ့လူမှုကွန်ရက်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။
“ရုပ်ရှင်မှာ တည်းဖြတ် အင်မတန်အရေးကြီးပါတယ်။ တစ်ဖွဲ့လုံး သွေးတွေ ချွေးတွေနဲ့ လပေါင်းများစွာ ပြင်ဆင်ရိုက်ကူးထားသမျှဟာ
နောက်ဆုံးတော့ editor ရဲ့လက်ထဲကိုရောက်ပါတယ်။ အခုခေတ်က နည်းပညာပိုင်းတွေက အဆင့်မြင့်လာတော့ အားလုံးက computer
ထဲရောက်လာပြီဆိုရင် မြန်မြန်ဆန်ဆန်ဖြစ်လို့ရလာတယ်။ အဲ့ဒီ့အချိန်မှာ editor ရဲ့ ရုပ်ရှင်အနုပညာပေါ်မှာထားတဲ့စိတ်က အင်မတန်မှ
အရေးကြီးပါတယ်။ လေးစားမှုအပြည့်နဲ့ကိုင်နိုင်ဖို့လိုအပ်တယ်” ဆိုပြီးတော့ ရုပ်ရှင်လောကမှာ တည်းဖြတ်က အရေးကြီးတယ်ဆိုကို သူရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပြီးတော့
“အခုကျနော်တို့ရဲ့ Now and Ever ရုပ်ရှင်ကိုကိုင်နေတဲ့သူကတော့ ဥပါယ်တံမျဉ် တုန်းကအတူလက်တွဲခဲ့တဲ့ အကယ်ဒမီ ကို Nyan Wint
ဖြစ်ပါတယ်။ ရှပ်ရှင်ကိုချစ်မြတ်နိုးတဲ့စိတ်အပြည့်ရှိသူပါ။ အခုလဲ Now and Ever ကို စိတ်တွေနှစ်ပြီး အကောင်းဆုံး နဲ့ အမြန်ဆုံး ပရိတ်
သတ်အရှေ့ချပြနိုင်အောင်ကြိုးစားနေပါတယ်” ဆိုပြီးတော့လည်း သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကားလေးကို တည်းဖြတ်နေတဲ့ Nyan Wint ရဲ့ကြိုးစားမှု
ကို သူရဲ့လူမှုကွန်ရက်မှာ ဆက်ပြီးတော့ ဖော်ပြထားတာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ဇဏ်ခီရဲ့ ရုပ်ရှင်မှာ တည်းဖြတ်က အင်မတန်အရေးကြီးပါတယ် ဆိုတဲ့အပေါ် မှတ်ချက်လေးရေးပေးခဲ့ပါဦး။
ချစ်သဲမေ @CeleGabar / Source :Zenn Kyi
Credit \ original