“ဆယ်တန်းဖြေပြီးကထဲက သာသနာ့ဝန်ထမ်းဘ၀ကို ရွေးချယ်ထားပြီးဖြစ်သူ မောင်အောင်ကောင်းဆက် ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်။
ယနေ့ ဒသမတန်း အောင်စာရင်းတွေထွက်ရှိပါသည်။ဗုဒ္ဓစာပေ သင်ယူဖို့သာသနတာဝန် ထမ်းရွက်ဖို့ရဟန်းပြုလာသူ…
ထီးလင်းမြေမှ မောင်အောင်ကောင်းဆက်။၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းမှာ မလ -၄၁၂ ခုံအမှတ် -ဘာသာစုံ
ဂုဏ်ထူးဖြင့် မလှိုင် မိသားစု ကိုယ်ပိုင် အထက်တန်းကျောင်းမှအောင်မြင်ခဲ့ပေပြီ။
ထီးလင်းမြို့နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်လို့အတိုင်းမသိဂုဏ်ယူဝမ်းမြောက်ပါတယ်။သို့ထက် ပို၍ ဂုဏ်ယူ ဝမ်းမြောက်မိသည်မှာ
အောင်စာရင်း မထွက်ခင်ကပင် ပြတ်ပြတ်သားသား သာသနဝန်ထမ်း အဖြစ် ခံယူ၍ရှင်ကုဏ္ဍလ အဖြစ်…စစ်ကိုင်း မြစကြာ
စာသင်တိုက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေမှုပင် ဖြစ်ပါသည်။
လောင်းမြတ်ဝေဿန္တရာ ထုံး နှလုံးမူ၍သာသနာတော်အား လူကို (တနည်း) ထူးချွန်လိမ္မာသော သားကို လှူရဲ လှူဝံ့ပါသော
မိဘများ၏ စိတ်စေတနာကိုလည်းသာဓုခေါ်မိပါ၏။သက်ဆုံးတိုင်ကျန်းမာ ချမ်းသာ
ကြည်နူးစွာဖြင့်သာသနဝန်ထမ်းကောင်းရှင်ရဟန်းမြတ် ဖြစ်ပါစေ။
ညီလေးတို့ ညီမလေးတို့
၁ဝ.တန်းအောင်ပြီဆိုတော့ ဘယ်တက္ကသိုလ်တွေ လျှောက်ကြမလဲ???
သာသနာ့ မြေ ဗုဒ္ဓ-ကျောင်းတော် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏။လျှောက်စရာတက္ကသိုလ် ရွေးချယ်စရာလမ်းထဲမှာ သာသနဘောင်
ဗုဒ္ဓ-တက္ကသိုလ်လေးပါ တည့်ထားတွေးစေချင်ပါတယ်။
ဆရာဝန်ကြီးဖြစ်တော့ ဆေးတွေကုရသလို ဆရာတော်ကြီး ဖြစ်တော့ တရားတွေပြလို့ ကိလေသာအနာတွေကု
အေးရာအေးကြောင်း နည်းလမ်းကောင်းတွေ ကိုယ်တိုင်လည်းကု သူများလည်းကုသကာ သင်ပြရမှာ ကုပေးရမှာပါ
အဆုံးတနေ့မှာလည်း တရားပေါက်ရောက်သိမြင်ရင် အဖန်ဖန်ဆင်းရဲရခြင်းသံသရာက လွတ်ပြီး စက်ရဟတ်က အပြီးဤတွင်
ရပ်ပါလိမ့်မည်အင်ဂျင်နီယာကြီးဖြစ်တော့ လမ်းတွေဖောက် ပြုပြင် မီးတွေပြင် သောင်တွေတူး ကျောက်တွေခွဲ စတာတွေ
သူ့လိုင်းနဲ့သူ လုပ်ရသလို
စာချဆရာတော်ကြီး ဖြစ်ရင်လည်း သာသနာ့အုတ်မြစ်တွေချ အေးရာအေးကြောင်း လမ်း တွေ ကျင့်သုံးလို့ရအောင် အသုံးပြုဖို
့ ပြောပြ ရမှာပါ
ဒါတွေက ထားပါတော့သာသနာ့မြေဟာ အလုပ်လက်မဲ့ အခြေအနေမဲ့ တွေးထင်နေမှာ စိုးလို့ပါ။စာပေတာဝန်
တရားတာဝန်များဖြင့် အလုပ်တွေ အများကြီး ပါ အလုပ်ဌာနကလည်း ပူစရာမလိုပါဘူးသင်ကြားရမည့်စာပေများကလည်း
သိပ္ပံပညာထက် မနိမ့်တဲ့စာပေတွေပါ
သဂြိုလ်သင်ပြီး စိတ်တွေဓါတ်ခွဲနေမလား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းအားပါတဲ့ ပညာရပ်
များ စာပေများကို လေ့လာသင်ယူရမှာပါ
ဗုဒ္ဓဘာသာတို့၏ အသည်းနှလုံး သာသနာ့မြေ ဗုဒ္ဓ ကျောင်းတော်သို့ ရောက်လာ သင်ကြားခြင်းဖြင့် သာသနာ့ဝန်ထမ်းကာ
ဂုဏ်ယူကြစမ်းပါဂုဏ်ယူနိုင်တဲ့ စိတ်လေးမွေးကြပါနော်
သာသနာ့ဘောင်ဝင်လို့ မပျော် ရင် ဘယ်လိုလုပ်မလဲတဲ့သာသနာ့ရဲ့ဒကာ ဒကာမများတွေးပုံကိုလည်း
ပြောင်းတွေးရမှာပါပြောင်းစေချင်ပါတယ်။သာသနာ့ဘောင်မှာ ပျော်အောင် ဘယ်လို အခြေအနေများဖန်တီးပေးရမလဲလို့ပါ
သာသနာ့ဘောင်ဝင်လာလို့ ဘုရားရှင်ကြီးစကား လိုက်နာနားထောင်ခဲ့ရင် မပျော်စရာမရှိသလို လူပြန်ထွက်တောင် အစား
အနေ အသွား လူ့အဆင့်အတလူပြန်ထွက်တောင်ာသနာမှာနေခဲ့ရတဲ့ရက်များကလည်း သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့
နေ့ရက်များပါဘဲ
သာသနာတော်မှာ ရှင်သာမဏေတွေ နည်းလာပြီဆိုတာ သိပါလျက် သာသနာ့ဒကာဒကာမများက မရှုမျှော် မတွေးဆပါဘဲ
ရင်မှ ဖြစ်တဲ့သားသမီးလေးများ သာသနာ့ဝန် မထမ်းစေ လိုပါက ဟုတ်ပါ့မလားဗျာ
ကိုယ့်ရင်မှဖြစ်တဲ့ တန်ဖိုးအထားရဆုံးသားသမီးကို သာသနာလှူရတာလောက် အဖိုးတန်အကျိုးကြီးတဲ့ကုသိုလ်
ဘယ်ရှိမှာလဲသာသနာ့ဘောင်ဝင်လို့ အောက် ကျတယ် နိမ့်တယ်များထင်လာခဲ့ရင်မူလအစ သာသနာကိုတချက်လောက်
ကြည့်လိုက်ပါဦး။ ရှင်ဘုရင့်သားသမီးများ သူဌေးသားသမီးများ ပညာတတ်တွေ မင်းညီမင်းသားဝန်ထမ်းတွေနဲ့ စတင်ခဲ့တဲ့
သမိုင်းအစဉ်အလာကြီးမားတဲ့သာသနာပါနော်
သာသနာ့ဘောင် ဝင်လာရင် သေရင်တောင် တရားနှလုံးသွင်းသေဖြစ်မှာပါ။မနှလုံးသွင်းဖြစ်ရင်တောင် ကုသိုလ်တွေနဲ့
သေမှာပါ။ကုသိုလ်နဲ့ မသေဖြစ်ရင်တောင်ကုသိုလ် တွေ အများကြီးရသွားမှာပါ
ဒေါက်တာကြီးဖြစ် အင်ဂျင်နီယာကြီး ကုန်သည် သူဌေးသူကြွယ်ကြီးဖြစ်လည်း သားကျွေးမှု မယားကျွေးမှု
စီးပွားရေးလမ်းကြောင်းပေါ်မှာ နေကုန်မိုးချုပ် လောဘ ဒေါသ မောဟတွေနဲ့ အများစု သေရမှာပါ။လမ်းမှန်ကို
ရွေးချယ်ကြစမ်းပါ
သာသနာ့ဘောင်မှာ သူများလှူတာအဝတ်အတွက်လည်း
မပူရ။သူများလှူတာအစားအတွက်လည်းမပူရနေစရာလည်းမပူရသူများလှူတာ။လုပ်တော့ကျ
ဘယ်သူ့အလုပ်လဲကိုယ့်အလုပ်ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ် ကုသိုလ်စုတဲ့အလုပ်နော်ဒါမို့ ညီ လေး
ညီမလေးတို့သာသနာ့မြေ ဗုဒ္ဓ ကျောင်းတော် က ကြိုဆိုလျက်ပါ
လမ်းကြုံရင် ပြောပေးကြပါ-သာသနာ့နယ်မြေ ဗုဒ္ဓကျောင်းတော် ဟာ ကုသိုလ်ကံ ဘုန်းကြီးမြတ်သူတို့ လျှောက်ရာမြေမှာ
ဘဝနောင်ရေး စိတ်အေးရပါတယ်လို့။
အရှင်တေဇနိယ မုံလယ်ဇ။ )
Credit \ original






