“ကေလးတစ္ေယာက္လုိမျမင္ဘဲ လူႀကီးလုိျမင္ေပးပါဆိုတဲ့ အိစိေကြး။”




ကေလးအရြယ္တုန္းကလည္း သ႐ုပ္ေဆာင္ေကာင္းခ်က္ေတြ ခ်စ္ဖုိ႔ေကာင္းမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကုိ

ရ႐ွိခဲ့သလုိ အသက္ႀကီးလာေတာ့လည္း မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကုိ ရ႐ွိထားေနတဲ့


သ႐ုပ္ေဆာင္အိစိေကြးကေတာ့ သူ႔ပရိသတ္ေတြက ကေလးလုိ႔ပဲ ျမင္ေနတာနဲ႔ပတ္သက္ၿပီးေတာ့ အင္တာဗ်ဴးတစ္ခုမွာ

ေျပာသြားခဲ့ပါတယ္။

အိစိေကြးက “ဘယ္လုိေျပာရမလဲ ကုိယ့္ကုိယ္ကုိယ္ေတာ့ အျမဲတမ္းေတာ့ ကေလးလုိမဟုတ္ဘူး။ သူ႔ေနရာေလးနဲ႔သူေပါ့


မိသားစုနဲ႔ ႐ွိေနတဲ့အခ်ိန္က်ရင္လည္း ကေလးဆန္သင့္တဲ့ေနရာ ကေလးဆန္ရတယ္။ တစ္ခါတစ္ေလ လူႀကီးေတြနဲ႔

စကားေျပာတဲ့အခါ လူႀကီးဆန္သင့္တဲ့ေနရာဆုိရင္ လူႀကီးဆန္ရတယ္။ ကုိယ့္ကုိယ္ကုိယ္ဘယ္လုိျမင္လဲဆုိရင္ေတာ့

ကုိယ့္ကုိယ္ကုိယ္ အိစိေကြးလုိ႔ပဲ ျမင္ပါတယ္ဗ်။”လုိ႔ ေျပာခဲ့ပါတယ္။



ဇာတ္လမ္းေတြ လာကမ္းလွမ္းတဲ့အခါေရြးခ်ယ္ရတာ ႐ွိလားလုိ႔ ေမးျမန္းရာ “႐ွိပါတယ္။ ႐ွိပါတယ္ဆုိတာက အရမ္းႀကီး ကုိယ္နဲ႔

မလုိက္မဲ့ ကာ႐ုိက္တာမ်ိဳးေတြက်ေတာ့ နည္းနည္းေတာ့ ေစာင့္ရေသးတာေပါ့ အရမ္းႀကီး Heavy ႀကီးေတြဆုိရင္ ကုိယ္က အခုမွ

အသက္က ၁၈ပဲ႐ွိေသးတာေလ အရမ္း Heavy ေတြက်ျပန္ေတာ့လည္း ပရိသတ္ေျပာမွာလည္း႐ွိမယ္ ၿပီးရင္



ကာ႐ုိက္တာမလုိက္တာေတြဘာေတြ႐ွိမယ္ေပါ့ ကုိယ္နဲ႔ လုိက္ဖက္မယ့္ ကာ႐ုိက္တာ ကုိယ့္အရြယ္ေလးနဲ႔ လုပ္လုိ႔ရမယ့္

ကာ႐ုိက္တာမ်ိဳးေလာက္ပဲ လုပ္ပါတယ္ဗ်။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ပရိသတ္ေတြက ကေလးလုိ႔ပဲ ျမင္ေနက်တာနဲ႔ ပတ္သက္ၿပီး “ဒါက ဘယ္လုိေျပာရမလဲဆုိေတာ့ ပရိသတ္ေတြကေတာ့

မိဘေတြလုိပဲေလ ကြၽန္ေတာ္ အျမဲေျပာေနက် စကားပါပဲ ပရိသတ္ေတြဆုိတာက မိဘေတြလုိပဲ ကုိယ့္ရဲ႕

သားသမီးကုိဘယ္ေလာက္ပဲ အသက္ႀကီးလာႀကီးလာ သူတုိ႔ဘာသာ မိန္းမေတြပဲ ရရ ကေလးေတြပဲ ရရ မိဘေတြရဲ႕

မ်က္လုံးထဲမွာ ကေလးလုိ႔ပဲ ျမင္က်တာေလ။ အဲ့လုိပဲ ပရိသတ္ေတြကလည္း ကေလးလုိ႔ပဲ ျမင္က်မွာပါ။ ဒါေပမဲ့လည္း

သူ႔အရြယ္နဲ႔ သူ႔အခ်ိန္ကာလာနဲ႔က႐ွိၿပီးသားေလ။ ဘယ္လုိပဲ ျဖစ္ျဖစ္ အရြယ္ေရာက္လာၿပီဆုိတာကေတာ့ ပရိသတ္ေတြဘက္က

လက္ခံေပးဖုိ႔လုိပါတယ္ အဲ့အတြက္လည္း ေတာင္းဆုိပါတယ္ဗ်။

ျပႆနာတစ္ခုပါပဲ ေလာေလာဆယ္ေျဖ႐ွင္းရမယ့္ ျပႆနာေပါ့ ဘဝမွာ ေျဖ႐ွင္းရမယ့္ျပႆနာဆုိရင္ ဒီတစ္ခုေပါ့

ဘယ္လုိေျပာရမလဲ တစ္ျခားေယာက္်ားေလးတစ္ေယာက္ ႐ုပ္႐ွင္႐ုိက္တယ္ ကေလးမ်က္ႏွာေလးပဲ သုိ႔ေသာ္ျငားလည္း သူ႔ကုိ

ငယ္ငယ္တုန္းက ျမင္ခဲ့ရတာမဟုတ္ဘူး ႀကီးလာမွ ျမင္ရတာေလ။ သူ႔ကုိလူႀကီးတစ္ေယာက္အေနနဲ႔ သတ္မွတ္လုိ႔ရတယ္။

ကေလးမ်က္ႏွာေလးနဲ႔ ခ်စ္စရာေလး ဒီေကာင္ေလးကဆုိၿပီး လူႀကီးဆုိၿပီးေတာ့ သတ္မွတ္လုိက္တယ္။ ကြၽန္ေတာ္က်ေတာ့

အဲ့လုိမဟုတ္ဘူး ငယ္ငယ္ေလးကတည္းက ျမင္လာတဲ့အတြက္ ကေလးလုိပဲ ေသးေသးေလးကုိပဲ ျမင္ခဲ့ရတာ

ကြၽန္ေတာ့္မ်က္ႏွာျမင္လုိက္ရင္ ကေလးမ်က္ႏွာေလးပဲ ေျပးျမင္ေနၾကတာဆုိေတာ့ ဒါက နည္းနည္းေတာ့ ေဖ်ာက္ဖုိ႔ခက္တယ္။

ေလာေလာဆယ္ ေျဖ႐ွင္းရမယ့္ျပႆနာဆုိရင္ေတာ့ အဲ့တာပဲ ဘယ္လုိေျဖ႐ွင္းရမလဲဆုိတာ

ဒီအရြယ္ေရာက္လာၿပီျဖစ္တာေၾကာင့္ ၾကဳိးစားေနရတာပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit   \\   original

Unicode

ကလေးအရွယ်တုန်းကလည်း သရုပ်ဆောင်ကောင်းချက်တွေ ချစ်ဖို့ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို

ရရှိခဲ့သလို အသက်ကြီးလာတော့လည်း မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားနေတဲ့

သရုပ်ဆောင်အိစိကွေးကတော့ သူ့ပရိသတ်တွေက ကလေးလို့ပဲ မြင်နေတာနဲ့ပတ်သက်ပြီးတော့ အင်တာဗျူးတစ်ခုမှာ

ပြောသွားခဲ့ပါတယ်။

အိစိကွေးက “ဘယ်လိုပြောရမလဲ ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်းတော့ ကလေးလိုမဟုတ်ဘူး။ သူ့နေရာလေးနဲ့သူပေါ့

မိသားစုနဲ့ ရှိနေတဲ့အချိန်ကျရင်လည်း ကလေးဆန်သင့်တဲ့နေရာ ကလေးဆန်ရတယ်။ တစ်ခါတစ်လေ လူကြီးတွေနဲ့

စကားပြောတဲ့အခါ လူကြီးဆန်သင့်တဲ့နေရာဆိုရင် လူကြီးဆန်ရတယ်။ ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမြင်လဲဆိုရင်တော့

ကိုယ့်ကိုယ်ကိုယ် အိစိကွေးလို့ပဲ မြင်ပါတယ်ဗျ။”လို့ ပြောခဲ့ပါတယ်။

ဇာတ်လမ်းတွေ လာကမ်းလှမ်းတဲ့အခါရွေးချယ်ရတာ ရှိလားလို့ မေးမြန်းရာ “ရှိပါတယ်။ ရှိပါတယ်ဆိုတာက အရမ်းကြီး

ကိုယ်နဲ့ မလိုက်မဲ့ ကာရိုက်တာမျိုးတွေကျတော့ နည်းနည်းတော့ စောင့်ရသေးတာပေါ့ အရမ်းကြီး Heavy ကြီးတွေဆိုရင်

ကိုယ်က အခုမှ အသက်က ၁၈ပဲရှိသေးတာလေ အရမ်း Heavy တွေကျပြန်တော့လည်း ပရိသတ်ပြောမှာလည်းရှိမယ်

ပြီးရင် ကာရိုက်တာမလိုက်တာတွေဘာတွေရှိမယ်ပေါ့ ကိုယ်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာ ကိုယ့်အရွယ်လေးနဲ့

လုပ်လို့ရမယ့် ကာရိုက်တာမျိုးလောက်ပဲ လုပ်ပါတယ်ဗျ။”လို့ ပြောသွားခဲ့ပါတယ်။

ပရိသတ်တွေက ကလေးလို့ပဲ မြင်နေကျတာနဲ့ ပတ်သက်ပြီး “ဒါက ဘယ်လိုပြောရမလဲဆိုတော့ ပရိသတ်တွေကတော့

မိဘတွေလိုပဲလေ ကျွန်တော် အမြဲပြောနေကျ စကားပါပဲ ပရိသတ်တွေဆိုတာက မိဘတွေလိုပဲ ကိုယ့်ရဲ့

သားသမီးကိုဘယ်လောက်ပဲ အသက်ကြီးလာကြီးလာ သူတို့ဘာသာ မိန်းမတွေပဲ ရရ ကလေးတွေပဲ ရရ မိဘတွေရဲ့

မျက်လုံးထဲမှာ ကလေးလို့ပဲ မြင်ကျတာလေ။ အဲ့လိုပဲ ပရိသတ်တွေကလည်း ကလေးလို့ပဲ မြင်ကျမှာပါ။ ဒါပေမဲ့လည်း

သူ့အရွယ်နဲ့ သူ့အချိန်ကာလာနဲ့ကရှိပြီးသားလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် အရွယ်ရောက်လာပြီဆိုတာကတော့

ပရိသတ်တွေဘက်က လက်ခံပေးဖို့လိုပါတယ် အဲ့အတွက်လည်း တောင်းဆိုပါတယ်ဗျ။

ပြဿနာတစ်ခုပါပဲ လောလောဆယ်ဖြေရှင်းရမယ့် ပြဿနာပေါ့ ဘဝမှာ ဖြေရှင်းရမယ့်ပြဿနာဆိုရင် ဒီတစ်ခုပေါ့

ဘယ်လိုပြောရမလဲ တစ်ခြားယောက်ျားလေးတစ်ယောက် ရုပ်ရှင်ရိုက်တယ် ကလေးမျက်နှာလေးပဲ သို့သော်ငြားလည်း

သူ့ကို ငယ်ငယ်တုန်းက မြင်ခဲ့ရတာမဟုတ်ဘူး ကြီးလာမှ မြင်ရတာလေ။ သူ့ကိုလူကြီးတစ်ယောက်အနေနဲ့

သတ်မှတ်လို့ရတယ်။ ကလေးမျက်နှာလေးနဲ့ ချစ်စရာလေး ဒီကောင်လေးကဆိုပြီး လူကြီးဆိုပြီးတော့

သတ်မှတ်လိုက်တယ်။ ကျွန်တော်ကျတော့ အဲ့လိုမဟုတ်ဘူး ငယ်ငယ်လေးကတည်းက မြင်လာတဲ့အတွက် ကလေးလိုပဲ

သေးသေးလေးကိုပဲ မြင်ခဲ့ရတာ ကျွန်တော့်မျက်နှာမြင်လိုက်ရင် ကလေးမျက်နှာလေးပဲ ပြေးမြင်နေကြတာဆိုတော့ ဒါက

နည်းနည်းတော့ ဖျောက်ဖို့ခက်တယ်။ လောလောဆယ် ဖြေရှင်းရမယ့်ပြဿနာဆိုရင်တော့ အဲ့တာပဲ

ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဒီအရွယ်ရောက်လာပြီဖြစ်တာကြောင့် ကြိုးစားနေရတာပါပဲ။”လို့

ပြောသွားခဲ့ပါတယ်။


Credit   \\   original

Recent Updates

Recent Posts Widget