အစာစားၿပီး သြားမတိုက္ဘဲ ညအိပ္ယာဝင္ရင္ ဘယ္လိုဆိုးက်ိဳးရွိသလဲ
ညအိပ္ယာမဝင္ခင္ သြားတိုက္သင့္တယ္ဆိုတာကုိ လူတိုင္းသိၾကေပမယ့္ လူတိုင္းလိုက္မလုပ္ၾကပါဘူး။
တစ္ေန႔တာလံုး ရုန္းကန္လႈပ္ရွားမႈေတြနဲ႔ ပင္ပန္းေနၿပီမို႔ ညဘက္မွာ သြားတိုက္ဖို႔ ေမ့ေနတတ္ၾကသလို၊ ညဘက္မွာ အစာစားၿပီး သြားမတိုက္ဘဲ အိပ္မိတဲ့ ေန႔ေတြလည္း အနည္းဆံုး တစ္ႀကိမ္တစ္ခါေတာ့ရွိဖူးၾကမွာပါ။
ညဘက္သြားမတိုက္ဘဲ အိပ္ယာဝင္တာဟာ သင့္ခံတြင္းအတြက္ ဆိုးက်ိဳးျဖစ္ေစပါတယ္။
ဘာလို႔သြားတိုက္သင့္သလဲ
သြားတိုက္ျခင္းဟာ အဓိကအားျဖင့္ သင့္ရဲ႕ သြားမ်က္နွာျပင္ကို သန္႔ရွင္းေရးလုပ္ေပးၿပီး၊ သြားေခ်းေတြ မျဖစ္ေပၚေအာင္ကာကြယ္ေပးပါတယ္။ သြားတိုက္ေဆးမွာ မိုက္ခရိုကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ဒ္ပါဝင္ရင္ေတာ့ သင့္ရဲ႕ သြားေတြကို ပိုၿပီးသန္မာေစၿပီး သြားပိုးေပါက္ျဖစ္ျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။
ထို႕အျပင္ သင့္ရဲ႕ သြားမ်က္ႏွာျပင္ေပၚမွာရွိတဲ့ ဘက္တီးရီးယားေတြကို ေလ်ာ့နည္းသြားေစပါတယ္။ သြားကို ၂ မိနစ္ေလာက္ အခ်ိန္ယူၿပီးတိုက္ေပးရင္ ပိုေကာငး္ပါတယ္။
သြားမတိုက္ဘဲအိပ္ယာဝင္ျခင္း၏ ဆိုးက်ိဳး
သြားမတိုက္ဘဲ အိပ္ယာဝင္ရင္ေတာ့ သြားေခ်းျဖစ္ေစတဲ့ ဘက္တီးရီးယားေတြျဖစ္ေပၚၿပီး အဲဒီဘက္တီးရီးယားေတြဟာ စားၾကြင္းစားက်န္မ်ားကို စားသံုးၿပီး အက္ဆစ္ဓာတ္ထုတ္ေပးပါတယ္။
အဲဒီအက္ဆစ္ဓာတ္ေတြက သင့္ရဲ႕ သြားေတြကို ဖ်က္ဆီးပစ္ၿပီး သြားပိုးေပါက္ေတြျဖစ္ေစသလို၊ သြားေခ်းေတြလည္းတက္လာေစပါတယ္။ ညဘက္မွာ ညစာ (သို႔) သေရစာစားၿပီး အိပ္ယာမဝင္ခင္ သြားမတိုက္ဘဲ မနက္မွ သြားတိုက္မယ္ဆိုရင္ေတာ့ ဘာမွထူးမွာမဟုတ္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ ဘက္တီးရီးယားေတြက သင့္ရဲ႕ သြားေတြကို စိတ္ႀကိဳက္ဖ်က္ဆီးၿပီး ျဖစ္ေနလို႔ပါ။
ညဘက္ဟာ သင့္ရဲ႕သြားေလးေတြ အနားယူၿပီး ျပန္ၿပီး တည္ေဆာက္ေနတဲ့အခ်ိန္မို႔ သင့္ရဲ႕ သြားေလးေတြအတြက္ေရာ ခံတြင္းက်န္းမာေရးအတြက္ေရာ သိပ္အေရးႀကီးပါတယ္။
ဒါ့ေၾကာင့္ ညအိပ္ယာမဝင္ခင္မွာ သြားကို ဆစ္ဂနယ္လိုမ်ိဳး ကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ဒ္ပါဝင္တဲ့ သြားတိုက္ေဆးနဲ႔ ပံုမွန္တိုက္ေပးသင့္ပါတယ္။
သင့္သြားက်န္းမာေရးအတြက္ ကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ဒ္ ပါဝင္တဲ့ သြားတိုက္ေဆးနဲ႔ မနက္တစ္ႀကိမ္ ၊ ညတစ္ႀကိမ္ ပံုမွန္တိုက္ေပးၿပီး သြားပိုးစားျခင္း၊ သြားေတြထိခိုက္ပ်က္စီးျခင္းကေန ကာကြယ္လိုက္ပါ။
Credit:My food myanmar
#Unicode Version# ျဖင့္ဖတ္ပါ ။
ညအိပ်ယာမဝင်ခင် သွားတိုက်သင့်တယ်ဆိုတာကို လူတိုင်းသိကြပေမယ့် လူတိုင်းလိုက်မလုပ်ကြပါဘူး။
တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားမှုတွေနဲ့ ပင်ပန်းနေပြီမို့ ညဘက်မှာ သွားတိုက်ဖို့ မေ့နေတတ်ကြသလို၊ ညဘက်မှာ အစာစားပြီး သွားမတိုက်ဘဲ အိပ်မိတဲ့ နေ့တွေလည်း အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ရှိဖူးကြမှာပါ။
ညဘက်သွားမတိုက်ဘဲ အိပ်ယာဝင်တာဟာ သင့်ခံတွင်းအတွက် ဆိုးကျိုးဖြစ်စေပါတယ်။
ဘာလို့သွားတိုက်သင့်သလဲ
သွားတိုက်ခြင်းဟာ အဓိကအားဖြင့် သင့်ရဲ့ သွားမျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပေးပြီး၊ သွားချေးတွေ မဖြစ်ပေါ်အောင်ကာကွယ်ပေးပါတယ်။ သွားတိုက်ဆေးမှာ မိုက်ခရိုကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်ရင်တော့ သင့်ရဲ့ သွားတွေကို ပိုပြီးသန်မာစေပြီး သွားပိုးပေါက်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
ထို့အပြင် သင့်ရဲ့ သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျော့နည်းသွားစေပါတယ်။ သွားကို ၂ မိနစ်လောက် အချိန်ယူပြီးတိုက်ပေးရင် ပိုကောင်းပါတယ်။
သွားမတိုက်ဘဲအိပ်ယာဝင်ခြင်း၏ ဆိုးကျိုး
သွားမတိုက်ဘဲ အိပ်ယာဝင်ရင်တော့ သွားချေးဖြစ်စေတဲ့ ဘက်တီးရီးယားတွေဖြစ်ပေါ်ပြီး အဲဒီဘက်တီးရီးယားတွေဟာ စားကြွင်းစားကျန်များကို စားသုံးပြီး အက်ဆစ်ဓာတ်ထုတ်ပေးပါတယ်။
အဲဒီအက်ဆစ်ဓာတ်တွေက သင့်ရဲ့ သွားတွေကို ဖျက်ဆီးပစ်ပြီး သွားပိုးပေါက်တွေဖြစ်စေသလို၊ သွားချေးတွေလည်းတက်လာစေပါတယ်။ ညဘက်မှာ ညစာ (သို့) သရေစာစားပြီး အိပ်ယာမဝင်ခင် သွားမတိုက်ဘဲ မနက်မှ သွားတိုက်မယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဘက်တီးရီးယားတွေက သင့်ရဲ့ သွားတွေကို စိတ်ကြိုက်ဖျက်ဆီးပြီး ဖြစ်နေလို့ပါ။
ညဘက်ဟာ သင့်ရဲ့သွားလေးတွေ အနားယူပြီး ပြန်ပြီး တည်ဆောက်နေတဲ့အချိန်မို့ သင့်ရဲ့ သွားလေးတွေအတွက်ရော ခံတွင်းကျန်းမာရေးအတွက်ရော သိပ်အရေးကြီးပါတယ်။
ဒါ့ကြောင့် ညအိပ်ယာမဝင်ခင်မှာ သွားကို ဆစ်ဂနယ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ ပုံမှန်တိုက်ပေးသင့်ပါတယ်။
သင့်သွားကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက်ဒ် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ၊ ညတစ်ကြိမ် ပုံမှန်တိုက်ပေးပြီး သွားပိုးစားခြင်း၊ သွားတွေထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်လိုက်ပါ။
Credit:My food myanmar


