႐ုပ္​႐ွင္​ၾကည္​့ရင္​း..ငိုတတ္​ၾကသူ​ေတြက… စိတ္​ဓာတ္​သန္​မာသူမ်ားျဖစ္​​





လူအ​ေတာ္​မ်ားမ်ားထင္​​ေတြးထားၾကတဲ့ အယူအဆအလြဲ တစ္​ခုက ႐ုပ္​႐ွင္​ၾကည္​့ရင္​းငိုတဲ့သူ​ေတြကို စိတ္​အားနည္​တယ္​၊ အားငယ္​လြယ္​တယ္​လို႔သတ္​မွတ္​ၿပီး အထင္​​ေသးလို၊ ​ေလွာင္​​ေျပာင္​လိုၾကတာပါပဲ။ သိပၸံပညာ႐ွင္​တစ္​ဦးျဖစ္​တဲ့ Paul J. Zak က​ေတာ့ ဒီအခ်က္​ကမွားယြင္​း​ေၾကာင္​း သက္​​ေသျပခဲ့ၿပီး သူရဲ႕​ေလ့လာမႈအရ ႐ုပ္​႐ွင္​ၾကည္​့ရင္​းငိုတတ္​ၾကသူ​ေတြက စာနာစိတ္​၊ နားလည္​စိတ္​ျပည္​့ဝၿပီး ​​ေန႔စဥ္​ဘဝကဘယ္​လိုစိန္​​ေခၚမႈကိုမဆို ​ေကာင္​း​ေကာင္​းရင္​ဆိုင္​ႏုိင္​ၾကတဲ့သူ​ေတြလို႔ သိ႐ွိရတာပါ။



၁။စိတ္​ကူးယဥ္​မွန္​းသိ​ေသာ္​ျငား

Zak က ​ေျပာဖူးတာ႐ွိပါတယ္​။ အသိစိတ္​အလိုအရ​ေျပာမယ္​ဆိုရင္​ ႐ုပ္​႐ွင္​ထဲကအျဖစ္​အပ်က္​​ေတြဆိုတာ အျပင္​မွာတကယ္​ျဖစ္​​ေနတာမဟုတ္​​ေပမယ္​့ သူတို႔ရင္​ထဲကစာနာနားလည္​မႈျဖစ္​​ေပၚလာတဲ့ ခံစားခ်က္​ကုိ​ေ႐ွာင္​လႊဲလို႔မရၾကပါဘူး။ ဒါ​ေၾကာင္​့စိတ္​ျပင္းျပ​ထိခိုက္​စရာ ဇာတ္​ဝင္​ခန္​း​ေတြမွာ ငို​ေလ့ရွိျကတာျဖစ္​ပါတယ္​။



၂။Oxytocin ​ေအာက္​ဆီတိုစင္​​ေဟာ္​မုန္​း

ရင္​ထဲထိရတဲ့ ႐ုပ္​႐ွင္​ကား​ေတြၾကည္​့ၾကတဲ့အခါ လူမွာထြက္​႐ွိလာတဲ့​ေအာက္​ဆီတိုစင္​ေဟာ္​မုန္​းက လူလူခ်င္​းစာနာစိတ္​ကို ျပင္​းျပင္​းျပျပျဖစ္​​ေပၚ​ေစၿပီး ​ေလာကရဲ႕ျဖစ္​ပ်က္​မႈ​ေတြကို ပိုၿပီးလက္​ခံသ​ေဘာ​ေပါက္​လြယ္​လာၿပီး ပိုၿပီး​ေပ်ာ္​ရႊင္​ၿငိမ္​းခ်မ္​းမႈကိုရ​ေစတာပါတဲ့။

၃။



လူ​ေ႐ွ႕သူ​ေ႐ွ႕မွာ ႐ုပ္​႐ွင္​ၾကည္​့ရင္​းငိုၾကတဲ့သူ​ေတြက ငိုရမွာ႐ွက္​လို႔ မ်က္​ရည္​​ေတြကိုမ်ိဳသိပ္​ထားတတ္​တဲ့သူ​ေတြထက္​ စိတ္​ပိုင္​းဆိုင္​ရာမာ​ေက်ာၾကပါတယ္​။ လူ​ေတြရဲ႕အျမင္​ကိုဂ႐ုမစိုက္​တတ္​ဘဲ ကိုယ္​့ရဲ႕အားနည္​းမႈ​ေတြပဲျဖစ္​​ေနပါ​ေစ ရဲရဲရင္​့ရင္​့ ​ေဖာ္​ျပရဲၾကလို႔ပါပဲ။



၄။မ်က္​ရည္​စက္​​ေတြရဲ႕ အစြမ္​းသတၱိ

မ်က္ ​ရည္​ က်လို က္​တ​ဲ့ အခါ လူမွာစိတ္​ပိုင္​းဆိုင္ရာသက္​သာရာရမႈကို ႐႐ွိခံစားလိုက္​ၾကရပါတယ္​။ ဒါဟာ မ်က္​ရည္​စက္​​ေတြရဲ႕ အစြမ္​းသတၱိ ပါပဲ။ ငို​ေႂကြးမိတဲ့ မ်က္​ရည္​စက္​​ေတြက​ေနတစ္​ဆင္​့ လူ​ေတြနဲ႔စိတ္​ခ်င္​းအဆက္​အသြယ္​ပိုခိုင္​မာလာတာပါပဲ။



၅။​ခံ စား မႈ​ေတြက​ေန ​ေ႐ွာင္​မ​ေျပးတတ္​ၾကသူ

သူ တို႔ က စိတ္​ခံစားမႈ တစ္​ခုျဖစ္​​ေပၚလာရင္​ ​ေ႐ွာင္​​ေျပး​ဖို႔ထက္​ ဒီခံစားမႈက​ို အ႐ွိကိုအ႐ွိအတိုင္​းျမင္​ၾကၿပီး ကိုယ္​့မွာျဖစ္​သမ်ွကိုသိ​ေအာင္​ႀကိဳးစားၾကပါတယ္​။ ဒါ​ေၾကာင္​့ ခံစားမႈကိုမျပတဲ့သူ​ေတြထက္​ စိတ္​တည္​ၿငိမ္​မႈကို ပိုရၾကတာပါပဲ။

၆​။ဘ ဝ ကို အျပည္​့ဝဆံုး ​ေတြ႕ၾကံဳ႐ွင္​သန္​ၾကတယ္



သူ တို႔ က ​လူ​ေတြအ​ေပၚပိုၿပီးယံုၾကည္​စိတ္​ခ်မႈထားတတ္​ၾကတယ္​​။ ဒါကလဲ ​ေအာက္​ဆီတိုစင္​ရဲ႕အစြမ္​းပါပဲ။ ဒီ​ေဟာ္​မုန္​းက လူ​ေတြၾကားမွာအျပန္​အလွန္​ယံုၾကည္​နားလည္​မႈကို ခိုင္​မာစြာျဖစ္​​ေပၚ​ေစတာပါ။ ကိုယ္​့အနီးအနား ပတ္​ဝန္​းက်င္​က​လူ​ေတြရဲ႕တန္​ဖိုးကို အသိအမွတ္​ျပဳတတ္​ၾကႀကီး ခ်ီးက်ဴးတတ္​ၾကပါတယ္​။

ZAW (H2H)

Credit  \\  original

Unicode version
လူအတော်များများထင်တွေးထားကြတဲ့ အယူအဆအလွဲ တစ်ခုက ရုပ်ရှင်ကြည့်ရင်းငိုတဲ့သူတွေကို စိတ်အားနည်တယ်၊ အားငယ်လွယ်တယ်လို့သတ်မှတ်ပြီး အထင်သေးလို၊ လှောင်ပြောင်လိုကြတာပါပဲ။ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Paul J. Zak ကတော့ ဒီအချက်ကမှားယွင်းကြောင်း သက်သေပြခဲ့ပြီး သူရဲ့လေ့လာမှုအရ ရုပ်ရှင်ကြည့်ရင်းငိုတတ်ကြသူတွေက စာနာစိတ်၊ နားလည်စိတ်ပြည့်ဝပြီး နေ့စဉ်ဘဝကဘယ်လိုစိန်ခေါ်မှုကိုမဆို ကောင်းကောင်းရင်ဆိုင်နိုင်ကြတဲ့သူတွေလို့ သိရှိရတာပါ။

၁။စိတ်ကူးယဉ်မှန်းသိသော်ငြား

Zak က ပြောဖူးတာရှိပါတယ်။ အသိစိတ်အလိုအရပြောမယ်ဆိုရင် ရုပ်ရှင်ထဲကအဖြစ်အပျက်တွေဆိုတာ အပြင်မှာတကယ်ဖြစ်နေတာမဟုတ်ပေမယ့် သူတို့ရင်ထဲကစာနာနားလည်မှုဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုရှောင်လွှဲလို့မရကြပါဘူး။ ဒါကြောင့်စိတ်ပြင်းပြထိခိုက်စရာ ဇာတ်ဝင်ခန်းတွေမှာ ငိုလေ့ရှိကြတာဖြစ်ပါတယ်။
၂။Oxytocin အောက်ဆီတိုစင်ဟော်မုန်း

ရင်ထဲထိရတဲ့ ရုပ်ရှင်ကားတွေကြည့်ကြတဲ့အခါ လူမှာထွက်ရှိလာတဲ့အောက်ဆီတိုစင်ဟော်မုန်းက လူလူချင်းစာနာစိတ်ကို ပြင်းပြင်းပြပြဖြစ်ပေါ်စေပြီး လောကရဲ့ဖြစ်ပျက်မှုတွေကို ပိုပြီးလက်ခံသဘောပေါက်လွယ်လာပြီး ပိုပြီးပျော်ရွှင်ငြိမ်းချမ်းမှုကိုရစေတာပါတဲ့။

၃။

လူရှေ့သူရှေ့မှာ ရုပ်ရှင်ကြည့်ရင်းငိုကြတဲ့သူတွေက ငိုရမှာရှက်လို့ မျက်ရည်တွေကိုမျိုသိပ်ထားတတ်တဲ့သူတွေထက် စိတ်ပိုင်းဆိုင်ရာမာကျောကြပါတယ်။ လူတွေရဲ့အမြင်ကိုဂရုမစိုက်တတ်ဘဲ ကိုယ့်ရဲ့အားနည်းမှုတွေပဲဖြစ်နေပါစေ ရဲရဲရင့်ရင့် ဖော်ပြရဲကြလို့ပါပဲ။

၄။မျက်ရည်စက်တွေရဲ့ အစွမ်းသတ္တိ

မျက် ရည် ကျလို က်တဲ့ အခါ လူမှာစိတ်ပိုင်းဆိုင်ရာသက်သာရာရမှုကို ရရှိခံစားလိုက်ကြရပါတယ်။ ဒါဟာ မျက်ရည်စက်တွေရဲ့ အစွမ်းသတ္တိ ပါပဲ။ ငိုကြွေးမိတဲ့ မျက်ရည်စက်တွေကနေတစ်ဆင့် လူတွေနဲ့စိတ်ချင်းအဆက်အသွယ်ပိုခိုင်မာလာတာပါပဲ။
၅။ခံ စား မှုတွေကနေ ရှောင်မပြေးတတ်ကြသူ

သူ တို့ က စိတ်ခံစားမှု တစ်ခုဖြစ်ပေါ်လာရင် ရှောင်ပြေးဖို့ထက် ဒီခံစားမှုကို အရှိကိုအရှိအတိုင်းမြင်ကြပြီး ကိုယ့်မှာဖြစ်သမျှကိုသိအောင်ကြိုးစားကြပါတယ်။ ဒါကြောင့် ခံစားမှုကိုမပြတဲ့သူတွေထက် စိတ်တည်ငြိမ်မှုကို ပိုရကြတာပါပဲ။

၆။ဘ ဝ ကို အပြည့်ဝဆုံး တွေ့ကြုံရှင်သန်ကြတယ်
သူ တို့ က လူတွေအပေါ်ပိုပြီးယုံကြည်စိတ်ချမှုထားတတ်ကြတယ်။ ဒါကလဲ အောက်ဆီတိုစင်ရဲ့အစွမ်းပါပဲ။ ဒီဟော်မုန်းက လူတွေကြားမှာအပြန်အလှန်ယုံကြည်နားလည်မှုကို ခိုင်မာစွာဖြစ်ပေါ်စေတာပါ။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်ကလူတွေရဲ့တန်ဖိုးကို အသိအမှတ်ပြုတတ်ကြကြီး ချီးကျူးတတ်ကြပါတယ်။

ZAW (H2H)

Credit  \\  original

Recent Updates

Recent Posts Widget