(၁၀)တန်းစာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ ပိုးကြာဖြူခင်ရဲ့မောင်လေး
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်က အနုပညာလုပ်ငန်းတွေကို အားတက်သရောလုပ်ကိုင်ရင်း သူမရဲ့ မိသားစုလေးကို စောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ပိုးကြာဖြူခင်ကို ချစ်ကြသလို သူမရဲ့ မိသားစုလေးကိုလည်း ထပ်တူချစ်ခင်ကြပါတယ်။
ပိုးကြာဖြူခင်ရဲ့ မောင်လေးက (၂၀၁၉) ခုနှစ်မှာ ၁၀ တန်း စာမေးပွဲကို ဖြေဆိုထားတာပဲ ဖြစ်ပါတယ်။ မနေ့ကညက ၁၀တန်း အောင်စာရင်း ထွက်ချိန်မှာတော့ ပိုးကြာဖြူခင်ရဲ့ မောင်လေး အုပ်မှူးမြတ်က ထူးချွန်စွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
ပိုးကြာဖြူခင်က သူမရဲ့မောင်လေးအတွက် “Congratulations my Oak 💎 ဆယ်တန်းအောင်သွားပါပြီ 🌝” ဆိုပြီး ဝမ်းသာစကား ပြောထားတာ တွေ့ရပါတယ်။
ပရိသတ်တွေကလည်း ပိုးကြာဖြူခင်ရဲ့ မောင်လေးအတွက် ဂုဏ်ယူဝမ်းသာကြောင်း ပြောထားတာတွေကိုလည်း တွေ့ရပါတယ်။
ပိုးကြာဖြူခင်လည်း သူမရဲ့မောင်လေးအတွက် တော်တော်လေးဝမ်းသာနေမှာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source:Poe Kyar Phyu Khin’s fb
Credit \ original





