ဂျပန်မှာ ရေပန်းစားနေတဲ့ “Hands-Free Bubble Tea Challenge”





ဂျပန်နိုင်ငံက အွန်လိုင်းအသုံးပြုသူတွေ ကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ အရာလေး တစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ “Hands-Free Bubble Tea

Challenge” ပါ။ Challenge တွေကတော့ အများကြီး ထွက်ပေါ် ခဲ့ဖူး ပါတယ်။ အဲ့ဒီ Challenge တွေ မှာ ဟိုတစ်ယောက် ဒီတစ်ယောက် ပါဝင်လာရင်းကနေ နောက်ပိုင်းမှာတော့ အွန်လိုင်းအသုံး ပြု တွေ ကြားမှာ အရမ်း

ကို ရေပန်းစားလာပြီး တစ်ကမ္ဘာလုံးအထိ ပါ ပျံ့နှံ့သွားတဲ့ Challenge တွေလည်း ရှိပါတယ်။ အခု “Hands-Free Bubble Tea Challenge” ဟာဆိုရင်လည်း အခုဆိုရင် တခြားနိုင်ငံတွေကိုပါ တဖြည်းဖြည်း ပျံ့ လာနေပါပြီ။ ဒီအကြောင်းကိုတော့ Asiaone အွန်လိုင်းမီဒီယာမှာ ဖော်ပြထားတာပါ။


“Hands-Free Bubble Tea Challenge” ကတော့ ပစ္စည်းရှိလူတန်းစားတွေ အတွက် ထွက်ပေါ်လာတဲ့ သီးသန့် Challenge လို့ တောင် ပြောလို့ရပါတယ်။

ဘာလို့လဲ ဆိုရင်တော့ Bubble Tea ခွက်ကို လက်နဲ့ လုံးဝ မကိုင်ပဲ ရင် ဘတ် ကြားမှာ ညှပ်ထားရတာမို့ပါ။ဒီ Challenge မှာ ပါဝင်သူ အများစုကတော့ မိန်းကလေးတွေပါ။ ယောက်ျားလေး တစ်ချို့ လည်း ပါဝင် ကြတာကိုေ တွ့ရပါတယ်။ အွန်လိုင်းအသုံးပြုသူတွေက

hashtag ‘hands-free tapioca’ ဆို ပြီး အွန်လိုင်းပေါ်မှာ တင်ကြတာပါ။ ဂျပန်က manga-artist တစ်ယောက်ဖြစ်တဲ့ Kiseki Himura က သူ့ရဲ့ ဇာတ်ကောင်က ရင်ဘတ် ကြားမှာ bubble tea ခွက်ကို ညှပ်ထားတဲ့ ပုံကို ဆွဲ ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အရမ်းကို ရေပန်းစားလာတာပါ။


ဇွန် (၇)ရက်နေ့တုန်းက မော်ဒယ် တစ်ယောက်က သူ့ရဲ့ တွစ်တာမှာ ဗီဒီယိုဖိုင် တင်ခဲ့ပါတယ်။ Bubble Tea ခွက်ကို ရင်မှာညှပ်လို့ အေးဆေး Lap top သုံးနေတဲ့ ဗီဒီယိုဖိုင်ပါ။ အဲ့ဒီဗီဒီယိုဖိုင်ကို အားပေးကြမ်းခဲ့ပြီး ကြည့်တဲ့ သူ (၁.၈) သန်း တောင်မှ ရှိခဲ့ပါတယ်။




အမျိုးသမီးမော်ဒယ်ရဲ့ ဗီဒီယိုဖိုင်ကို ဟာသလုပ်ပြီး Shun ဆိုတဲ့ အမျိုးသားကလည်း Bubble Tea ကို ရင်မှာ ညှပ်တဲ့ ပုံကို အားကျမခံတင်ခဲ့ပါတယ်။




အခုဆိုရင်တော့ ဒီ challenge ဟာ ထိုင်ဝမ်နဲ့ ထိုင်းက အွန်လိုင်းအသုံးပြုသူတွေ ကြားမှာပါ အရမ်း ရေပန်းစား နေပါပြီ။

#SHWEMOM

Credit  \\  original

Recent Updates

Recent Posts Widget