MMA ျပိဳင္ပြဲ မွာ အင္ဒုိနီးရွားဖိုက္တာကို အလဲထိုးအနိုင္ယူလိုက္တဲ့ ဖိုးေသာ္..
ပထမဆုံးျပည္ပထြက္ ယွဥ္ၿပိဳင္သည့္ MMA ၿပိဳင္ပြဲ၌ ဖိုးေသာ္က အင္ဒိုနီးရွားဖိုက္တာကို အလဲထိုး အႏိုင္ရရွိ
========================================================================
တ႐ုတ္ႏိုင္ငံ၊ ႐ွန္ဟိုင္းၿမိဳ႕တြင္ ယေန႔(ဇြန္လ ၁၅ရက္)၌ က်င္းပေနသည့္ ”ONE း Legendary Quest ” ကိုယ္ခံပညာသိုင္းေပါင္းစုံ ( MMA )ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံကိုယ္စားျပဳ MMA ဖိုက္တာ ဖိုးေသာ္က အင္ဒိုနီး႐ွား ဖိုက္တာ ဗစ္တိုရီယို ဆင္ဒက္ကို အလဲထိုးျဖင့္ အႏိုင္ရရွိခဲ့သည္။
အဆိုပါပြဲစဥ္သည္ ဖိုးေသာ္၏ ပထမဆုံးေသာ ျပည္ပတြင္ထြက္ကစားသည့္ MMA ပြဲစဥ္ျဖစ္ၿပီး ဖိုးေသာ္က အင္ဒိုနီး႐ွားဖိုက္တာ ဗစ္တိုရီယိုဆင္ဒက္ကို လက္သီးမ်ား၊ ေျခကန္ခ်က္မ်ား ၊ အခ်ဳပ္ကြက္မ်ားျဖင့္ အသားစီးထိုးသတ္သြားခဲ့ကာ ပထမအခ်ီတြင္ ညာလက္သီးခ်က္ျဖင့္ အလဲထိုးအႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။
ထိုႏိုင္ပြဲေၾကာင့္ ဖိုးေသာ္သည္ MMA ၿပိဳင္ပြဲ၉ပြဲ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ၌ ၁ပြဲရႈံး၊ ၈ပြဲႏိုင္ ရလဒ္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့ၿပီး ျဖစ္သည္။
ဖိုးေသာ္သည္ ယခင္ MMA ၈ပြဲကို ျမန္မာႏိုင္ငံတြင္သာထိုးသတ္ခဲ့ၿပီး ယခုေနာက္ဆုံးပြဲမွ ပထမဆုံးအႀကိမ္ ျပည္ပ၌ထြက္ကစားျခင္း လည္းျဖစ္သည္။
မိုင္းေစာလြင္
Credit \\ original
Unicode Version
ပထမဆုံးပြည်ပထွက် ယှဉ်ပြိုင်သည့် MMA ပြိုင်ပွဲ၌ ဖိုးသော်က အင်ဒိုနီးရှားဖိုက်တာကို အလဲထိုး အနိုင်ရရှိ
========================================================================
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ယနေ့(ဇွန်လ ၁၅ရက်)၌ ကျင်းပနေသည့် ”ONE း Legendary Quest ” ကိုယ်ခံပညာသိုင်းပေါင်းစုံ ( MMA )ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု MMA ဖိုက်တာ ဖိုးသော်က အင်ဒိုနီးရှား ဖိုက်တာ ဗစ်တိုရီယို ဆင်ဒက်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါပွဲစဉ်သည် ဖိုးသော်၏ ပထမဆုံးသော ပြည်ပတွင်ထွက်ကစားသည့် MMA ပွဲစဉ်ဖြစ်ပြီး ဖိုးသော်က အင်ဒိုနီးရှားဖိုက်တာ ဗစ်တိုရီယိုဆင်ဒက်ကို လက်သီးများ၊ ခြေကန်ချက်များ ၊ အချုပ်ကွက်များဖြင့် အသားစီးထိုးသတ်သွားခဲ့ကာ ပထမအချီတွင် ညာလက်သီးချက်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုနိုင်ပွဲကြောင့် ဖိုးသော်သည် MMA ပြိုင်ပွဲ၉ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ၌ ၁ပွဲရှုံး၊ ၈ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီး ဖြစ်သည်။
ဖိုးသော်သည် ယခင် MMA ၈ပွဲကို မြန်မာနိုင်ငံတွင်သာထိုးသတ်ခဲ့ပြီး ယခုနောက်ဆုံးပွဲမှ ပထမဆုံးအကြိမ် ပြည်ပ၌ထွက်ကစားခြင်း လည်းဖြစ်သည်။
မိုင်းစောလွင်
Credit \\ original