” အမ်ားအတြက္တစ္ခုခုလုပ္ေပးမယ္ဆုိတဲ့ ဆႏၵေလးကိုေျပာျပတဲ႔ (Novem Htoo).”
သီခ်င္းေတြကုိ အဓိကထား သီဆုိျပဳိင္ပြဲဝင္ေနၿပီး Winner ျဖစ္ဖုိ႔ ေရပန္းအစားဆုံးျဖစ္ေနတဲ့ ႏုိဗန္ထူးကေတာ့ သူ႔အေနနဲ႔
အခုသူလုပ္ေနတာေတြက တစ္ေယာက္တည္းအတြက္ လုပ္ေနတာ မဟုတ္ဘဲ အမ်ားအတြက္ တစ္ခုခု လုပ္ေပးမွာပါဆုိၿပီး
Cele gabar နဲ႔ အင္တာဗ်ဴးမွာေျပာသြားခဲ့ပါတယ္။
ႏုိဗန္ထူး “ေပ်ာ္ပါတယ္ ကြၽန္ေတာ္ ျဖစ္ခ်င္တာေလးတစ္ခု ျဖစ္လညေတာ့မလား မသိဘူးေပါ့။ ကြၽန္ေတာ္ခ်ျပခ်င္တဲ့ Music
ေခြတစ္ေခြ႐ွိတာတုိ႔ က်န္တဲ့ ကြၽန္ေတာ့္ရဲ႕ အိမ္မက္ေလးေတြ ႐ွိတာေပါ့။ ႐ႈိးကိစၥတုိ႔ လူငယ္ေတြကုိ ျပန္ၿပီးေတာ့
ေျမေတာင္ေျမႇာက္ေပးတာတုိ႔ ကြၽန္ေတာ္ ဘာေကာင္မွေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္တတ္ႏုိင္သေလာက္ေလ
ျပန္ဆြဲေခၚတာေတြကုိ လုပ္ႏုိင္ေတာ့မယ္လုိ႔ ထင္ပါတယ္။ ကုိက်ားနဲ႔ပဲ တုိင္ပင္ၿပီးေတာ့ ကုိက်ားသီခ်င္းလည္း ျဖစ္တယ္။
တာဝန္ကေတာ့ ႀကီးတာေပါ့ ေရြးထဲကုိကအႀကီးကုိ ေရြးတာဆုိေတာ့ တာဝန္ႀကီးက ဟတ္ပလုပ္ႀကီး ျဖစ္ေနတယ္။
အရမ္းႀကီးေတြ လုပ္ေနရတာေပါ့ေနာ္။ ကြၽန္ေတာ့္မွာ စာသားက နည္းတယ္ လြယ္မယ္လုိ႔ ထင္ရေပမယ့္ အရမ္းေရာတာ
သီခ်င္းစတုိင္က အမ်ားႀကီးေတာ့ လုပ္ရတာေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။
ဆက္လက္ၿပီးေတာ့လည္း “ကြၽန္ေတာ္ရပ္တည္တဲ့ဟာပုိ အားေပးၾကတယ္လုိ႔ေတာ့ ခံစားရတယ္ေပါ့ေနာ္ ဆက္ၿပီးေတာ့လည္း
အားေပးၾကပါေပါ့ေနာ္။ ၿပီးေတာ့ ကြၽန္ေတာ္အေကာင္းဆုံး ၾကဳိးစားေနပါတယ္။ ကြၽန္ေတာ္က်ိန္ရဲတာတစ္ခုေတာ့ ႐ွိပါတယ္။
ကြၽန္ေတာ္ ဒါကြၽန္ေတာ့္တစ္ကုိယ္စာအတြက္ လုပ္တာမဟုတ္ဘူးဆုိတာကုိေတာ့ အာမခံပါတယ္။
အမ်ားအတြက္တစ္ခုခုလုပ္ေပးမယ္ဆုိတဲ့ ဆႏၵေလးတစ္ခု႐ွိပါတယ္ အဲ့တာကုိေတာ့ ယုံေပးၾကပါ။
အားေပးေနၾကတဲ့အတြက္လည္း အတုိင္းမသိဝမ္းသာပါတယ္။ ေနာက္လည္း ဆက္ၿပီးေတာ့ အားေပးၾကရင္
ေကာင္းတယ္ေပါ့ေနာ္။ ကြၽန္ေတာ္ အားလုံးကုိ သိေအာင္ေျပာရမွာ ကြၽန္ေတာ္ မ်က္လုံးမႈန္တဲ့ ကိစၥ ကြၽန္ေတာ့္ကုိေလ
လာႏႈတ္ဆက္လုိ႔ရပါတယ္။ ကြၽန္ေတာ္က အေဝးကန္းေနတာသိလား မ်က္မွန္ကလည္း ဘယ္ေတာ့မွ မတပ္ဘူး ပဲကလည္း
မ်ားခ်င္ေတာ့ ဆံပင္အ႐ွည္ႀကီးနဲ႔ ကြၽန္ေတာ္ကန္းပါတယ္။ အဲ့ေတာ့ ေခၚၾကပါ ရပါတယ္”လုိ႔ ေျပာသြားခဲ့ပါတယ္။
Credit \\ original
Unicodeျဖင့္ဖတ္ရန္
The Voice Myanmar Season Two မှာ ပရိသတ်တွေရဲ့ အားပေးလက်ခံချင်းကို အပြည့်အဝ ရရှိနေပြီး Metal
သီချင်းတွေကို အဓိကထား သီဆိုပြိုင်ပွဲဝင်နေပြီး Winner ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ နိုဗန်ထူးကတော့ သူ့အနေနဲ့
အခုသူလုပ်နေတာတွေက တစ်ယောက်တည်းအတွက် လုပ်နေတာ မဟုတ်ဘဲ အများအတွက် တစ်ခုခု လုပ်ပေးမှာပါဆိုပြီး
Cele gabar နဲ့ အင်တာဗျူးမှာပြောသွားခဲ့ပါတယ်။
နိုဗန်ထူး “ပျော်ပါတယ် ကျွန်တော် ဖြစ်ချင်တာလေးတစ်ခု ဖြစ်လညတော့မလား မသိဘူးပေါ့။ ကျွန်တော်ချပြချင်တဲ့ Music
ခွေတစ်ခွေရှိတာတို့ ကျန်တဲ့ ကျွန်တော့်ရဲ့ အိမ်မက်လေးတွေ ရှိတာပေါ့။ ရှိုးကိစ္စတို့ လူငယ်တွေကို ပြန်ပြီးတော့
မြေတောင်မြှောက်ပေးတာတို့ ကျွန်တော် ဘာကောင်မှတော့ မဟုတ်ပါဘူး။ ကျွန်တော်တတ်နိုင်သလောက်လေ
ပြန်ဆွဲခေါ်တာတွေကို လုပ်နိုင်တော့မယ်လို့ ထင်ပါတယ်။ ကိုကျားနဲ့ပဲ တိုင်ပင်ပြီးတော့ ကိုကျားသီချင်းလည်း ဖြစ်တယ်။
တာဝန်ကတော့ ကြီးတာပေါ့ ရွေးထဲကိုကအကြီးကို ရွေးတာဆိုတော့ တာဝန်ကြီးက ဟတ်ပလုပ်ကြီး ဖြစ်နေတယ်။
အရမ်းကြီးတွေ လုပ်နေရတာပေါ့နော်။ ကျွန်တော့်မှာ စာသားက နည်းတယ် လွယ်မယ်လို့ ထင်ရပေမယ့် အရမ်းရောတာ
သီချင်းစတိုင်က အများကြီးတော့ လုပ်ရတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း “ကျွန်တော်ရပ်တည်တဲ့ဟာပို အားပေးကြတယ်လို့တော့ ခံစားရတယ်ပေါ့နော်
ဆက်ပြီးတော့လည်း အားပေးကြပါပေါ့နော်။ ပြီးတော့ ကျွန်တော်အကောင်းဆုံး ကြိုးစားနေပါတယ်။
ကျွန်တော်ကျိန်ရဲတာတစ်ခုတော့ ရှိပါတယ်။ ကျွန်တော် ဒါကျွန်တော့်တစ်ကိုယ်စာအတွက်
လုပ်တာမဟုတ်ဘူးဆိုတာကိုတော့ အာမခံပါတယ်။ အများအတွက်တစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ ဆန္ဒလေးတစ်ခုရှိပါတယ်
အဲ့တာကိုတော့ ယုံပေးကြပါ။ အားပေးနေကြတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာပါတယ်။ နောက်လည်း ဆက်ပြီးတော့
အားပေးကြရင် ကောင်းတယ်ပေါ့နော်။ ကျွန်တော် အားလုံးကို သိအောင်ပြောရမှာ ကျွန်တော် မျက်လုံးမှုန်တဲ့ ကိစ္စ
ကျွန်တော့်ကိုလေ လာနှုတ်ဆက်လို့ရပါတယ်။ ကျွန်တော်က အဝေးကန်းနေတာသိလား မျက်မှန်ကလည်း
ဘယ်တော့မှ မတပ်ဘူး ပဲကလည်း များချင်တော့ ဆံပင်အရှည်ကြီးနဲ့ ကျွန်တော်ကန်းပါတယ်။ အဲ့တော့ ခေါ်ကြပါ
ရပါတယ်”လို့ ပြောသွားခဲ့ပါတယ်။
Credit \\ original