သိန်း ၅ ထောင်တန်အိမ်ဝယ်ပြီးနောက် ပြိုင်ကားဝယ်စီးဦးမယ်ဆိုတဲ့ ပိုပို
ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပို ကတော့ သိန်းငါးထောင် တန်အိမ်ကြီးနဲ့ စတူဒီယို ကိုပေါင်းပြီး အိမ်တက်နဲ့စတူဒီယို ဖွင့်ပွဲလုပ်လိုက်ပါပြီ ။ အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ အဲ့ဒီနေ့က 8Days ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။
ပိုပိုက “ တော်ပြီ ပိုပိုကတော့လေ အရမ်းတွေပိုနေတယ် ဆိုရင်တော့ ဝယ်ဖြစ်ရင် ဝယ်ဖြစ်နိုင်တယ်ပေါ့နော် ။ ဒါပေမယ့် လောလာဆယ်မှာတော့ ငါနောက်ထပ်အိမ်တွေ ဘယ်နှအိမ်ပိုင်ရမယ် ဘာတွေမရှိဘူးပေါ့ ။ ဒါပေမယ့် ကားလေး တော့ထပ် ဝယ်ချင်တယ် ပိုပိုက ပြိုင်ကားငယ်ငယ်လေးကတည်းက ကြိုက်တယ် ။ ပြိုင်ကားစီးရတာကြိုက်တယ် တခြားကားတော့ စီးရတာ ဝါသနာမပါဘူး ။ ပြိုင်ကားဝယ်ဖို့တော့ ရှိတယ် ပိုက်ဆံစုမယ်ပေါ့နော် ။ အဲ့ဒါကတော့ နောက်ထပ် နှစ်နှစ်လောက်မှပါ။ အခုတော့ မဝယ်နိုင်သေးပါဘူး ။ နောက်ပြီးတော့ ကြားထဲမှာတော့ ဒီရတဲ့ ပိုက်ဆံတွေကို သာသနာပြုဖို့ ပိုပြီးတော့ အားထည့်ပါ့မယ် ။ ဘာသာရေးတွေ ၊ သာသနာရေးတွေ ကို ကိုယ်တတ်နိုင်သလောက် လုပ်ပေးဖို့ စိတ်ကူးရှိပါတယ် ။
ကိုယ့်မှာလည်း အိမ်၊ကား အောင်မြင်မှုတစ်ခုနဲ့ စီးပွားရေးလည်း အခုဆိုရင် Studio ပေါ့ စတူဒီယို တစ်ခုလည်းလုပ်ရင်းနဲ့ ပြည့်စုံပြီပေါ့ ။ ပြည့်စုံပြီးတော့ (စဉ်းစားလျက်) တကယ်လိုအပ်ချက်တွေရှိတဲ့ နေရာတွေ ကျောင်းတွေပေါ့နော် ။ စာသင်ကျောင်းတွေ တကယ်လိုအပ်နေတဲ့ နေရာတွေအကုန်လုံးကို ရေတွင်း ရေကန်ကအစ သာသနာပြုဖို့ အစီစဉ်လည်းရှိပါတယ် ။”ဆိုပြီး သူရဲ့ ရည်မှန်းချက် တချို့ကိုပြောပြသွားပါတယ်။
ဆက်လက်ပြီးတော့လည်း သိန်းငါးထောင် တန်အိမ်ဆောက်တဲ့အပေါ်ကဝေဖန်ခံခဲ့ရတဲ့အပေါ်သူ့သဘောထားတွေကို “ ပိုပိုဘယ်လောက်ဖြူစင်လဲဆိုတာ ပိုပိုသိပါတယ် ။ ဒီကြားထဲမှာ ဘယ်သူ့အားကိုးနဲ့မှလည်းရခဲ့တာ မဟုတ်ဘူး ကိုယ့်အားကိုယ်ကိုးပြီးတော့ ရပ်တည်တယ် ကိုယ့်အားကိုယ်ကိုး ပြီးတော့ ဒီလိုဖြစ်လာတယ် ဆိုတော့ လူတွေကတော့လေ စိတ်ဝင်စားတယ် ၊ စပ်စုတယ် ။ ပိုပို ဘာလို့အဲ့လိုဖြစ်သွားတာ လဲ နေ့ချင်းညချင်း ဖြစ်သွားတာမှမဟုတ်တာ ပိုပိုစပြီးတော့ ချစ်ဖူးခဲ့သမျှထွက်တာပဲ ဘယ်နှနှစ်ရှိပြီလဲ ၇နှစ်လောက်ရှိပြီလေ ။ ပိုပိုက ၂၀၁၂ခုနှစ်မှာ ချစ်ဖူးခဲ့သမျှ စထွက်တာလေ ၇ နှစ်တောင် ရှိနေပြီဆိုတော့ ဒီကာလအတွင်းမှာ ဒီလောက်ကတော့ ရှိရမှာပေါ့ ။
ပိုပို ပိုက်ဆံလည်းအရမ်းစုတာတော့ ပါပါတယ် ။ လူတွေရဲ့ အထင်တွေကို လိုက်တွက်နေမယ်ဆိုရင်တော့ ပြီးမှာမဟုတ်ဘူး ။ စာသားလေးတစ်ခုတော့ ပိုပိုသဘောကျလို့ပါ လူတွေက သူတို့မဟုတ်တာ လုပ်ရင် သူများကိုလည်း သူတို့မဟုတ်တာ လုပ်တယ် ထင်တယ်နော် အဲ့ဒီလိုမျိုးထင်တတ်ကြတယ် ။ အဲ့ဒီလိုပါပဲ ပိုပိုကို အဲ့ဒီလိုမျိုး ရိုးရိုးသားသားနဲ့ချမ်းသာတာ မဟုတ်ဘူးလို့ထင်တဲ့သူတွေကလည်း သူတို့မရိုးသားလို့ပေါ့နော် ကိုယ့်စိတ်နဲ့နှိုင်းရင်တော့ ဒီလိုပဲဖြစ်မှာပါ ။”ဆိုပြီး တုန့်ပြန်စကားဆိုသွားပါတယ် ။
Credit \\ original



