မင်းသားဖြစ်ခါစ ငယ်ရွယ်နုပျိုတုန်းက ပုံရိပ်တွေကို ချပြလိုက်တဲ့ နေမင်း
ဒီနေ့အချိန်အထိ ပရိသတ်တွေကြိုက်နှစ်သက်တဲ့ မင်းသားတစ်ဦးအဖြစ် ရပ်တည်နေနိုင်တဲ့ မင်းသား နေမင်းကတော့ ယောက်ျားပီသတဲ့ ရုပ်ရှည်နဲ့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ပါရမီရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ နေမင်းက သူမင်းသားစဖြစ်ခါစ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အနုပညာအလုပ်တွေ စလုပ်ခဲ့တဲ့ သူ့ရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ငယ်ငယ်ကတည်းက အနုပညာဝါသနာပါတဲ့ နေမင်းကတော့ ခင်မင်ရတဲ့ အနုပညာမောင်နှမတွေနဲ့ ချစ်စရာကောင်းတဲ့ ဆက်ဆံရေးအကြောင်းတွေကိုပါ ပြောပြထားပါသေးတယ်နော်။
ချစ်ပရိသတ်တွေအတွက် ငယ်ငယ်ကတည်းက အရမ်းစတိုင်လ်မိုက်တဲ့ သရုပ်ဆောင် နေမင်းရဲ့အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေမင်းကတော့ “ငယ်ငယ် က ကိုယ့်စတိုင်အား ပြန်မြင်မိသော အခါ 😂😜🙈 တကယ်တော့ မတင့် (တင့်တင့်ထွန်း) နဲ့က အဲ့ တုန်းကတည်းက အတူတူ စား အတူတူသွား ရယ်ပါ😂😍ချစ်ဖို့ကောင်း သော စွမ်း (ကျွန်တော့် ကို တွဲခေါ်ပေးခဲ့သည်) သင်ဇာဝင့်ကျော် နဲ့ မခင်ကြသေးဘူး သင်ဇာ လည်းပါပေမဲ့ နှုတ်မဆက် ရဲသော မင်းသားသစ်လေးဘဝ 😁 ခိုင်ခိုင် (မေသက်ခိုင်) လည်းပါတယ် ဗျ သူ့အမေနဲ့တော့ စကားပြောခဲ့ရတယ်လေ🤪 နှစ်ကရင်ကျေးရွာ မှာ ၂၀၀၉ လား
၂၀၁၀ လားဘဲ” ဆိုပြီး မင်းသမီးချောလေး သင်ဇာ့ကိုတောင် မခေါ်ရဲခဲ့တဲ့ မင်းသားသစ်လေးဘဝကို ပြောပြခဲ့တာပါ။
အနုပညာရှင်တွေဖြစ်ကြတဲ့ စွမ်း၊ တင့်တင့်ထွန်း၊ သင်ဇာဝင့်ကျော်၊ မေသက်ခိုင်တို့နဲ့ စကားသိပ်မပြောရဲသေးတဲ့ မင်းသားသစ်လေး နေမင်း…။
သရုပ်ဆောင် နေမင်းကတော့ လက်ရှိမှာ မေးရိုးခွဲထားတဲ့ ဒဏ်ရာ သက်သာသွားပြီမို့၊ အရင်ကထက် ပိုပြီး ကြည့်ကောင်းလာပြီပဲဖြစ်ပါတယ်။ နေမင်းကတော့ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေရိုက်ဖို့ရှိတယ်လို့သိရပြီး၊ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြိုးစားမှုကြောင့် အချိန်တော်ကြာ အနုပညာလောကမှာ ရပ်တည်နေနိုင်တဲ့ မင်းသား နေမင်းကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original
Post Comment