သက္ကမိုးညိုမှသိန်း ၁၀၀ ဖြင့်အာမခံရ











Credit – celefamily

Unicode

သမီးလေး ဗစ်တိုးရီးယားအမှုမှာယခုလက်ရှိအချိန်တွင် တရားခံအောင်ကြီးအား တရားခံအဖြစ်စွပ်စွဲကာတရားစွဲဆိုထားတာဖြစ်ပါတယ်။ သမီးလေးအမှုဖြစ်စဉ်ကတည်းက သုံးသပ်ချက်များအား လူမှုကွန်ယက်စာမျက်နှာတွင် အမြဲတစေဖော်ပြပေးနေသာသက္ကမိုးညိုအားပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ်ကာ အီလက်ထရောနစ်ပုဒ်မ ၃၄ (ဃ) ဖြင့် အမှုဖွင့်လိုက်၍ အကောင့်ပိုင်ရှင် သက္ကမိုးညို ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ထိုပုဒ်မမှာ အာမခံပေး၍ မရကြောင်း ရဲစခန်း ထံမှသိရသည်။ ယခုအခါမှာတော့ သိန်း ၁၀၀ ဖြင့်အာမခံရခဲ့ကြောင်းကို မီဒီယာများမှာဖြေကြားခဲ့တာဖြစ်ပါတယ်။

ထို့အပြင် သက္ကမိုးညိုကဲ့သို့ထင်မြင်ချက်များကိုရေးသားနေသော အကောင့်ပိုင်ရှင် ပိုးဖြူအား ဖမ်းဆီးထားကြောင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှမြင်တွေ့နေရပါတယ်။

သန်း ၅၀ သောပြည်သူများအနေနဲ့လည်းတရားခံအမှန်ပေါ်ပေါက်ရေးကိုအလေးထားကြောင်းကို အနယ်နယ်အရပ်ရပ်တွင် ဆန္ဒထုတ်ဖော်မှုများနှင့်အတူတွေ့မြင်ခဲ့ရပြီးသားဖြစ်ပါတယ်။BBC ဆီရောက်ရှိလာသော CCTV မှတ်တမ်းအရ တရားခံအောင်ကြီးမဖြစ်နိုင်ဖို့ရာခိုင်နှုန်းများနေတယ်လို့လည်း လူမှုကွန်ယက်စာမျက်နှာများတွင်ဝိုင်းဝန်းရေးသားနေကြတာဖြစ်ပါတယ်။

Recent Updates

Recent Posts Widget