“လုပ္ခဲ႕မိတဲ႕ အျပစ္ေတြေၾကာင္႕ အေဖ႔ကို အားနာမိတယ္ လို႕ ေျပာျပလာတဲ႕ မိုးေအာင္ရင္”
“လုပ္ခဲ႕မိတဲ႕ အျပစ္ေတြေၾကာင္႕ အေဖ႔ကို အားနာမိတယ္ လို႕ ေျပာျပလာတဲ႕ မိုးေအာင္ရင္”
မိုးေအာင္ရင္ကေတာ႕ အဆိုေတာ္ဦးေအာင္ရင္ရဲ႕ သားျဖစ္ျပီး ကိုယ္တိုင္ကလည္း အနုပညာေလာကမွာ သရုပ္ေဆာင္တစ္ဦးအေနနဲ႕ ေအာင္ျမင္ေက်ာ္ၾကားေနတဲ႕ သူတစ္ေယာက္ပဲျဖစ္ပါတယ္။
ပရိသတ္အားေပးမႈကို အခိုင္အမာရရွိထားျပီး က်ရာဇာတ္ရုပ္ကို ပီျပင္စြာသရုပ္ေဆာင္နိုင္တဲ႕သရုပ္ေဆာင္တစ္ဦး လည္းျဖစ္ပါေသးတယ္။
မိုးေအာင္ရင္ကေတာ႕ မူးယစ္ေဆး၀ါးသံုးစြဲမႈနဲ႕ ထိန္းသိမ္းခံခဲ႕ရျပီး အခုခ်ိန္မွာေတာ႕ လြတ္ျငိမ္းခ်မ္းသာခြင္နဲ႕ ျပန္လည္ လြတ္ေျမာက္ လာတာပဲျဖစ္ပါတယ္။
မိုးေအာင္ရင္က သူလုပ္မိခဲ႕တဲ႕ အျပစ္ေၾကာင္႕ အေဖျဖစ္သူ ဦးေအာင္ရင္ကို အားနာမိေၾကာင္းကို “ကၽြန္ေတာ္ဒီေလာက္ထိဒုကၡေပးျပီးသြားျပီ
အေဖ႕ကို ကၽြန္ေတာ္ေတာ္ေတာ္ အားနာတယ္။ကၽြန္ေတာ္လည္း ေတာ္ေတာ္စိတ္မေကာင္းပါဘူး။ကၽြန္ေတာ္႕အေဖ႕ေနရာကို၀င္ျပီး ကၽြန္ေတာ္႕သားသာဆိုျပီး
ခံစားၾကည္႕တယ္ ။ေတာ္ေတာ္မလြယ္ပါဘူး။ ဒီလိုကၽြန္ေတာ္ျဖစ္မိတဲ႕အတြက္ ကၽြန္ေတာ္ေနာင္တရလိုူ႕မဆံုးပါဘူး”လို႕ အေဖကို အားနာမိေၾကာင္းေျပာလာျပီး
“ေနာင္တဆိုတဲ႕ စကားကိုေတာ႕ ကၽြန္ေတာ္မသံုးခ်င္ဘူး။ ဘာေၾကာင္႕လဲဆိုေတာ႕ ေနာင္တရတယ္ဆိုတာ တခ်ိဳ႕လူေတြက ပါးစပ္ကေန လြယ္လြယ္ေနာင္တရၾကတာ
ကၽြန္ေတာ္အဲ႕လိုမ်ိဳးၾကီးျဖစ္မွာဆိုးလို႕အဲ႕စကားကို ကၽြန္ေတာ္မသံုးခ်င္တာပါ။ အလုပ္နဲ႕ပဲကၽြန္ေတာ္သက္ေသျပခ်င္တယ္။ ကၽြန္ေတာ္ဆက္ၾကိဳးစားပါမယ္။
ကၽြန္ေတာ္ေခါင္းထဲ ဒါပဲရွိပါတယ္။”ဆိုျပီးအေျပာနဲ႕မဟုတ္ပဲအလုပ္နဲ႕ သက္ေသျပမွာပါဆိုျပီး ေျပာသြားတာပဲျဖစ္ပါတယ္။
CeleGabar ပရိသတ္ၾကီးေရ အမွားေတြကိုသိျပီး အမွန္ေရာက္ေအာင္ျပင္ေနတဲ႕ မိုးေအာင္ရင္အတြက္ အားေပးစကားေလးေတ ြေျပာသြားေပးပါဦးေနာ္။
credit – cele gabar
Unicode
“လုပ်ခဲ့မိတဲ့ အပြစ်တွေကြောင့် အဖေ့ကို အားနာမိတယ် လို့ ပြောပြလာတဲ့ မိုးအောင်ရင်”
မိုးအောင်ရင်ကတော့ အဆိုတော်ဦးအောင်ရင်ရဲ့ သားဖြစ်ပြီး ကိုယ်တိုင်ကလည်း အနုပညာလောကမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။
ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့သရုပ်ဆောင်တစ်ဦး လည်းဖြစ်ပါသေးတယ်။
မိုးအောင်ရင်ကတော့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး အခုချိန်မှာတော့ လွတ်ငြိမ်းချမ်းသာခွင်နဲ့ ပြန်လည် လွတ်မြောက် လာတာပဲဖြစ်ပါတယ်။
မိုးအောင်ရင်က သူလုပ်မိခဲ့တဲ့ အပြစ်ကြောင့် အဖေဖြစ်သူ ဦးအောင်ရင်ကို အားနာမိကြောင်းကို “ကျွန်တော်ဒီလောက်ထိဒုက္ခပေးပြီးသွားပြီ
အဖေ့ကို ကျွန်တော်တော်တော် အားနာတယ်။ကျွန်တော်လည်း တော်တော်စိတ်မကောင်းပါဘူး။ကျွန်တော့်အဖေ့နေရာကိုဝင်ပြီး ကျွန်တော့်သားသာဆိုပြီး
ခံစားကြည့်တယ် ။တော်တော်မလွယ်ပါဘူး။ ဒီလိုကျွန်တော်ဖြစ်မိတဲ့အတွက် ကျွန်တော်နောင်တရလိုူ့မဆုံးပါဘူး”လို့ အဖေကို အားနာမိကြောင်းပြောလာပြီး
“နောင်တဆိုတဲ့ စကားကိုတော့ ကျွန်တော်မသုံးချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နောင်တရတယ်ဆိုတာ တချို့လူတွေက ပါးစပ်ကနေ လွယ်လွယ်နောင်တရကြတာ
ကျွန်တော်အဲ့လိုမျိုးကြီးဖြစ်မှာဆိုးလို့အဲ့စကားကို ကျွန်တော်မသုံးချင်တာပါ။ အလုပ်နဲ့ပဲကျွန်တော်သက်သေပြချင်တယ်။ ကျွန်တော်ဆက်ကြိုးစားပါမယ်။
ကျွန်တော်ခေါင်းထဲ ဒါပဲရှိပါတယ်။”ဆိုပြီးအပြောနဲ့မဟုတ်ပဲအလုပ်နဲ့ သက်သေပြမှာပါဆိုပြီး ပြောသွားတာပဲဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ အမှားတွေကိုသိပြီး အမှန်ရောက်အောင်ပြင်နေတဲ့ မိုးအောင်ရင်အတွက် အားပေးစကားလေးတေ ွပြောသွားပေးပါဦးနော်။
credit – cele gabar





