ဆိုင္တန္းေပၚတြင္ သိပ္ထားသည့္.. ေျခာက္လသမီးေလး.. အက္စစ္ပုံးထဲ ျပဳတ္က်ေသဆုံး…
Zawgyi ျဖင့္ဖတ္ရန္
>>>>>>>>>>>>>
ဆိုင္ တန္း စား ပြဲေပၚတြင္ သိပ္ထား သည့္ ေျခာက္လသမီးေလးအက္စစ္ပုံးထဲ ျပဳတ္က်ေသဆုံးသြားမႈ ဖိလစ္ပိုင္တြင္ ျဖစ္ပြားခဲ့သည္။ ဘာကိုေလာ့ဒ္ၿမိဳ႕ရွိ ေဈး တြင္ အဆိုပါ ေသြးပ်က္ဖြယ္ မေတာ္တ ဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ကေလး မိဘမ်ားအမည္ႏွင့္ ေနရပ္လိပ္စာကို ရဲ တပ္ဖြဲ႕ကထုတ္မေျပာေပ။ ျဖစ္ပုံမွာ ဤသို႔ ျဖစ္သည္။ ၎တို႔ဇနီးေမာင္ႏွံသည္ ထိုေန႔ ကပင္ပန္းလြန္းလွသည့္အတြက္ အိမ္မ ျပန္ေတာ့ဘဲ ဆိုင္တြင္သာ ျဖစ္သလိုအိပ္ လိုက္ရန္ ဆုံးျဖတ္လိုက္ေၾကာင္း၊ ကေလး ကို စားပြဲေပၚတြင္ သိပ္ကာမိမိတို႔က ထိုအ နီးတြင္ ႏွစ္ႏွစ္အ႐ြယ္သားႏွင့္အတူ အိပ္ ေနေၾကာင္း၊ ႏိုးလာသည့္အခါ ကေလးမွာ ေရေရာထားသည့္အက္စစ္ပုံးထဲ ျပဳတ္က် ေနသည္ကို ေတြ႕ရေၾကာင္း၊ ကေလး သည္ ညဘက္ႏိုးလာၿပီး စားပြဲအစြန္းသို႔ ေလးဘက္တြားသြားရာ ေအာက္ရွိအက္ စစ္ပုံးထဲ ျပဳတ္က်သြားဖြယ္ရွိေၾကာင္း၊
ကေ လး ကို ေဆး႐ုံအျမန္ဆုံးတင္လိုက္ ေသာ္လည္း အသက္မရွိေတာ့ဟု ေဆး႐ုံ ကဆိုေၾကာင္း အမည္မေဖာ္လိုသူ မိခင္ ကေျပာျပသည္။ ကေလးမိဘမ်ားသည္ အလုပ္အလြန္႐ႈပ္ေသာ္လည္း ကေလးကို အလြန္ဂ႐ုစိုက္ေၾကာင္း၊ ထို႔ေၾကာင့္ ကေလးမိဘမ်ားကို အျပစ္မတင္သင့္ ေၾကာင္း ကေလး၏အေဒၚက ဆိုသည္။ ထိုအမႈကို ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေန ၿပီျဖစ္ေသာ္လည္း မိဘမ်ား ေျပာျပသည့္ ကေလးေသဆုံးရျခင္းအေၾကာင္း ရင္း သည္ ယုတၱိတန္ေၾကာင္းရဲအရာရွိမ်ားက ဆိုသည္။
(DM, 21.6.19) ခ်ယ္ရီ
Credit-Pyimyanmar
Unicode ျဖင့္ဖတ္ရန္
>>>>>>>>>>>>>
ဆိုင်တန်းစားပွဲပေါ်တွင် သိပ်ထား သည့် ခြောက်လသမီးလေးအက်စစ်ပုံးထဲ ပြုတ်ကျသေဆုံးသွားမှု ဖိလစ်ပိုင်တွင် ဖြစ်ပွားခဲ့သည်။ ဘာကိုလော့ဒ်မြို့ရှိ ဈေး တွင် အဆိုပါ သွေးပျက်ဖွယ် မတော်တ ဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလေး မိဘများအမည်နှင့် နေရပ်လိပ်စာကို ရဲ တပ်ဖွဲ့ကထုတ်မပြောပေ။ ဖြစ်ပုံမှာ ဤသို့ ဖြစ်သည်။ ၎င်းတို့ဇနီးမောင်နှံသည် ထိုနေ့ ကပင်ပန်းလွန်းလှသည့်အတွက် အိမ်မ ပြန်တော့ဘဲ ဆိုင်တွင်သာ ဖြစ်သလိုအိပ် လိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ကလေး ကို စားပွဲပေါ်တွင် သိပ်ကာမိမိတို့က ထိုအ နီးတွင် နှစ်နှစ်အရွယ်သားနှင့်အတူ အိပ် နေကြောင်း၊ နိုးလာသည့်အခါ ကလေးမှာ
ရေရောထားသည့်အက်စစ်ပုံးထဲ ပြုတ်ကျ နေသည်ကို တွေ့ရကြောင်း၊ ကလေး သည် ညဘက်နိုးလာပြီး စားပွဲအစွန်းသို့ လေးဘက်တွားသွားရာ အောက်ရှိအက် စစ်ပုံးထဲ ပြုတ်ကျသွားဖွယ်ရှိကြောင်း၊ ကလေးကို ဆေးရုံအမြန်ဆုံးတင်လိုက် သော်လည်း အသက်မရှိတော့ဟု ဆေးရုံ ကဆိုကြောင်း အမည်မဖော်လိုသူ မိခင် ကပြောပြသည်။ ကလေးမိဘများသည် အလုပ်အလွန်ရှုပ်သော်လည်း ကလေးကို အလွန်ဂရုစိုက်ကြောင်း၊ ထို့ကြောင့် ကလေးမိဘများကို အပြစ်မတင်သင့် ကြောင်း ကလေး၏အဒေါ်က ဆိုသည်။ ထိုအမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ ပြီဖြစ်သော်လည်း မိဘများ ပြောပြသည့် ကလေးသေဆုံးရခြင်းအကြောင်း ရင်း သည် ယုတ္တိတန်ကြောင်းရဲအရာရှိများက ဆိုသည်။
(DM, 21.6.19) ချယ်ရီ
Credit-Pyimyanmar


