မန်ယူ နဲ့ ရေစက်ပါလို့ မန်ယူကို ကြိုက်ဖြစ်ပါတယ် ဆိုတဲ့ ဆောင်းအိနြေ္ဒထွန်း




ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဆောင်းအိနြေ္ဒထွန်း ဟာ ဇူလိုင်လ ၂၀ရက်နေ့ စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်မယ့် အင်တာမီလန် အသင်းနဲ့ မန်ယူ တို့ရဲ့ ရာသီကြိုခြေစမ်းခရီးစဉ် ပွဲက သွားရောက်အားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သူက မန်ယူအသင်းက အသင်းသား အားလုံးကြိုက်ပြီး ဂိုးဖမ်းတဲ့ သူရော ဂိုးသွင်းတဲ့သူတွေအပြင် ဂိုးများများသွင်းနိုင်တဲ့ သူတွေကိုလူတွေကိုအရမ်းကြိုက်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သူက ချယ်ဆီးကိုကြိုက်ပေမယ့် သူနဲ့ မန်ယူနဲ့က ရေစက်ရှိနေတယ်ဆိုတဲ့အကြောင်းကိုလဲ ပြောပြလာတာရှိပါတယ်။



သူမပြောခဲ့တာကတော့ “ မန်ယူအသင်းကအကုန်ကြိုက်တယ်။ ဂိုးဖမ်းတဲ့သူလဲကြိုက်တယ်၊ သွင်းတဲ့သူလဲကြိုက်တယ်၊ ဂိုးများများ သွင်းနိုင်တဲ့ သူကိုပိုကြိုက်တယ်။ ချယ်ဆီးကိုလဲ အားပေးပေမယ့် မန်ယူနဲ့ ရေစက်ပါလို့ပါ ဒါကြောင့်လဲ နိုင်ငံခြားထိ သွားကြည့် ဖြစ်တာပါ။ ချယ်ဆီးကိုလဲကြိုက်တယ် မန်ယူနဲ့က ပါရမီပါလို့ပါ နောက်ပြီး ခုတော်တော်များများက မန်ယူကိုအားမပေးကြတော့ဘူး ဆောင်းကတော့ မန်ယူကိုလဲအားပေးသွားမှာပါ” ဆိုပြီးပြောခဲ့ပါတယ်။



အဲ့ဒီနောက်မှာတော့ သူနဲ့ ဘောလုံးနဲ့ မစိမ်းရခြင်း အကြောင်းရင်း ကိုတော့ “ ဘောလုံးနဲ့ မစိမ်းပါဘူး၊ မဆောင်းမကြိုက်ဖြစ်လိုက်တဲ့ ချစ်သူကလဲ ဘောလုံးအဖွဲ့ကဥက္ကဋ္ဌ လိုမျိုးဆိုတော့ ကိုနဲ့ဘောလုံးပွဲနဲ့ကသိပ်မစိမ်းဘူး။ ကိုယ်လဲဝါသနာပါတယ် ”လို့လဲ ပြောခဲ့ပါ သေးတယ်။ အဲ့ဒီနောက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့လဲ သူက သီချင်း MVတွေထွက်ရှိနေပြီး နောက်ပိုင်း ဇာတ်လမ်းတွဲတွေရိုက်ကူးသွားမယ်ဆိုတဲ့အကြောင်းကိုလဲ ပြောပြခဲ့ပါသေးတယ်။



သူမ က “ သီချင်းတွေမှာ နာမည် ရနေလို့ MV တွေရိုက်ဖြစ်နေတာပေါ့နော်။ တစ်လကို တစ်ပုဒ်လောက် ထွက်ဖြစ်နေပါတယ်။ နောက်ပိုင်း ဇာတ်လမ်းတွဲ တွေလဲ အားစိုက်ရိုက်ကူးသွားမှာပါ” လို့လဲ ဖြေကြားပေးခဲ့ပါတယ်။ သူမက ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်က ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပြီး ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေနည်းပါးလာတာကိုလဲ တွေ့မြင်နေရပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget

Post Comment