ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့၏ ထူးခြားချက်များ
ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာထိုနေ့၌ ဓမ္မစကြာတရားတော်ကိုမြတ်စွာဘုရားက ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဤကဲ့သို့အနှစ်သာရပါရှိသောတရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့ကဓမ္မစကြာတရားတော်ကိုအထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကိုဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာစတင်ပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။
အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓ ဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန် ဘုရားသို့သွားရောက်၍ ဝါဆိုပန်းများ ကပ် လှူခြင်း၊ဝါဆိုသင်္ကန်း လှူဒါန်း ခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ဆင်နွှဲပြုလုပ်ကြပါ သည်။
ခရက်ဒစ် – ရွှေ Nyar Thar
Unicode
ဝါဆိုလပြည့်နေ့ကိုဓမ္မစကြာအခါတော််နေ့ အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာထိုနေ့၌ ဓမ္မစကြာတရားတော်ကိုမြတ်စွာဘုရားက ဟောကြားတော်မူသည်ကိုအကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကိုမြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံဗာရာဏသီပြည်မိဂဒါဝုန်တော၌ မဟာသက္ကရာဇ်၁၀၃-ခုနှစ်ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ပ ဉ္စဝဂ္ဂီငါးဦးတို့အားဘုရားအဖြစ်ကိုဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည်ဝိနည်းမဟာဝါပါဠိိတော်၌ပ ဉ္စဝဂ္ဂိယကထာ-အမည်ဖြင့်လာရှိပါသည်။ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ဓမ္မစက္ကပဝတ္တန ဝါရ-အမည်ဖြင့်လာရှိပါသည်။မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ဓမ္မစက္ကပဝတ္တနသုတ္တ-အမည်ဖြင့်လာရှိပါသည်။
ဓမ္မစက္ကပဝတ္တန၏အဓိပ္ပါယ်မှာတရားတည််းဟူသောအသိစက်ကိုဖြစ်စေ၊လည်စေတော်မူခြင်း-ဟုအဓိပ္ပါယ်ရပါသည်။(ဓမ္မစက္က=တရားတော်။ ပဝတ္တ=ဖြစ်စေ၊လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည််သစ္စာလေးပါးတရားကိုညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ပိဋကသုံးပုံ၏အနှစ်ချုပ်တရားဟုဆိုထိုက်ပါသည်။ဓမ္မစကြာတရားတော်ကိုစိစစ်သုံးသပ်ကြည့်ပါလျှင်လမ်းစဉ်မှာ(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သိို့အနှစ်သာရပါရှိသောတရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့ကဓမ္မစကြာတရားတော်ကိုအထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။
အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများဖွဲ့စည်းပြီး ပြန့် ပွားအောင်ဆောင်ရွက်လျက်ရှိ ကြပါသည်။ ( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ ) မြန်မာ့ရိုး ရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်းပဋိသန္ဓေနေသောနေ့ဖြစ်၍ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင််း တောထွက်တော်မူသောနေ့ဖြစ်၍ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရားဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့်တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကိိုဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာစတင််ပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။
၇။ သံဃာရတနာ စတင််ပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှအရိယာခရီးသို့စတင်ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ထူးခြားခြင်း။
၉။ ဧဟိဘိက္ခု-ဟူသောစကားကိုစတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက််ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓ ဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန် ဘုရားသို့သွားရောက်၍ ဝါဆိုပန်းများ ကပ် လှူခြင်း၊ဝါဆိုသင်္ကန်း လှူဒါန်း ခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ဆင်နွှဲပြုလုပ်ကြပါ သည်။
ခရက်ဒစ် – ရွှေ Nyar Thar