ကြော်ငြာရိုက်ကွင်းပေါ်မှာ အရမ်းကိုချစ်စရာကောင်းနေတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်





နူးညံ့လှပတဲ့ ပန်းပွင့်လေးတွေတောင် လိုက်မမှီနိုင်အောင် လှရက်လွန်းတဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ပရိသတ်တွေရဲ့အချစ်ကို တစ်နေ့တစ်ခြား တိုးတိုးပြီး ရလာသူလေးပါ။ ကြော်ငြာရိုက်ကူးရေးတွေ၊ ပွဲတက်တွေမှာ အမြဲမြင်တွေ့နေရတဲ့ မင်းသမီးချောလေးစံရတီမိုးမြင့်ကတော့ တစ်နေ့တစ်ခြား ရင့်ကျက်တည်ငြိမ်လာခဲ့တာကြောင့်ပါ အရမ်းကို ချစ်စရာကောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ သေချာစေ့စေ့ကြည့်လေ လှရက်လွန်းလေဖြစ်တဲ့ စံရတီမိုးမြင့်ရဲ့ ပုံရိပ်လေးတွေကတော့ လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်လိုပါပဲနော်။



းချစ်ပရိသတ်တွေအတွက် တစ်နေ့တစ်ခြား အလှတွေတိုတိုးလာတဲ့ စံရတီမိုးမြင့်လေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



အပြုံးချိုတဲ့မျက်နှာလေးနဲ့ လှချင်တိုင်း လှရက်နိုင်လွန်းတဲ့ စံရတီမိုးမြင့်ကတော့ ” နင့်အတွက်ပဲ မှုံနေအောင် လှချင်တဲ့မိန်းမ 🦋❤️ ” ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။



ရွှေရောင်အဆင်းနဲ့ လှချင်တိုင်းလှနေတဲ့ စံရတီမိုးမြင့်ရဲ့ ပုံရိပ်လေးတွေကတော့ ဇူလိုင်လ (၉) ရက်နေ့မှာ စိန်နန်းတော်အတွက် ရိုက်ကူးရေးလုပ်ထားတဲ့ ကြော်ငြာပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း အရမ်းကိုချစ်စရာကောင်းပြီး ဆွဲဆောင်အားကောင်းလွန်းနေတာကြောင့် ပရိသတ်တွေက သဘောကျ အချစ်ပိုနေခဲ့ကြရတာပါ။

ကြော်ငြာတွေ ပွဲတက်တွေကို ဆက်တိုက်လုပ်ဖြစ်နေတဲ့ စံရတီမိုးမြင့်ကတော့ ရုပ်ရှင်ရိုက်ကူးရေးဘက်မှာ လျှော့နည်းလာတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ စံရတီမိုးမြင့်ရဲ့ အချစ်ရေးကတော့ တည်ငြိမ်နေပြီး၊ အိမ်ထောင်ဖက်ကိုလည်း သေချာစဉ်းစားရွေးခြယ်သွားမယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းပြီး တစ်နေ့တစ်ခြား လှရက်နိုင်လွန်းတဲ့ စံရတီမိုးမြင့်ကိုချစ်ရင် သူမရဲ့ပုံလေးတွေကို ဝေမျှသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

Credit  \\  original

Recent Updates

Recent Posts Widget

Post Comment