ပကာသနကင်းစွာနဲ့ ဆူဇီရဲ့မွေးနေ့ပွဲကိုတက်ရောက်ခဲ့ကြတဲ့ မြင့်မြတ်တို့မိသားစုလေး
နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် သရုပ်ဆောင်တဲ့နေရာမှာ ပိုင်ပိုင်နိုင်နိုင်နဲ့ပီပြင်စွာ သရုပ်ဆောင်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ဇာတ်ရုပ်မရွေးဘဲ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ပြသ ပေးနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ယခုဆိုရင် အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ နေရာကို အပိုင်စားရရှိထားခဲ့ရပြီပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုတော်လွန်းတဲ့ မြင့်မြတ်ကတော့ မိသားစုရေးမှာလည်း အေးချမ်းသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိ ခဲ့ရတာပဲဖြစ်ပါတယ်။ ချစ်ဇနီးလေးနဲ့အတူ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနား ကျင်းပပြုလုပ်ခဲ့တဲ့ မြင့်မြတ်ကတော့ ယခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတာပဲဖြစ်ပါတယ်။
အသက် (၁) နှစ်နီးနီး အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ မြင့်မြတ်သားလေး မြတ်သူကတော့ မျက်နှာချိုချိုလေးနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် လူတိုင်းက အချစ်ပိုနေခဲ့ကြရတာပဲ ဖြစ်ပါတယ်။ အားလုံးကအချစ်ပိုနေရတဲ့ သားသားလေးကို ဖေဖေကြီး မြင့်မြတ်ကလည်း လက်ကမချနိုင်အောင် ဖြစ်နေခဲ့ကြရတာပါ။
လတ်တလောမှာလည်း သူတို့မိသားစုလေးက ဇူလိုင်လ (၉) ရက်နေ့ညပိုင်းမှာကျင်းပတဲ့ အဆိုတော် ဆူဇီရဲ့ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်မရှိဘဲ ပကာသနကင်းမဲ့စွာနဲ့ အေးအေးချမ်းချမ်းနေတတ်ကြတဲ့ သူတို့မိသားစုလေးကို မြင်ရသူအပေါင်းတို့က လေးစားပြီးအချစ်ပိုခဲ့ကြရတာပါ။
အရမ်းကို ကြည်နူးစရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ တစ်နေ့တခြား ပိုပိုပြီး ချစ်စရာကောင်းလာတဲ့ သားလေးကို လက်ကမချနိုင်အောင်ဖြစ်ခဲ့ရတဲ့ ဖေကြီးမြင့်မြတ်တို့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေပြီး အားပေးကြဖို့ မမေ့ပါနဲ့ဦးနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original





