ကောင်းတူဆိုးဘက် အမြဲရှိနေပေးတဲ့ ချစ်သူလေး ခင်လွှမ်းကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စည်ဖြိုး




စည်ဖြိုးကတော့ အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့်လည်း ပရိသတ်လူကြီးလူငယ်မရွေးအားပေးချစ်ခင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။။နောက်ပိုင်းမှ သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက အဆိုတော်တစ်ဦးအနေနဲ့သီချင်းတွေကိုလည်း သီဆိုနေတာဖြစ်ပြီး မကြာခင်မှာ သူရဲ့ တေးဘယ်ဘမ်ကလည်းထွက်ရှိတော့မှာပါ။



စည်ဖြိုးက သူ့ရဲ့ချစ်သူ သရုပ်ဆောင်မင်းသမီးချောလေး ခင်လွှမ်းနဲ့ အချစ်ရေးကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားတာပဲဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦးနားလည်မှုအပြည်အ၀ရှိပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုတည်ဆောက်တာကြောင့်ပရိသတ်တော်တော်များများက Idol Coupleအဖြစ်သတ်မှတ်ခြင်းကိုခံရတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲလည်းဖြစ်ပါသေးတယ်။


ဒီနေ့မှာတော့ မင်းသမီးချောလေး ခင်လွှမ်းရဲ့ မွေးနေ့ဖြစ်ပြီး စည်ဖြိုးက သူရဲ့ချစ်သူအတွက် မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။”ကိုယ့်အတွက် အေးအတူပူအမျှ ဆိုတဲ့ အဓိပ္ပါယ်ကိုဖွင့်ဆိုပြနိုင်ခဲ့သူ။Happy Birthday my Drama Jue !!! မွေးနေ့မှစ ကိုယ်က ဘေးနားအမြဲ ရှိပေးနေမှာဖြစ်တဲ့ အတွက် ဘာဆုမှတောင်ပေးစရာ မလိုတော့ပါဘူးနော်။စပရိုက်တွေဖျော်မတိုက်တတ်ပေမယ့် လိုတဲ့ အချိန်တိုင်းအသုံးတည့်နေစေရမယ်။ကျန်းမာ ချမ်းသာ ဆက်ချစ်ပါ။”ဆိုပြီးစည်ဖြိုးကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ချစ်သူခင်လွှမ်းအတွက်မွေးနေ့ဆုတောင်းပေးထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့မှာ ကျရောက်တဲ့ ခင်လွှမ်းရဲ့မွေးနေ့အတွက် ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦးနော်။
Source : Si Phyo
Credit  \\  original

Recent Updates

Recent Posts Widget

Post Comment