ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္ အရမ္းအဆင္ေျပတယ္





အမတစ္ေယာက္က ရွားေစာင္းလက္ပတ္ယိုေလး တင္ထားတာေတြ႕လို႔ ညီမလည္းျပန္ရွယ္ပါရေစေနာ္ ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့သူေတြအတြက္အရမ္းအဆင္ေျပတယ္ အိမ္ရွင္မေတာ္ေတာ္မ်ားမ်ားရဲ႕ဒုကၡကဗိုက္ပူတာပါပဲ

ညီမေလ အဲ့ယိုလုပ္နည္းကိုေမေမကတဆင့္သိတာပါ စားၾကည့္ေတာ့တကယ္ဗိုက္က်တယ္ရွင့္ ….ရွားေစာင္းလက္ပတ္ ငါးတက္ေလာက္ကိုေဘးကစူးသြားေတြ ကိုဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလးေတြကိုလွီးပါ (အခြံမႏႊာေတာ့ ထုပ္ထုပ္ထုပ္ နဲ႔စားလို႔ေကာင္းသလိုပိုေဆးဖက္ဝင္တာေပါ့)



●ထန္းလ်က္(အညိဳ)ငါးက်ပ္သားေလာက္ကို ဆီ ၅က်ပ္သားေလာက္ထဲကို ထည့္ပီးအရည္ေပ်ာ္ေအာင္ေမႊပါ ●ထန္းလ်က္အရည္ေပ်ာ္သြားရင္ ရွားေစာင္းလက္ပတ္ထည့္ပါ ရွားေစာင္းလတ္ပတ္က အရည္ထြက္တဲ့အတြက္ခနခနေမႊေပးပါ ●ရွားေစာင္းလက္ပတ္အရည္ခမ္းသြားပီးနည္းနည္းခပ္ပ်စ္ပ်စ္ျဖစ္လာရင္ ငွက္ေပ်ာသီးဖီးၾကမ္း ႏွစ္လံုးကိုပါးပါးလွီးထည့္ပါ (ငွက္ေပ်ာသီးကမ်ားလၽွင္ခ်ဥ္တတ္လို႔ႏွစ္လံုးဆိုလံုေလာက္ပါၿပီ)

●ၾကက္ဥႏွစ္လံုးကိုေမႊပီးမွထည့္ပါ ဇြန္းနဲ႔အဆက္မျပတ္ေမႊေပးပါ ကပ္သြားႏိုင္တဲ့အတြက္ေၾကာင့္ပါ ●ၿပီးရင္တကယ္ကိုအရသာရွိတဲ့ ရွားေစာင္းလတ္ပတ္ယိုေလးရပါၿပီရွင္ အဖံုးလံုတဲ့ပုလင္းေလးထဲကိုထည့္သိမ္းၿပီးစားလို႔ရပါၿပီ

ညီမ အစကထင္ထားတာတာက ဆီေတြလည္းမ်ားတယ္ ၾကက္ဥ ငွက္ေပ်ာသီးေရာဆိုေတာ့ဝိတ္တက္မွာပဲလို႔ထင္ထားတာ ဒါေပမယ့္တကယ္စားၾကည့္ေတာ့ဝမ္းလည္းမွန္သလို မိန္းကေလးေတြနဲ႔ပတ္သတ္ တဲ့ေရာဂါေတြကိုလည္းကာကြယ္ေပးတယ္ဆိုေတာ့ စားရက်ိဳးနပ္ပီေပါ့ေနာ္

Phyo Lay(စားခ်က္group မွ)

Credit  \\  original

Unicode
အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော် ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ် အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ

ညီမလေ အဲ့ယိုလုပ်နည်းကိုမေမေကတဆင့်သိတာပါ စားကြည့်တော့တကယ်ဗိုက်ကျတယ်ရှင့် ….ရှားစောင်းလက်ပတ် ငါးတက်လောက်ကိုဘေးကစူးသွားတွေ ကိုဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ (အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)



●ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီးအရည်ပျော်အောင်မွှေပါ ●ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခနမွှေပေးပါ ●ရှားစောင်းလက်ပတ်အရည်ခမ်းသွားပီးနည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ (ငှက်ပျောသီးကများလျှင်ချဉ်တတ်လို့နှစ်လုံးဆိုလုံလောက်ပါပြီ)

●ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ ●ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင် အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ

ညီမ အစကထင်ထားတာတာက ဆီတွေလည်းများတယ် ကြက်ဥ ငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ် တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်

Phyo Lay(စားချက်group မှ)

Credit  \\  original


Recent Updates

Recent Posts Widget