ချစ်သူကိုအပိုင်ပေးဖို့ ဝန်မလေးတဲ့ ပန်ကိတ်
ပန်ကိတ်ကတော့ပိုပိုလှလာလာရုံတင်မကဘဲ ပညာရေးဘက်မှာ ကျွမ်းကျင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းတက်နေပေမယ့်လည်း သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမဘယ်ရောက်ရောက် အလှပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှလေ့ရှိပါတယ်။ ချစ်စရာကောင်းတဲ့သူမကိုပရိသတ်တွေက ပန်ကိတ်လို့ချစ်စနိုးခေါ်ကြပြီး ပန်ကိတ်ဟာဆိုရင်လည်း အမြဲ ပွင့်ပွင့်လင်းလင်းနဲ့ ဟိတ်ဟန်မရှိဘဲ သူမကိုချစ်တဲ့ Fanတွေနဲ့ Live လွှင့်ပြီး စကားပြောလေ့ရှိသူပဲ ဖြစ်ပါတယ်။
လတ်တလောမှာ ပန်ကိတ်ဟာ ဆွဲဆောင်မှုရှိတဲ့ပုံလေးတွေနဲ့ စာလေးတစ်ချို့ကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ” You can flirt with my man. If he flirts back, he is all yours.ကိုယ့်ကောင်လေးကိုကြူနိုင်ပါတယ်။သူကပြန်ကြူရင်တော့you အပိုင်သာယူသွားလိုက်ပါ။” ဆိုပြီး မိန်းကလေးတွေဘက်ကနေပြီး ဖောက်ပြန်တတ်တဲ့
ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတွေအတွက် ချစ်သူကိုအပိုင်ပေးဖို့ ဝန်မလေးဘူဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အမြဲ ပညာသားပါပါ စကားလုံးလေးတွေကိုရွေးသုံးတတ်တဲ့ သူမရဲ့စကားလုံးလေးတွေဟာ မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ပန်ကိတ်ရဲ့ စာသားလေးတွေကိုသဘောကျရင် မှတ်ချက်တစ်ခုခု ပေးခဲ့ပါဦးနော်။
Credit \\ original




