ပန်းသရဖူလေးတွေကိုယ်စီနဲ့ မွေးစားမယ့်သခင်ကိုမျှော်နေကြတဲ့ Pit Bulls လေးများ
Pit Bulls ခွေးတွေကိုလူတွေနဲ့ အခြားသတ္တ၀ါတွေအပေါ်မှာ ရန်လိုတယ်ဆိုပြီး လူ့အဖွဲ့အစည်းက သတ်မှတ်ထားပါတယ်။ ဒီလိုလွဲမှားတဲ့အမြင်ကြောင့် သူတို့လေးတွေကို ပိုင်ရှင်တွေကိုယ်တိုင်ကအစ စွန့်ပစ်ပြီး သူတို့လေးတွေဟာ သခင်မဲ့စွာနဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဂေဟာတွေမှာ သေဆုံးတဲ့အထိ အထီးကျန်စွာနေသွားကြရပါတယ်။ဒီခွေးလေးတွေအပေါ် လူတွေရဲ့ မမျှတတဲ့အမြင်ကို ပြောင်းလဲစေဖို့အတွက် ဓာတ်ပုံဆရာမ ဆိုဖီဂါမန်းဟာ Pit Bull Flower Power အမည်ရတဲ့ ပရောဂျက်လေးတစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။
ဆိုဖီဟာ အမေရိကန်တစ်လွှားကို သွားလာပြီး တိရိစ္ဆာန်ဂေဟာတွေမှာရှိတဲ့ Pit Bull ခွေးလေး တွေကို လူတွေမွေးစားချင်စိတ်ဖြစ်အောင် ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။ ခွေးလေး တွေကို ပန်းသရဖူလေးတွေ ဆင်ပေးပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေအဖြစ် ဖန်တီးကာ သူတို့လေးတွေကို မွေးစားမယ့်သူတွေကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ အောက်မှာတော့ ညှိုးငယ်တဲ့ သနားစရာမျက်နှာလေးတွေနဲ့ သခင်သစ် လာအခေါ်ကို စောင့်နေကြတဲ့ ဂေဟာအသီးသီးက Pit bull လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
instagram/sophiegamand
Credit \\ original













