ကိုရီးယားႏိုင္ငံမွ Asia Special Award ကို ခ်ီးျမႇင့္ျခင္းခံရတဲ့ ဝတ္မႈံေရႊရည္
ကိုရီးယားႏိုင္ငံမွ Asia Special Award ကို ခ်ီးျမႇင့္ျခင္းခံရတဲ့ ဝတ္မႈံေရႊရည္
ႏိုင္ငံေက်ာ္မင္းသမီးေလး ဝတ္မႈံေရႊရည္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး က်ရာဇာတ္႐ုပ္တိုင္းကို စိတ္ေရာကိုယ္ပါနစ္ၿပီး အေကာင္းဆံုး သ႐ုပ္ေဆာင္တတ္သူေလး ျဖစ္ပါတယ္။
ဝတ္မႈံေရႊရည္ရဲ႕ ေျပာင္ေျမာက္လွတဲ့ အႏုပညာအရည္အေသြးေၾကာင့္ ႏိုင္ငံျခားက ဒါ႐ိုက္တာေတြ၊ သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္႐ွင္ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး
အာ႐ွႏိုင္ငံေတာ္ေတာ္မ်ားမ်ားကလည္း သူမကို အားေပးလက္ခံၾကပါတယ္။
အကယ္ဒမီဆု(၂)ဆုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ မင္းသမီးေလး ဝတ္မႈံေရႊရည္က ယခုမွာလဲ ကိုရီးယားႏိုင္ငံမွ Asia Special Award ဆုကို ခ်ီးျမႇင့္ျခင္း ခံရမွာျဖစ္ပါတယ္။
Asia Special Award ဆိုတာကေတာ့ ကိုရီးယားႏိုင္ငံမွ က်င္းပတဲ့ Asia Model Festival မွာ ခ်ီးျမႇင့္တဲ့ ဆုတစ္ဆုျဖစ္ပါတယ္။
Asia Model Festival မွာ အာ႐ွႏိုင္ငံမွ အႏုပညာ႐ွင္မ်ားကို ေသခ်ာစနစ္တက် စိစစ္ေရြးခ်ယ္ၿပီး ခ်ီးျမႇင့္တာျဖစ္ၿပီး ဝတ္မႈံေရႊရည္ကေတာ့
အျခားႏိုင္ငံမွ အႏုပညာ႐ွင္ေတြနဲ႔အတူတူ ဆုခ်ီးျမႇင့္ျခင္းခံရမွာ ျဖစ္ပါတယ္။
ဝတ္မႈံေရႊရည္ကေတာ့ ၂၀၁၉ ခုႏွစ္ရဲ႕ Asia Special Award ကို ရရိွခဲ့တာျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ သ႐ုပ္ေဆာင္ ေအာင္ရဲလင္းနဲ႔ မိုးေဟကို တို႔ကလည္း ရရိွခဲ့ၾကပါေသးတယ္။
ဝတ္မႈံေရႊရည္ကေတာ့ ျမန္မာပရိသတ္ေတြ ဂုဏ္ယူရေအာင္ ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းၿပီး အလုပ္ေတြ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။
မၾကာခင္ ကိုရီးယားႏိုင္ငံမွာ ဆုသြားယူမယ့္ ဝတ္မႈံေရႊရည္အတြက္ အင္မတန္ဂုဏ္ယူဝမ္းေျမာက္ရပါတယ္။
ျပည္သူခ်စ္မင္းသမီးေလး ဝတ္မႈံေရႊရည္တစ္ေယာက္
ဒီထက္မက ေအာင္ျမင္မႈေတြမ်ားစြာ ရရိွပါေစလို႔ မိုမိုေလးမွ ဆုေတာင္းေပးလိုက္ပါတယ္။.
Unicode
ကိုရီးယားနိုင်ငံမှ Asia Special Award ကို ချီးမြှင့်ခြင်းခံရတဲ့ ဝတ်မှုံရွှေရည်
နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး
အာရှနိုင်ငံတော်တော်များများကလည်း သူမကို အားပေးလက်ခံကြပါတယ်။
အကယ်ဒမီဆု(၂)ဆုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က ယခုမှာလဲ ကိုရီးယားနိုင်ငံမှ Asia Special Award ဆုကို ချီးမြှင့်ခြင်း ခံရမှာဖြစ်ပါတယ်။
Asia Special Award ဆိုတာကတော့ ကိုရီးယားနိုင်ငံမှ ကျင်းပတဲ့ Asia Model Festival မှာ ချီးမြှင့်တဲ့ ဆုတစ်ဆုဖြစ်ပါတယ်။
Asia Model Festival မှာ အာရှနိုင်ငံမှ အနုပညာရှင်များကို သေချာစနစ်တကျ စိစစ်ရွေးချယ်ပြီး ချီးမြှင့်တာဖြစ်ပြီး ဝတ်မှုံရွှေရည်ကတော့
အခြားနိုင်ငံမှ အနုပညာရှင်တွေနဲ့အတူတူ ဆုချီးမြှင့်ခြင်းခံရမှာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ၂၀၁၉ ခုနှစ်ရဲ့ Asia Special Award ကို ရရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ မိုးဟေကို တို့ကလည်း ရရှိခဲ့ကြပါသေးတယ်။
ဝတ်မှုံရွှေရည်ကတော့ မြန်မာပရိသတ်တွေ ဂုဏ်ယူရအောင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အလုပ်တွေ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
မကြာခင် ကိုရီးယားနိုင်ငံမှာ ဆုသွားယူမယ့် ဝတ်မှုံရွှေရည်အတွက် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ပြည်သူချစ်မင်းသမီးလေး ဝတ်မှုံရွှေရည်တစ်ယောက်
ဒီထက်မက အောင်မြင်မှုတွေများစွာ ရရှိပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။.





