




ကိုကိုဦးဆိုတာနဲ့ ဗီလိန်လူကြမ်းနေရာက သရုပ်ဆောင်ပြီး ပရိသတ်မုန်းအောင် အပီပြင်သရုပ်ဆောင်နို်င်တဲ့ လူကြမ်းမင်းသားတစ်ယောက်ဆိုတာ











Unicode

ကျွန်တော့်သားက မိန်းကလေးရှုံးလောက်အောင် အနေအေးတဲ ့သူပါဆိုတဲ ့ ကိုကိုဦး

ကိုကိုဦးဆိုတာနဲ့ ဗီလိန်လူကြမ်းနေရာက သရုပ်ဆောင်ပြီး ပရိသတ်မုန်းအောင် အပီပြင်သရုပ်ဆောင်နို််င်တဲ့ လူကြမ်းမင်းသားတစ်ယောက်ဆိုတာ

ပရိသတ်တွေအားလုံးသိမှာပါနော် ။ အနုပညာကို ၀ါသနာပါလွန်းလို့ ကျရာ ဇာတ်ရုပ်ကနေ ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့ပေမယ့်

ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုတော့ မရရှိခဲ့ပါဘူး ။ ဒါပေမယ့် ဖခင်မရရှိခဲ့တဲ့ ပရိသတ်ရဲ့အချစ်တွေကို ပြန်လည်ယူဆောင်လာပေးသူလေးကတော့

ကိုကိုဦးရဲ့ တဦးတည်းသော သားလေးဖြစ်တဲ့ သီဟအောင်ပါပဲ ပရိသတ်ကြီးရေ ..။ ၂၀၁၉ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ ရွှေကြိုအဖြစ် ပါဝင်ရာကနေ

မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးအဖြစ် ပရိသတ်တွေရင်ထဲ ရောက်ရှိလာခဲ့တာပါ ။

လတ်တလောမှာတော့ ကိုကိုဦးက အနုပညာအလုပ်တွေ မရှိပေမယ့် သားဖြစ်သူ သီဟအောင်လေးကတော့ ပရိုဂရမ်လေးတွေနဲ့ ကြော်ငြာလေးတွေရိုက်ဖြစ်နေတယ်လို့သိရပါတယ် ။
သားဖြစ်သူရဲ့ အောင်မြင်မှုအတွက် ကြည်နူးနေတဲ့ ကိုကိုဦးကတော့ သားဖြစ်သူနဲ့အတူ ရိုက်ကူးရေး တစ်ခုရှိတယ်လို့လည်း

မီဒီယာတွေကို အသိပေးခဲ့ပါတယ် ။ ကိုယ့်ကိုယ်ကို ဒီလောက်အတိုင်းတာထိ ပရိသတ်တွေ ရလာမယ်လို့ မထင်ခဲ့ပေမယ့် We love တွေက ပွဲရှိတဲ့နေရာတွေကို

လိုက်ပြီး စောင့်ပေးကြတဲ့ထိ ပရိသတ်အချစ်တွေရခဲ့လို့ အရမ်းကိုပျော်ပါတယ်လို့ သီဟအောင်လေးက ပြောပြခဲ့ပါတယ် ။

သားဖြစ်သူက မိန်းကလေး ရှုံးအောင် အနေအေးပြီး အိမ်ထဲက အိမ်ပြင်မထွက်တဲ့လို့ ဧည့်သည်လာရင်ထွက်ပါဦးလို့ ပြောယူရတဲ့ ထိ အေးဆေးတယ်လို့

ကိုကိုဦးက ပြောပြခဲ့ပါတယ် ။ ကဲဘယ်လိုလဲ သီဟအောင်လေးကို ချစ်ကြတဲ့ ပရိသတ်ကြီးရော အနေအေးတဲ့ သီဟအောင်လေးကို ပိုချစ်သွားကြပြီမလား ။

Recent Updates

Recent Posts Widget