“ရိုက်ကွင်းမှာ မတော်တဆမှုကြောင့် အပြင်စားဒဏ်ရာ ရရှိခဲ့တဲ့.. မော်ဒယ်လ်သရုပ်ဆောင် ထက်ထက်ထွန်း”




မော်ဒယ်သရုပ်ဆောင် ထက်ထက်ထွန်း တစ်ယောက်ကတော့ ရိုက်ကွင်းမှာ မတော်တဆဖြစ်တာကြောင့် အကြီးစား ဒဏ်ရာ ရရှိသွားခဲ့ပါတယ်….

ကျရာဇာတ်ရုပ်ကို ပြီပြင်အောင် သရုပ်ဆောင်ဖို့ ကြိုးစားရင် အခုလို ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်.. သူမ လူမှုကွန်ရက်လေးမှာတော့ သူမ ကြိုးစားခဲ့ပေမယ်.. အခုလိုဖြစ်ခဲ့ရလို့ သူညံ့လို့ ဖြစ်ရတာဖြစ်ကြောင်း ခုလိုစိတ်မကောင်းစွာ ရေးသားထားပါတယ်…

တစ်ဖွဲ့သားလုံးအတွက် စိတ်မကောင်းဖြစ်သလို တောင်းပန်ပါတယ်နော် 😞ထက်ညံ့ခဲ့လို့ ကြိုးစားပေမယ့် အရာမရောက်နိုင်ခဲ့တော့ပါဘူး… ဒီ ”အပေးအယူ” ရုပ်ရှင်ကားအတွက် မျှော်လင့်ပြီး အားပေးနေတဲ့ ပရိတ်သတ်တွေကိုလည်း တောင်းပန်ပါတယ် … ဒီကားမှာ ဆက်ပြီးရိုက်ကူးဖို့ အဆင်မပြေတဲ့ အတွက် ဒီကားမှာ မပါဝင်ဖြစ်တော့ပါဘူး 😓

– အကောင်းဆုံး သင်ပြပေးတဲ့ ဦးစာမိ ( Iron Steel )- အစစအရာရာ ဂရုစိုက်ပေးတဲ့ Life+ Film Production မှ ကိုလင်းထွန်းနဲ့ တစ်ဖွဲ့သားလုံး- စိတ်ရှည်ပြီး ညှင်ညှင်သာသာနဲ့ ဒဏ်ရာကို ချုပ်ပေးတဲ့ နေပြည်တော် Kaung Thit Specialist Hospital မှာ ဒေါက်တာ ရဲဝင့်သူနဲ့ ဆရာမများ- အနီးကပ်ပင်ပန်းခံပြီး အက်ရှင်တွေသင်ပြပေးတဲ့ အကိုကြီးတွေ- ရှုတင်မန်နေဂျာ အစ်ကိုကြီးတွေနဲ့

ရှုတင်စက်အဖွဲ့သားများအားလုံး- ရှုတင်လာကြည့်ရင်းနဲ့ ဝိုင်းဝန်းကူညီ ဆေးရုံပို့ပေးကြတဲ့ နေပြည်တော်က ချစ်ပရိတ်တွေရော ၊ စိတ်ပူပြီး အခန်းထိ လူနာလာမေးကြတဲ့ အကိုအမတွေရော ၊ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာ မောင်နှမတွေရော

– လမ်းလျှောက်ဖို့ အဆင်မပြေတဲ့အတွက် Wheel Chair စီစဉ်ပေးတဲ့ Mingalar Thiri Hotel, Nay Pyi Taw ကိုရော ကျေးဇူးအများကြီးတင်ပါတယ်ရှင့် အခက်အခဲတွေ ဒဏ်ရာတွေဘယ်လိုရရ စိတ်ဓာတ်မကျ နောက်မဆုတ်ပေမယ့် ဒီကားမှာ ဆက်ပြီး ပါဝင်ခွင့်မရတာ တစ်ခုကိုဘဲ အဖွဲ့သားတွေနဲ့ ပရိတ်သတ်တွေအပေါ် တာဝန်မကျေသလို ခံစားမိပြီး အနူးအညွတ်တောင်းပန်ပါရစေရှင့် ။Behind The Scene ကိုတော့ ဒီလင့်မှာကြည့်နိုင်ပါတယ်…လို့ရေးသားဖော်ပြထားပါတယ်။

Video-ကြည့်ရန်


Recent Updates

Recent Posts Widget