ေရစိုပ်က္စီး သြားတဲ့ ဖုန္း ၊ ကို ဘယ္လုိလုပ္ၾကမလဲ ? ? ? ။….





ဖုန္း တစ္လံုးေရကန္ထဲ ဒါမွမဟုတ္ အိမ္သာခြက္ ထဲက်ျပီဆိုတာနဲ႔ ေနာက္ဆက္တြဲက ေကာင္းစရာတစ္ခုမွရိွမွာမဟုတ္ပါဘူး။LG G6 တို႔

Samsung Galaxy S8 တို႔လို ေရစိုခံဖုန္းေတြမဟုတ္ခဲ့ဘူးဆိုရင္ေတာ့ ပ်က္သြားဖို႔ရာ အလားအလာပိုမ်ားပါတယ္။

အခုေနာက္ပိုင္းမွာေတာ့ ဖုန္းထုတ္လုပ္သူေတာ္ေတာ္မ်ားမ်ား ေရစိုခံႏုိင္မႈကို ဦးစားေပးလာတာကိုေတြ႔ရပါတယ္။

ဒါ ဇိမ္ခံပစၥည္ းသက္သက္ အပိုေတြပါလို႔ေတြးေနရင္ေတာ့ မွားပါလိမ့္မယ္။

တကယ္ေရထဲက်တဲ့အခ်ိန္မွာ ဘယ္လိုခံစားလိုက္ရမလဲဆိုတာ ကြ်န္ေတာ္ကိုယ္တိုင္ျပဳတ္က်ဖူးလို႔ သိပါတယ္။


ဒီေတာ့ ေရစိမ္ဖို႔မွမဟုတ္တာလို႔ ေတြးရမွာမဟုတ္ဘဲ တကယ္ေရထဲက်တဲ့အခ်ိန္မွာ ျပႆနာ မရိွဖို႔ဆိုရင္ ပိုမွန္ပါလိမ့္မယ္။

ဒီေတာ့ မေတာ္တဆအေျခအေနမ်ိဳးမဟုတ္ဘဲ ေရထဲဆင္းရမယ့္ ေရနဲ႔ထိေတြ႔ရမယ့္အေျခအေနမ်ိဳးဆိုရင္ေတာ့ ေရစိုခံအိတ္ထဲထည့္ျပီး

ၾကိဳတင္ကာကြယ္မထားရင္ သင့္အျပစ္ျဖစ္သြားပါျပီ။

ဒါဆို တကယ္လို႔ေရထဲက်သြားျပီဆိုတဲ့အခ်ိန္မွာ ဘာလုပ္သင့္လဲဆိုတဲ့အခ်က္ကေလးေတြ ေျပာျပေပးသြားပါမယ္။

ဖုန္းေရထဲက်ျပီဆိုတာနဲ႔ အျမန္ေကာက္ျပီး ဖုန္းပိတ္လုိက္ပါ

ေရထဲက်ျပီဆိုတာနဲ႔ အျမန္ေကာက္ျပီး ပိတ္လိုက္ပါ။

ဖုန္း က ဘာမွမျဖစ္ေသးဘူးေကာင္းေနေသးတယ္ဆိုရင္ေတာင္ ပိတ္ထားလိုက္ပါ။

ဖုန္းဘက္ထရီျဖဳတ္လို႔ရရင္ျဖဳတ္ထားျပီး မရရင္ပိတ္သာထားလိုက္ပါ။

ေကာင္းတာတစ္ခုက ခုေနာက္ပိုင္းဖုန္းေတြက ေရစိုခံဖုန္းမဟုတ္ရင္ေတာင္ ဟိုးအရင္ကဖုန္းေတြထက္စာရင္ ေရစိုဒဏ္နည္းနည္းေတာ့

ခံႏုိင္ရည္ရိွၾကပါတယ္။

ဒါေပမယ့္ ပိုမဆိုးေအာင္ ေဆာင္ရန္ ေရွာင္ရန္ေလးေတြကို ၾကည့္လိုက္ရေအာင္ပါ…..

ဖုန္းေရထဲက်ျပီးေနာက္ မလုပ္သင့္သည့္အရာမ်ား

– ခုနကေျပာခဲ့သလို ဖုန္းကိုမဖြင့္ပါနဲ႔။ ေရဝင္ေနတဲ့အခ်ိန္မွာ လွ်ပ္စစ္ပစၥည္းအစိတ္အပိုင္းေတြ ေကာင္းေကာင္းပံုမွန္အလုပ္မလုပ္ႏုိင္ပါဘူး။

– အားလည္း မသြငး္ပါနဲ႔။

– ဘယ္ ခလုတ္ ကိုမွမႏိွပ္ပါနဲ႔။ ဒါဟာ ဖုန္းထဲကို ေရေတြပိုစိမ့္သြားေစႏုိင္ပါတယ္။

– ဖုန္းကို လႈပ္ခါတာမ်ိဳးေတြ ဖုန္းထဲကိုေလမႈတ္တာမ်ိဳးေတြမလုပ္ပါနဲ႔။ ဒါကလည္း ဖုန္းရဲ႕ ဟိုးအတြင္းပို္င္းထဲထိ

ေရပိုေရာက္ေစသလိုျဖစ္ပါလိမ့္မယ္။

– ေလမႈတ္စက္ေတြလံုးဝမသံုးပါနဲ႔။

– ဖုန္းကို ဘာအပူမွမေပးမိပါေစနဲ႔။ အပူပိုမ်ားေလ ဖုန္းကိုပိုပ်က္စီးေစျဖစ္မွာပါ။

– ဖုန္းကို သိပ္ျပီး ေနရာမေရႊ႕ပါနဲ႔။ အထဲမွာ ေရေတြပိုျပန္႔သြားႏုိင္ပါတယ္။

ေရစိုေနတဲ့ဖုန္းကို ျဖဳတ္သင့္တာေတြျဖဳတ္ပါ။

ျဖဳတ္သင့္တာျဖဳတ္ပါလို႔ပဲေျပာတာပါ။

တစ္စစီျဖဳတ္ပစ္လိုက္စရာမလိုပါဘူး။

ကိုယ္ျဖဳတ္ႏုိင္သမွ်အရာေတြ ဥပမာ အဖံုးျဖဳတ္လို႔ရရင္ အဖံုး၊ ဘက္ထရီျဖဳတ္လို႔ရတယ္ဆိုရင္ ဘက္ထရီ၊ SIM ကဒ္ SD ကဒ္

ဒါေတြအကုန္ျဖဳတ္လိုက္ပါ။

အကုန္လံုးကို စကၠဴေပၚမွာ တင္ထားပါ။

တကယ္လို႔ သင္ကနည္းပညာကို နားလည္တဲ့သူ ဒါမွမဟုတ္ ဖုန္းကိုထဲထဲဝင္ဝင္သိတဲ့သူဆိုရင္ေတာ့

ကိုယ္တိုင္တစ္စစီျဖဳတ္လိုက္တာေကာင္းပါတယ္။

ဒါဆိုရင္ေတာ့ ဖုန္းရဲ႕တစ္ပိုင္းခ်င္းစီက ျမန္ျမန္ေျခာက္သြားမွာပါ။

ဒါေပမယ့္ မလုပ္တတ္ရင္ပိုဆိုးသြားနိုင္တာမို႔ သတိထားရမွာပါ။

အျပင္ပိုင္းကို စာရြက္နဲ႔ေျခာက္ေအာင္သုတ္ပါ။

ဖုန္းရဲ႕အျပင္ပိုင္းကို စာရြက္နဲ႔ တစ္ပိုင္းခ်င္းစီေသခ်ာေျခာက္ေအာင္သုတ္ပါ။

ဒါေပမယ့္ အရမ္းၾကီးမလႈပ္ခါေစဘဲ ျဖည္းျဖည္းခ်င္းကိုင္တြယ္ျပီး ေျခာက္ေသြ႔ပါေစ။

ဖုန္စုပ္စက္သံုးႏုိင္ပါတယ္။

စကၠဴနဲ႔သုတ္လို႔မရတဲ့အပိုင္းေတြရိွပါတယ္။

ခုနက ဖုန္းထဲကိုေလထည့္မမႈတ္ဖို႔ပဲ ေျပာတာပါ။

ဖုန္းထဲကေရကို ထြက္လာေအာင္ စုပ္ထုပ္လို႔ေတာ့ရပါတယ္။

ဖုန္စုပ္စက္နဲ႔ဆိုရင္ အႏၱရာယ္လည္းသိပ္မမ်ား ေရလည္း အနညး္အက်ဥ္းေတာ့ထြက္လာမွာပါ။

တတ္ႏုိင္ရင္ေတာ့ ပံုမွာျပထားသလို ဖုန္စုပ္စက္ၾကီးၾကီးကိုသာသံုးေပးပါ။

ေျခာက္ေအာင္လုပ္ေပးပါ။

အခက္ခဲဆံုးအပိုင္းက အခုမွစပါျပီ။

ဒါကေတာ့ သင့္ဖုန္းကို မထိမကိုင္မသံုးဘဲ အခ်ိန္ေတာ္ေတာ္ၾကာထားရမွာပါ။

သူမ်ားဆီကဖုန္းငွားလို႔ရမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ SIM ကဒ္ကို လံုးဝေျခာက္ျပီဆိုမွထည့္သံုးပါ။

ဒါဆိုဖုန္းကိုဘယ္လိုေျခာက္ေအာင္လုပ္မလဲ??

တခ်ိဳ႕ေတြက ဖုန္းအ့ဲလိုျဖစ္သြားျပီဆိုတာနဲ႔ အံဆြဲထဲ စာပြဲေပၚ ဒီတိုင္းပစ္ထားတတ္ၾကပါတယ္။

ဒီလိုမလုပ္ဘဲ ဖုန္းကိုေျခာက္ေသြ႔ေစဖို႔ ဆန္အိတ္ထဲ ၂ ရက္ ၃ ရက္ေလာက္ ထားထားေပးလိုက္ပါ။

ဒါဆို ဘာလို႔ဆန္ကိုသံုးရတာလဲ???

ဘာလို႔လဲဆိုေတာ့ အိမ္တိုင္းမွာအလြယ္တကူရႏုိင္တာ ဆန္ျဖစ္ေနလို႔ပါပဲ။

ဆန္ဆိုတာ ေလထဲကစိုထိုင္းမႈကို စုပ္ယူတဲ့ေနရာမွာအေကာင္းဆံုးပါပဲ။

ဒါဆိုဖုန္းလည္း ေျခာက္သြားမွာပါ။

ေနာက္တစ္မ်ိဳးကေတာ့ ဂ်ယ္လံုးအိတ္ေလးေတြပါ။

ဖိနပ္ေတြ လွ်ပ္စစ္ပစၥည္းဘူးေတြမွာ ပါတတ္တဲ့ စားလို႔မရတဲ့ အလံုးေလးေတြပါ။

သူကလည္း ေျခာက္ေအာင္ကူညီေပးတဲ့ေနရာမွာ ေတာ္ေတာ္ေကာင္းပါတယ္။

ရက္နည္းနည္းၾကာလာတဲ့အခါမွာ ဖုန္းကိုထားထားတဲ့ေနရာကေနထုတ္ျပီး အကုန္ျပန္တပ္ပါ။

ျပီးတာနဲ႔ အားသြင္းျပီး ဖြင့္ၾကည့္ပါ။

အလုပ္လုပ္တယ္ဆိုရင္ေတာ့ ကိုယ့္ၾကိဳးစားမႈေအာင္ျမင္သြားတယ္လို႔ ဆိုရမွာပါ။

မူမမွန္ဘူးထင္တဲ့အပိုင္းေတြကို ရွာေနပါ။

ရက္အနည္းငယ္အတြင္းမွာေတာ့ တစ္ခုခုျဖစ္ေနႏုိင္ပါေသးတယ္။

မုိက္ခရိုဖုန္း earphone ေကာင္းမေကာင္းသိရေအာင္ ဖုန္းေခၚၾကည့္ပါ။

စပီကာေတြကိုလည္း စမ္းၾကည့္ပါ။

တကယ္လို႔ ဖုန္းကအလုပ္မလုပ္ဘူးဆိုရင္ေတာ့ ကြ်မ္းက်င္တဲ့သူ ဒါမွမဟုတ္ ဆိုင္ကိုသာ သြားျပရေတာ့မွာပါ။

Credit: DigitalTimes

Unicode ဖြင့်ဖတ်ရန်

ဖုန်းတစ်လုံးရေကန်ထဲ ဒါမှမဟုတ် အိမ်သာခွက်ထဲကျပြီဆိုတာနဲ့ နောက်ဆက်တွဲက ကောင်းစရာတစ်ခုမှရှိမှာမဟုတ်ပါဘူး။

LG G6 တို့ Samsung Galaxy S8 တို့လို ရေစိုခံဖုန်းတွေမဟုတ်ခဲ့ဘူးဆိုရင်တော့ ပျက်သွားဖို့ရာ အလားအလာပိုများပါတယ်။

အခုနောက်ပိုင်းမှာတော့ ဖုန်းထုတ်လုပ်သူတော်တော်များများ ရေစိုခံနိုင်မှုကို ဦးစားပေးလာတာကိုတွေ့ရပါတယ်။

ဒါ ဇိမ်ခံပစ္စည်းသက်သက် အပိုတွေပါလို့တွေးနေရင်တော့ မှားပါလိမ့်မယ်။

တကယ်ရေထဲကျတဲ့အချိန်မှာ ဘယ်လိုခံစားလိုက်ရမလဲဆိုတာ ကျွန်တော်ကိုယ်တိုင်ပြုတ်ကျဖူးလို့ သိပါတယ်။

ဒီတော့ ရေစိမ်ဖို့မှမဟုတ်တာလို့ တွေးရမှာမဟုတ်ဘဲ တကယ်ရေထဲကျတဲ့အချိန်မှာ ပြဿနာမရှိဖို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဒီတော့ မတော်တဆအခြေအနေမျိုးမဟုတ်ဘဲ ရေထဲဆင်းရမယ့် ရေနဲ့ထိတွေ့ရမယ့်အခြေအနေမျိုးဆိုရင်တော့ ရေစိုခံအိတ်ထဲထည့်ပြီး

ကြိုတင်ကာကွယ်မထားရင် သင့်အပြစ်ဖြစ်သွားပါပြီ။

ဒါဆို တကယ်လို့ရေထဲကျသွားပြီဆိုတဲ့အချိန်မှာ ဘာလုပ်သင့်လဲဆိုတဲ့အချက်ကလေးတွေ ပြောပြပေးသွားပါမယ်။

ဖုန်းရေထဲကျပြီဆိုတာနဲ့ အမြန်ကောက်ပြီး ဖုန်းပိတ်လိုက်ပါ

ရေထဲကျပြီဆိုတာနဲ့ အမြန်ကောက်ပြီး ပိတ်လိုက်ပါ။

ဖုန်းက ဘာမှမဖြစ်သေးဘူးကောင်းနေသေးတယ်ဆိုရင်တောင် ပိတ်ထားလိုက်ပါ။

ဖုန်းဘက်ထရီဖြုတ်လို့ရရင်ဖြုတ်ထားပြီး မရရင်ပိတ်သာထားလိုက်ပါ။

ကောင်းတာတစ်ခုက ခုနောက်ပိုင်းဖုန်းတွေက ရေစိုခံဖုန်းမဟုတ်ရင်တောင် ဟိုးအရင်ကဖုန်းတွေထက်စာရင်

ရေစိုဒဏ်နည်းနည်းတော့ ခံနိုင်ရည်ရှိကြပါတယ်။

ဒါပေမယ့် ပိုမဆိုးအောင် ဆောင်ရန် ရှောင်ရန်လေးတွေကို ကြည့်လိုက်ရအောင်ပါ…..

ဖုန်းရေထဲကျပြီးနောက် မလုပ်သင့်သည့်အရာများ

– ခုနကပြောခဲ့သလို ဖုန်းကိုမဖွင့်ပါနဲ့။ ရေဝင်နေတဲ့အချိန်မှာ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေ

ကောင်းကောင်းပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။

– အားလည်း မသွင်းပါနဲ့။

– ဘယ်ခလုတ်ကိုမှမနှိပ်ပါနဲ့။ ဒါဟာ ဖုန်းထဲကို ရေတွေပိုစိမ့်သွားစေနိုင်ပါတယ်။

– ဖုန်းကို လှုပ်ခါတာမျိုးတွေ ဖုန်းထဲကိုလေမှုတ်တာမျိုးတွေမလုပ်ပါနဲ့။ ဒါကလည်း ဖုန်းရဲ့ ဟိုးအတွင်းပိုင်းထဲထိ

ရေပိုရောက်စေသလိုဖြစ်ပါလိမ့်မယ်။

– လေမှုတ်စက်တွေလုံးဝမသုံးပါနဲ့။

– ဖုန်းကို ဘာအပူမှမပေးမိပါစေနဲ့။ အပူပိုများလေ ဖုန်းကိုပိုပျက်စီးစေဖြစ်မှာပါ။

– ဖုန်းကို သိပ်ပြီး နေရာမရွှေ့ပါနဲ့။ အထဲမှာ ရေတွေပိုပြန့်သွားနိုင်ပါတယ်။

ရေစိုနေတဲ့ဖုန်းကို ဖြုတ်သင့်တာတွေဖြုတ်ပါ။

ဖြုတ်သင့်တာဖြုတ်ပါလို့ပဲပြောတာပါ။

တစ်စစီဖြုတ်ပစ်လိုက်စရာမလိုပါဘူး။

ကိုယ်ဖြုတ်နိုင်သမျှအရာတွေ ဥပမာ အဖုံးဖြုတ်လို့ရရင် အဖုံး၊ ဘက်ထရီဖြုတ်လို့ရတယ်ဆိုရင် ဘက်ထရီ၊ SIM ကဒ် SD ကဒ်

ဒါတွေအကုန်ဖြုတ်လိုက်ပါ။

အကုန်လုံးကို စက္ကူပေါ်မှာ တင်ထားပါ။

တကယ်လို့ သင်ကနည်းပညာကို နားလည်တဲ့သူ ဒါမှမဟုတ် ဖုန်းကိုထဲထဲဝင်ဝင်သိတဲ့သူဆိုရင်တော့

ကိုယ်တိုင်တစ်စစီဖြုတ်လိုက်တာကောင်းပါတယ်။

ဒါဆိုရင်တော့ ဖုန်းရဲ့တစ်ပိုင်းချင်းစီက မြန်မြန်ခြောက်သွားမှာပါ။

ဒါပေမယ့် မလုပ်တတ်ရင်ပိုဆိုးသွားနိုင်တာမို့ သတိထားရမှာပါ။

အပြင်ပိုင်းကို စာရွက်နဲ့ခြောက်အောင်သုတ်ပါ။

ဖုန်းရဲ့အပြင်ပိုင်းကို စာရွက်နဲ့ တစ်ပိုင်းချင်းစီသေချာခြောက်အောင်သုတ်ပါ။

ဒါပေမယ့် အရမ်းကြီးမလှုပ်ခါစေဘဲ ဖြည်းဖြည်းချင်းကိုင်တွယ်ပြီး ခြောက်သွေ့ပါစေ။

ဖုန်စုပ်စက်သုံးနိုင်ပါတယ်။

စက္ကူနဲ့သုတ်လို့မရတဲ့အပိုင်းတွေရှိပါတယ်။

ခုနက ဖုန်းထဲကိုလေထည့်မမှုတ်ဖို့ပဲ ပြောတာပါ။

ဖုန်းထဲကရေကို ထွက်လာအောင် စုပ်ထုပ်လို့တော့ရပါတယ်။

ဖုန်စုပ်စက်နဲ့ဆိုရင် အန္တရာယ်လည်းသိပ်မများ ရေလည်း အနည်းအကျဉ်းတော့ထွက်လာမှာပါ။

တတ်နိုင်ရင်တော့ ပုံမှာပြထားသလို ဖုန်စုပ်စက်ကြီးကြီးကိုသာသုံးပေးပါ။

ခြောက်အောင်လုပ်ပေးပါ။

အခက်ခဲဆုံးအပိုင်းက အခုမှစပါပြီ။

ဒါကတော့ သင့်ဖုန်းကို မထိမကိုင်မသုံးဘဲ အချိန်တော်တော်ကြာထားရမှာပါ။

သူများဆီကဖုန်းငှားလို့ရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ SIM ကဒ်ကို လုံးဝခြောက်ပြီဆိုမှထည့်သုံးပါ။

ဒါဆိုဖုန်းကိုဘယ်လိုခြောက်အောင်လုပ်မလဲ??

တချို့တွေက ဖုန်းအဲ့လိုဖြစ်သွားပြီဆိုတာနဲ့ အံဆွဲထဲ စာပွဲပေါ် ဒီတိုင်းပစ်ထားတတ်ကြပါတယ်။

ဒီလိုမလုပ်ဘဲ ဖုန်းကိုခြောက်သွေ့စေဖို့ ဆန်အိတ်ထဲ ၂ ရက် ၃ ရက်လောက် ထားထားပေးလိုက်ပါ။

ဒါဆို ဘာလို့ဆန်ကိုသုံးရတာလဲ???

ဘာလို့လဲဆိုတော့ အိမ်တိုင်းမှာအလွယ်တကူရနိုင်တာ ဆန်ဖြစ်နေလို့ပါပဲ။

ဆန်ဆိုတာ လေထဲကစိုထိုင်းမှုကို စုပ်ယူတဲ့နေရာမှာအကောင်းဆုံးပါပဲ။

ဒါဆိုဖုန်းလည်း ခြောက်သွားမှာပါ။

နောက်တစ်မျိုးကတော့ ဂျယ်လုံးအိတ်လေးတွေပါ။

ဖိနပ်တွေ လျှပ်စစ်ပစ္စည်းဘူးတွေမှာ ပါတတ်တဲ့ စားလို့မရတဲ့ အလုံးလေးတွေပါ။

သူကလည်း ခြောက်အောင်ကူညီပေးတဲ့နေရာမှာ တော်တော်ကောင်းပါတယ်။

ရက်နည်းနည်းကြာလာတဲ့အခါမှာ ဖုန်းကိုထားထားတဲ့နေရာကနေထုတ်ပြီး အကုန်ပြန်တပ်ပါ။

ပြီးတာနဲ့ အားသွင်းပြီး ဖွင့်ကြည့်ပါ။

အလုပ်လုပ်တယ်ဆိုရင်တော့ ကိုယ့်ကြိုးစားမှုအောင်မြင်သွားတယ်လို့ ဆိုရမှာပါ။

မူမမှန်ဘူးထင်တဲ့အပိုင်းတွေကို ရှာနေပါ။

ရက်အနည်းငယ်အတွင်းမှာတော့ တစ်ခုခုဖြစ်နေနိုင်ပါသေးတယ်။

မိုက်ခရိုဖုန်း earphone ကောင်းမကောင်းသိရအောင် ဖုန်းခေါ်ကြည့်ပါ။

စပီကာတွေကိုလည်း စမ်းကြည့်ပါ။

တကယ်လို့ ဖုန်းကအလုပ်မလုပ်ဘူးဆိုရင်တော့ ကျွမ်းကျင်တဲ့သူ ဒါမှမဟုတ် ဆိုင်ကိုသာ သွားပြရတော့မှာပါ။

Credit: DigitalTimes

Recent Updates

Recent Posts Widget