“အသက္အ႐ြယ္အရ လိုက္ဖက္တဲ့ကာ႐ိုက္တာကို ေ႐ြးခ်ယ္႐ိုက္ကူးသြားမယ့္ ဟိန္းေဝယံ”




အသက္ ၃၀ ေက်ာ္အရြယ္ရွိၿပီျဖစ္တဲ့ ဟိန္းေဝယံက အခုဆုိရင္ ဇာတ္လမ္း၊ ကာရုိက္တာ ေသခ်ာ ေရြးခ်ယ္ၿပီးမွ ရုိက္ကူးျဖစ္ေတာ့မယ္လုိ႔ဆုိပါတယ္။ သူကုိယ္တုိင္ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကလည္း ပရိသတ္အေရွ႕ကုိ အျမန္ဆုံးေရာက္ဖုိ႔ ႀကိဳးစားေနပါတယ္တဲ့။

ဟိန္းေဝယံက သူကုိယ္တုိင္ ဒါရုိက္တာအျဖစ္ ပုံေဖာ္ရုိက္ကူးထားတဲ့ ‘’မာယာကႀကိဳး’’ ရုပ္ရွင္ဇာတ္ကားႀကီးက ပရိသတ္အေရွ႕ေရာက္လာေတာ့မယ္လုိ႔ ဆုိပါတယ္။ ကုိယ္ပုိင္ဖန္တီးမႈျဖစ္တာေၾကာင့္လည္း ေက်နပ္အားရတယ္လုိ႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။

‘’ မာ ယာကႀကိဳးကေတာ့ Post Production အပုိင္းကုိ ကၽြန္ေတာ္ လုပ္ေနပါတယ္။ အသံပုိင္းေတြ လုပ္ေနတယ္။ ဒါေတြၿပီးသြားရင္ေတာ့ ဆင္ဆာၾကည့္တာတုိ႔ က်န္တ့ဲအပုိင္းေတြ ကၽြန္ေတာ္ ဆက္လုပ္ရဦးမယ္။ အေတြ႔အႀကဳံေတြကေတာ့ ကၽြန္ေတာ္ရုိက္ကူးခဲ့တဲ့ အခ်ိန္ေတြ၊ ကၽြန္ေတာ္ တတ္သေလာက္၊ သိသေလာက္ ႀကိဳးစားခဲ့ရတာ ေတြအတြက္ ကၽြန္ေတာ့္ႀကိဳးစားမႈအေပၚမွာေတာ့ ကၽြန္ေတာ္ လိပ္ျပာလုံပါတယ္’’ လုိ႔ သူကဆုိပါတယ္။

အခုဆုိရင္ေတာ့ ဟိိန္းေဝယံရဲ႕ အသက္ဟာ ၃၀ ေက်ာ္အရြယ္ကုိ ေရာက္လာၿပီျဖစ္ပါတယ္။ ဒီအသက္အရြယ္ေၾကာင့္ပဲ ကာရုိက္တာေတြ၊ ဇာတ္လမ္းေတြ ေရြးခ်ယ္ ရုိက္ကူးျဖစ္လာတယ္လုိ႔ ဆုိပါတယ္။

‘’ ကၽြန္ေတာ္ကေတာ့ အခုေနာက္ပုိင္းဆုိရင္ ကၽြန္ေတာ္ တကယ္ရုိက္ခ်င္တယ္၊ ကၽြန္ေတာ္ႀကိဳက္တဲ့ ဇာတ္လမ္းမ်ဳိးကုိပဲ အႏုပညာပုံေဖာ္ျဖစ္တယ္။ ေရြးခ်ယ္ လက္ခံျဖစ္တယ္’’ လုိ႔ သူ႔ရဲ႕ ေမြးေန႔ အလွဴမွာ ေျဖဆုိခဲ့တာျဖစ္ပါတယ္။

ဟိန္းေဝယံကုိယ္တုိင္ ဒါရုိက္တာအျဖစ္ ပထမဆုံးအႀကိမ္ ရုိက္ကူးထားတဲ့ ‘’မာယာကႀကိဳး’’ရုပ္ရွင္ဇာတ္ကားႀကီး ကုိ ၂၀၁၇ ခုႏွစ္ကတည္းက ရုိက္ကူးခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ဟိန္းေဝယံ၊ ေဇရဲထက္၊ ေမသန္းႏု၊ ေမသဥၨာဦးနဲ႔ ရတနာဗုိ တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ ထူးထူးဆန္းဆန္းအေနနဲ႔ကေတာ့ ေဇရဲထက္ကုိ အရမ္းလွပတဲ့ မိန္းကေလးတစ္ဦးအသြင္နဲ႔ ျမင္ေတြ႔ရမွာျဖစ္ပါတယ္။

ဟိန္းေဝယံကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ ဗီဒီယုိဇာတ္ကားေပါင္းမ်ားစြာ၊ တီဗီေၾကာ္ျငာေပါင္းမ်ားစြာ တုိ႔ကုိလည္း ရုိက္ကူးခဲ့ဖူးသူပါ။ အခုဆုိရင္ေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ ၂၀ ေက်ာ္ကုိ ေရာက္ရွိလုိ႔ေနပါၿပီ။ ဒါေၾကာင့္လည္း ဒါရုိက္တာ တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲမွာ အမ်ားဆံုးရပ္တည္သြားမယ္လုိ႔ Duwun Media အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ဖူးပါတယ္။

Credit: Duwun

Unicode Version

အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဟိန်းဝေယံက အခုဆိုရင် ဇာတ်လမ်း၊ ကာရိုက်တာ သေချာ ရွေးချယ်ပြီးမှ ရိုက်ကူးဖြစ်တော့မယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အရှေ့ကို အမြန်ဆုံးရောက်ဖို့ ကြိုးစားနေပါတယ်တဲ့။

ဟိန်းဝေယံက သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အရှေ့ရောက်လာတော့မယ်လို့ ဆိုပါတယ်။ ကိုယ်ပိုင်ဖန်တီးမှုဖြစ်တာကြောင့်လည်း ကျေနပ်အားရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ မာယာကကြိုးကတော့ Post Production အပိုင်းကို ကျွန်တော် လုပ်နေပါတယ်။ အသံပိုင်းတွေ လုပ်နေတယ်။ ဒါတွေပြီးသွားရင်တော့ ဆင်ဆာကြည့်တာတို့ ကျန်တဲ့အပိုင်းတွေ ကျွန်တော် ဆက်လုပ်ရဦးမယ်။ အတွေ့အကြုံတွေကတော့ ကျွန်တော်ရိုက်ကူးခဲ့တဲ့ အချိန်တွေ၊ ကျွန်တော် တတ်သလောက်၊ သိသလောက် ကြိုးစားခဲ့ရတာ တွေအတွက် ကျွန်တော့်ကြိုးစားမှုအပေါ်မှာတော့ ကျွန်တော် လိပ်ပြာလုံပါတယ်’’ လို့ သူကဆိုပါတယ်။
အခုဆိုရင်တော့ ဟိန်းဝေယံရဲ့ အသက်ဟာ ၃၀ ကျော်အရွယ်ကို ရောက်လာပြီဖြစ်ပါတယ်။ ဒီအသက်အရွယ်ကြောင့်ပဲ ကာရိုက်တာတွေ၊ ဇာတ်လမ်းတွေ ရွေးချယ် ရိုက်ကူးဖြစ်လာတယ်လို့ ဆိုပါတယ်။
‘’ ကျွန်တော်ကတော့ အခုနောက်ပိုင်းဆိုရင် ကျွန်တော် တကယ်ရိုက်ချင်တယ်၊ ကျွန်တော်ကြိုက်တဲ့ ဇာတ်လမ်းမျိုးကိုပဲ အနုပညာပုံဖော်ဖြစ်တယ်။ ရွေးချယ် လက်ခံဖြစ်တယ်’’ လို့ သူ့ရဲ့ မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

ဟိန်းဝေယံကိုယ်တိုင် ဒါရိုက်တာအဖြစ် ပထမဆုံးအကြိမ် ရိုက်ကူးထားတဲ့ ‘’မာယာကကြိုး’’ရုပ်ရှင်ဇာတ်ကားကြီး ကို ၂၀၁၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ မေသန်းနု၊ မေသဉ္ဇာဦးနဲ့ ရတနာဗို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ထူးထူးဆန်းဆန်းအနေနဲ့ကတော့ ဇေရဲထက်ကို အရမ်းလှပတဲ့ မိန်းကလေးတစ်ဦးအသွင်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။
ဟိန်းဝေယံကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာ၊ တီဗီကြော်ငြာပေါင်းများစွာ တို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ် ၂၀ ကျော်ကို ရောက်ရှိလို့နေပါပြီ။ ဒါကြောင့်လည်း ဒါရိုက်တာ တစ်ယောက်အဖြစ် အနုပညာလောကထဲမှာ အများဆုံးရပ်တည်သွားမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget