“ထူးချွန်သော်လည်း မတတ်နိုင်ရှာသူလေး…”




ထူးချွန်သော်လည်း မတတ်နိုင်ရှာသူလေး

မကွေးတိုင်းဒေသကြီး ၊ပွင့်ဖြူမြို့နယ်၊ကုန်းဇောင်း

အ.ထ.က မှ (ဖဋ-၁၅၅) ဂုဏ်ထူး ငါးဘာသာ ၊အမှတ် ပေါင်း၅၁၇မှတ်ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ သမီးလေး မေသန္တာလွင်ထွန်း သူမဝါသနာက ဆရာဝန်မကြီးတဲ့

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဇီးကိုင်းအုပ်စု၊ ဝဲဒေါင့်ကျေးရွာက ဦးမြင့်ထွန်း+ဒေါ်နုနုစိန်တို့ရဲ့ သားသမီး သုံးယောက် အနက် အငယ်ဆုံးသမီးလေး အဖေက လယ်ယာ ကျွဲနွားမရှိတဲ့ ကူလီကြုံရာကျဘမ်း၊ အမေက ဆယ်တန်းအောင် ပညာတတ် ကောလိပ်တက်ခဲ့ရပေမယ့် ဘဝပေးအရ တူးရွင်းကိုင် မြက်ကောက် နေ့စားကူလီပါ။

ဒီမိဘ နှစ်ယောက် တစ်နေ့ လုပ်အားခ ၃၀၀၀ကျပ်နဲ့ မိသားစု စားဝတ်နေရေး ဖြေရှင်းခဲ့ရင်း သမီးလေး ထူးချွန်စွာအောင်မြင်ဖို့ သူနှစ်သက်ရာ ထားပေးတဲ့ အာဂအမေ မိသားစု မပြေလည်၍ ဆယ်တန်း ဘော်ဒါမတက်ရန် အဖေ ဖြစ်သူတားခဲ့တဲ့ အချိန် အခါခါငိုခဲ့ရတာက ဒေါ်နုနုစိန်နဲ့ သမီးလေး ဒီလိုနဲ့ ကိုးတန်းအောင် ဆယ်တန်း အတွက်

ဘော်ဒါ ဝင်ခွင့်ဖြေဖို့ ကုန်းဇောင်းသို့ တစ်နာရီလောက် လမ်းလျှောက် သားမိနှစ်ယောက် လက်တွဲ အောင်ပွဲဝင်ဖို့ သွားခဲ့သည့် အတိုင်း အောင်မြင်ခဲ့သည့် အချိန် အခက်အခဲက ဆီးကြိုနေလေရဲ့ အဲဒါက ဘော်ဒါတက်ဖို့ အချိန်ကျ လက်ထဲက ခြူးတစ်ပြားမှ ပေးစရာမရှိ။


ကိုးတန်းအောင် အစ်ကိုဖြစ်သူက အပြင်အလုပ် ထွက်လုပ် ကြိုတင် ငွေနှစ်သိန်း ထုတ်ပေးခဲ့တော့ ဝမ်းသာလို့ ငိုခဲ့ရတဲ့ အမေ နောက်ထပ် ငွေပေးသွင်း ရမည့်အချိန် ကလည်ကလည်နဲ့ ငွေကြေးက မလွယ်ပြန်တော့ မိမိတို့ အိမ်ဝိုင်းကို သုံးသိန်းကျပ်နဲ့ပေါင် လက်မ ထောင်ပြီး ငွေပေးသွင်းခဲ့တဲ့ အာဂအမေ(သူကိုယ်တိုင် ဆယ်တန်းအောင် ကာလိပ် တက်ခဲ့ရသူ) ပညာရေး အလေးထားတဲ့ အာဂအမေ ကျေးရွာ

မီးရတာအနှစ်၂၀ကျော်ပေမဲ့ လျှပ်စစ်မီး မရှိလို့ ဖယောင်းတိုင် အားကိုးနဲ့ မဆုတ်မနစ် ကြိုးစားခဲ့သူက သမီးငယ်။ တစ်ခါတစ်ရံ အိမ်နီးချင်းရဲ့ လျပ်စစ်မီး အောက်အားပါးတရ သမီး စာကျက်နေတာကြည့်ပြီး အခါခါ ငိုခဲ့ရတဲ့ အမေ(ဘဝက ခါးပါတယ်ဆရာရယ် တစ်ခါတလေတောင်မျက်နှာသာမပေးခဲ့ဘူးတဲ့)

“ကျမတို့ အကြောင်းပြောရရင် မကုန်နိုင်ပါဘူး ဆရာရယ် သမီးလေးတွေ ပညာတတ်ဖို့ ကျမတို့ရွာက ငွေစုငွေချေးအသင်းတွေ မေးကြည့်ပါဆရာ ကျမမယူတဲ့ အဖွဲ့မရှိပါဘူး၎ကျပ်တိုး၊ ငါးကျပ်တိုး၊ ၇ကျပ်တိုး ဘယ်လိုတိုးတိုး ကုလားဖန်ထိုး ယူရတာ ပူစရာ မျက်နှာကို မရှိတော့ပါဘူး ဆရာရယ် အဓိကက သမီးလေး သူတက်ချင်တာ တက်ရပြီး ထူးချွန်ရင် ကျေနပ်ပါတယ် ဆရာရယ်။

ဘယ်လိုဖြစ်ဖြစ် သူလျှောက်ချင်တဲ့ လမ်းလျှောက်ရရင် ပြီးတာပါပဲ”ဆိုတဲ့ အမေ အဲဒီလို အခက်အခဲ အကြပ်အတည်းကြားက သမီးလေး ငါးဘာသာပါတော့ ဝမ်းသာတာပေါ့ ဆရာရယ်။ အကြာကြီး မသာလိုက်ရဘူး ဆရာလို့ အမေဖြစ်သူကဆက်ပြောပါတယ်။


ဒါ့ကြောင့် သမီးလေး ဆေးတက္ကသိုလ် ဆက်တက်ဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ဆရာတို့ဗိမာန်ရှင်အသင်းကြီးကို အကူညီ တောင်းရတာပါ။ သမီးလေး ကျောင်းဆက်တက်နိုင်ဖို့ အလှူရှင်များ၊ ဖောင်ဒေရှင်းများမှ အကူညီပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

အထက်ပါ အချက်အလက်များ မှ လိမ်လည် တင်ပြထားသည့်အချက်များ၊ ချွတ်ချော်သည့် အချက်များ ပါရှိခဲ့ရင် ကျနော့်အား တရားဥပဒေအရ အရေးယူနိုင်ပါသည်။

ဦးဝင်းမြိုင်သန်းဗိမာန်ရှင် အဝေးရောက် အမှုဆောင်(ပဲခူးမြို့)09798508710၈/ပဖန (နိုင်)၀၇၇၅၄၇ကျောင်းတော်ရာ၊ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်း ဒေသကြီး လေးစားပါတယ် သမီးအတွက် TTH group ကတစ်လတစ်သိန်းTeresa Ohn မှ တစ်လ ငါးသောင်းကျပ်စုစုပေါင်း တစ်လကို၁၅၀၀၀၀ ရရှိပြီ ဖြစ်ပါပြီ သမီးလေး ဆေးကျောင်းတက်ဖို့ အဆင်ပြေပါပြီခင်ဗျ။

Credit   \\  original

Recent Updates

Recent Posts Widget