ခရီးသည္တစ္ဦးက ေလအလြန္အကၽြံလည္လုိ႔ အေရးေပၚဆင္းသက္ခဲ့ရတဲ့ ေလယာဥ္
ေလယာဥ္ပ်ံသန္းေျပးဆြဲမႈဟာ စရိတ္စက ႀကီးမားသလုိ ဝန္ေဆာင္ခ ႏႈန္းထားကလည္း တစ္ျခားခရီးသည္ယာဥ္ေတြနဲ႔ အဆေပါင္းမ်ားစြာ ကြာျခားပါတယ္။ အခ်ိန္တုိအတြင္း မိမိသြားလုိရာကို ေရာက္ႏုိင္ျခင္းဆုိတဲ့ အားသာခ်က္ေၾကာင့္ ပုံမွန္အသုံးျပဳသူေတြကလည္း ေန႕စဥ္နဲ႔အမွ်ပါ။
အခုေတာ့ ဒူဘုိင္းမွ အမ္စတာဒမ္ၿမိဳ႕ဆီကုိ ဦးတည္ပ်ံသန္းလာတဲ့ Transavia Airlines အမည္ရ ေလေၾကာင္းလုိင္းဟာ ခရီးသည္တစ္ဦးရဲ႕ လုပ္ေဆာင္မႈေၾကာင့္ လမ္းခုလတ္ ဗီယင္နာၿမိဳ႕မွာပင္ ဆင္းသက္ခဲ့ပါတယ္။ အဆုိပါ ခရီးသည္ဟာ အလုံပိတ္ထားတဲ့ ေလယာဥ္ေပၚမွာ ေလ”တဘူဘူ”လည္ေနၿပီး၊ ဒက္ခ်္လူမ်ိဳးႏွစ္ေယာက္နဲ႔ ေရွ႕ေနာက္ ထုိင္ရတယ္လုိ႔ ဆုိပါတယ္။
ဘယ္လုိမွ မခံရပ္ႏုိင္ေအာင္ အနံ႔အသက္ေတြက ျပင္းလာေတာ့ ေလယာဥ္ေပၚပါ ခရီးသည္ေတြကပင္ အနံ႔ဆုိးဆုိးႀကီးကို ရိပ္မိခဲ့ၿပီး အသံေတြ က်ယ္ေလာင္က်ယ္ေလာင္နဲ႔ စတင္ခဲ့ပါတယ္။ ဒီလုိနဲ႔ ဒက္ခ်္ႏွစ္ဦးကလည္း အဆုိပါအမ်ိဳးသားကို ေအာင့္အည္းသည္းခံထားဖုိ႔၊ ဒီေလာက္ျပင္းတဲ့ အနံ႔နဲ႔ဆုိ အကုန္ဒုကၡေရာက္ႏုိင္ေၾကာင္း ေတာင္းပန္ခဲ့ပါတယ္။
ဒါေပမယ့္ အဲဒီအမ်ိဳးသားကလည္း ဘာအစားမွားလာတယ္မသိ၊ ဘယ္လုိမွေတာင္းပန္တာမရဘဲ သူကိုယ္တုိင္ ႏွာေခါင္းကုိပိတ္ၿပီး ေလလည္ၿမဲပါဘဲ။ ေနာက္ဆုံး ဒက္ခ်္အမ်ိဳးသားႏွစ္ဦးက ေလယာဥ္မယ္ေလးေတြ၊ ေလယာဥ္ဝန္ထမ္းေတြကို သြားေရာက္ တုိင္ၾကားခဲ့ပါတယ္။ ဒါလည္း အဆိုပါအမ်ိဳးသားက ေလလည္ၿမဲပါဘဲ။ ဒီလုိနဲ႔ ေလယာဥ္မွဴးေတြက ဗီယင္နာၿမိဳ႕က ေလယာဥ္ကြင္းတစ္ခုကို အေရးေပၚဆင္းသတ္ခြင့္ ေတာင္းၿပီး ကာယကံရွင္အမ်ိဳးသားကုိ ခ်န္ထားရစ္ခဲ့တယ္လုိ႔ သိရပါတယ္။
ဒါေပမယ့္ ခရီးသည္တစ္ခ်ိဳ႕ကေတာ့ ဒီအျဖစ္အပ်က္ကို မသိဘဲ အေရးေပၚဆင္းသက္ခဲ့ရလုိ႔ ခရီးစဥ္ေႏွာင့္ေႏွးျခင္းအတြက္ ေလေၾကာင္းလုိင္းကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။ အဆုိပါ ေလလည္သူရဲ႕ အနီးအနားမွာ ေနရာရတယ္ဆုိတဲ့ အမ်ိဳးသမီးႏွစ္ဦးက ” ဘာျဖစ္တယ္မသိပါဘူး … ကၽြန္မတုိ႔ ေလယာဥ္ေပၚက အူေၾကာင္ေၾကာင္ ဆင္းခဲ့ရတယ္ … သူတုိ႔ကိုလည္း မသိပါဘူး (ဒက္ခ်္ႏွစ္ဦးကို ရည္ရြယ္ဟန္ရွိ) “လုိ႔ ဆုိပါတယ္။
Video Playe
https://www.shwelight.com/wp-content/uploads/2018/12/Pilot-make-intermediate-landing-after-fight-breaks-out-when-passenger-refuses-to-stop-FARTING.mp4?_=1
00:00
00:40
အျခားတစ္ဦးကလည္း ေလယာဥ္ဝန္ထမ္းေတြရဲ႕ အျဖစ္သည္းမႈကို ေဝဖန္ခဲ့ပါတယ္။ ဒါေပမယ့္ ေလေၾကာင္းလုိင္း တာဝန္ရွိသူတစ္ဦးက ” ဒီေဝဖန္မႈကိုေတာ့ လက္မခံနုိင္ပါဘူး … ဒါက အေရးေပၚအေျခအေနပါ … ကၽြနေ္တာ္တုိ႔ ေလေၾကာင္းလုိင္း ဝန္ထမ္းေတြက ဘယ္လုိအေျခအေနမွာ ဘယ္လုိကိုင္တြယ္ရမလဲ သင္တန္းေကာင္းေကာင္း ေပးထားသူေတြပါ … ဒီအျဖစ္အပ်က္က တစ္ျခားခရီးသည္ေတြကုိ စာနာေထာက္ထားျခင္းေၾကာင့္ ေလေၾကာင္းလုိင္းဝန္ထမ္းေတြက တာဝန္ခံၿပီး ေျဖရွင္းရတဲ့ သေဘာပါ “လုိ႔ ေျဖရွင္းခဲ့ပါတယ္။
Via,နတ္စည္ေတာ္ (shwemom.com)
source : .ladbible.com
Unicode
လေယာဉ်ပျံသန်းပြေးဆွဲမှုဟာ စရိတ်စက ကြီးမားသလို ဝန်ဆောင်ခ နှုန်းထားကလည်း တစ်ခြားခရီးသည်ယာဉ်တွေနဲ့ အဆပေါင်းများစွာ ကွာခြားပါတယ်။ အချိန်တိုအတွင်း မိမိသွားလိုရာကို ရောက်နိုင်ခြင်းဆိုတဲ့ အားသာချက်ကြောင့် ပုံမှန်အသုံးပြုသူတွေကလည်း နေ့စဉ်နဲ့အမျှပါ။
အခုတော့ ဒူဘိုင်းမှ အမ်စတာဒမ်မြို့ဆီကို ဦးတည်ပျံသန်းလာတဲ့ Transavia Airlines အမည်ရ လေကြောင်းလိုင်းဟာ ခရီးသည်တစ်ဦးရဲ့ လုပ်ဆောင်မှုကြောင့် လမ်းခုလတ် ဗီယင်နာမြို့မှာပင် ဆင်းသက်ခဲ့ပါတယ်။ အဆိုပါ ခရီးသည်ဟာ အလုံပိတ်ထားတဲ့ လေယာဉ်ပေါ်မှာ လေ”တဘူဘူ”လည်နေပြီး၊ ဒက်ချ်လူမျိုးနှစ်ယောက်နဲ့ ရှေ့နောက် ထိုင်ရတယ်လို့ ဆိုပါတယ်။
ဘယ်လိုမှ မခံရပ်နိုင်အောင် အနံ့အသက်တွေက ပြင်းလာတော့ လေယာဉ်ပေါ်ပါ ခရီးသည်တွေကပင် အနံ့ဆိုးဆိုးကြီးကို ရိပ်မိခဲ့ပြီး အသံတွေ ကျယ်လောင်ကျယ်လောင်နဲ့ စတင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဒက်ချ်နှစ်ဦးကလည်း အဆိုပါအမျိုးသားကို အောင့်အည်းသည်းခံထားဖို့၊ ဒီလောက်ပြင်းတဲ့ အနံ့နဲ့ဆို အကုန်ဒုက္ခရောက်နိုင်ကြောင်း တောင်းပန်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသားကလည်း ဘာအစားမှားလာတယ်မသိ၊ ဘယ်လိုမှတောင်းပန်တာမရဘဲ သူကိုယ်တိုင် နှာခေါင်းကိုပိတ်ပြီး လေလည်မြဲပါဘဲ။ နောက်ဆုံး ဒက်ချ်အမျိုးသားနှစ်ဦးက လေယာဉ်မယ်လေးတွေ၊ လေယာဉ်ဝန်ထမ်းတွေကို သွားရောက် တိုင်ကြားခဲ့ပါတယ်။ ဒါလည်း အဆိုပါအမျိုးသားက လေလည်မြဲပါဘဲ။ ဒီလိုနဲ့ လေယာဉ်မှူးတွေက ဗီယင်နာမြို့က လေယာဉ်ကွင်းတစ်ခုကို အရေးပေါ်ဆင်းသတ်ခွင့် တောင်းပြီး ကာယကံရှင်အမျိုးသားကို ချန်ထားရစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ခရီးသည်တစ်ချို့ကတော့ ဒီအဖြစ်အပျက်ကို မသိဘဲ အရေးပေါ်ဆင်းသက်ခဲ့ရလို့ ခရီးစဉ်နှောင့်နှေးခြင်းအတွက် လေကြောင်းလိုင်းကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အဆိုပါ လေလည်သူရဲ့ အနီးအနားမှာ နေရာရတယ်ဆိုတဲ့ အမျိုးသမီးနှစ်ဦးက ” ဘာဖြစ်တယ်မသိပါဘူး … ကျွန်မတို့ လေယာဉ်ပေါ်က အူကြောင်ကြောင် ဆင်းခဲ့ရတယ် … သူတို့ကိုလည်း မသိပါဘူး (ဒက်ချ်နှစ်ဦးကို ရည်ရွယ်ဟန်ရှိ) “လို့ ဆိုပါတယ်။
Video Player
00:00
00:40
အခြားတစ်ဦးကလည်း လေယာဉ်ဝန်ထမ်းတွေရဲ့ အဖြစ်သည်းမှုကို ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက ” ဒီဝေဖန်မှုကိုတော့ လက်မခံနိုင်ပါဘူး … ဒါက အရေးပေါ်အခြေအနေပါ … ကျွနေ်တာ်တို့ လေကြောင်းလိုင်း ဝန်ထမ်းတွေက ဘယ်လိုအခြေအနေမှာ ဘယ်လိုကိုင်တွယ်ရမလဲ သင်တန်းကောင်းကောင်း ပေးထားသူတွေပါ … ဒီအဖြစ်အပျက်က တစ်ခြားခရီးသည်တွေကို စာနာထောက်ထားခြင်းကြောင့် လေကြောင်းလိုင်းဝန်ထမ်းတွေက တာဝန်ခံပြီး ဖြေရှင်းရတဲ့ သဘောပါ “လို့ ဖြေရှင်းခဲ့ပါတယ်။
Via,နတ်စည်တော် (shwemom.com)
source : .ladbible.com




