နေတိုးရဲ့ အမေ အရီးကို ချစ်စဖွယ်နှုတ်ဆက်ရင်း စနောက်နေတဲ့ ဝတ်မှုံရွှေရည်
ပရိသတ်တွေချစ်တဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကမှာတော့ အောင်မြင်တဲ့ မင်းသားနဲ့ မင်းသမီးပါပဲ။ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ပြီး အတွဲညီလွန်းတဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေကလဲ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာလဲ နေတိုးနဲ့ ဝတ်မှုံရွှေရည်က အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။
ဒီကနေ့ မေလ(၂၅) ရက်နေ့မှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က စားသောက်ဆိုင်ဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့ပတွက် အတူတူ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေကို နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

နေတိုးနဲ့ အရီးကို နှုတ်ဆက်နေတဲ့ ဝတ်မှုံရွှေရည်

နေတိုးကို ဆူရှီစားဖို့ တိုက်တွန်းနေတာတဲ့😂 ချစ်စရာလေးနော်။
နေတိုးကနဲ့ ဝတ်မှုံရွှေရည်က ရုပ်ရှင်အတူတူ ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ ကိုယ်စီလုပ်ကိုင်ရင်း မအားမလပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလဲ လှပလွန်းတဲ့ ဝတ်မှုံရွှေရည်နဲ့ ခန့်ချောကြီး ကိုနေတိုးတို့ရဲ့ လိုက်ဖက်လွန်းတဲ့ပုံရိပ်တွေကို သဘောကျကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ ကစ်ကစ်နဲ့ ကိုနေတိုးရဲ့ အခုပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: Nay Toe & Wutt Hmone Shwe Yi’s fb



