“အချစ်ကြောင့် စိတ်ဆင်းရဲနေတာတွေကို ရပ်တန့်ချင်ရင် ဒီအချက် (၅)ချက်ကို မှတ်ထားပါ”





“အချစ်ကြောင့် စိတ်ဆင်းရဲနေတာတွေကို ရပ်တန့်ချင်ရင် ဒီအချက် (၅)ချက်ကို မှတ်ထားပါ”

အချစ်ရေး ကံမကောင်းဘူး၊ အချစ်မှာ မပျော်ရွှင်ရဘူးလို့ ကိုယ့်ကိုယ်ကို မှတ်ယူထားတဲ့ သူလေးတွေများရှိနေလား။

စိတ်ပညာရှင်တွေ ပြောကြားချက်အရ အချစ်ရေးအတွက် စိတ်ဆင်းရဲနေတာကိုလျှော့ချနိုင်မယ့် လက်တွေ့ကျကျ နည်းလမ်းလေးတွေကို ထုတ်ပြန်ခဲ့ပါတယ်။

ကဲ အချစ်တစ်ခုကြောင့် စိတ်ဆင်းရဲနေတာတွေကို ရပ်တန့်ဖို့ ဒီအချက်လေးတွေကိုသာ မှတ်ထားလိုက်ပါနော် …။ ။

(၁) ကိုယ်စိုးရိမ်နေတာကို ဖွင့်ဟပါ ”


ချစ်သူနှစ်ယောက်မှာ တစ်ယောက်က စိုးရိမ်စိတ်လွန်ကဲပြီး လိုက်စိတ်ပူနေသလောက် တစ်ယောက်က အလွန်အမင်းသွေးအေးနေတာမျိုးလည်းရှိတတ်ပါတယ်။

အဲ့ဒီလို စိုးရိမ်နေရင် ကိုယ်သူ့ကို စိုးရိမ်နေတာနဲ့ပတ်သက်လို့ ရိုးရိုးသားသားဖွင့်ဟပါ။ သူ့ဘက်က ဘာမှမသိဘဲ ကိုယ့်ဘက်ကပဲ အလွန်အမင်း စိုးရိမ်စိတ်ပူနေတာမျိုးက တောက်လျှောက် ကိုယ့်ကို စိတ်ဆင်းရဲစေပြီး သည်းမခံနိုင်တဲ့အခါ ဆိုးဆိုးရွားရွား အဆုံးသတ်သွားစေနိုင်ပါတယ် …။

(၂) အတွေးမလွန်ပါနဲ့ ”


လောကကြီးမှာ ဘယ်အရာမှ သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ တွက်ဆထားလို့ မရပါဘူး။ သူ့ဘက်က သင့်အပေါ် လိမ်ညာ၊ သစ္စာဖောက်တာမျိုး လုပ်ခဲ့ဖူးလို့ နောက်တစ်ကြိမ် ယုံကြည်ဖို့ခက်နေရင် ဒီခံစားချက်ကြီးကို သယ်ဆောင်ပြီးရှေ့ဆက်ကြမယ့်အစား လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်။

ဒီလိုမှမဟုတ်ဘဲ ကိုယ့်ဘက်က မပြတ်နိုင်ဘူး၊ရှေ့ဆက်ချင်သေးလို့ခွင့်လွှတ်မယ်ဆိုရင်လည်း ဒါနဲ့ပတ်သက်လို့ပြန်ပြန်ပြောပြီး နှစ်ဖက်လုံးစိတ်ညစ်ရအောင် လုပ်မနေသင့်ပါဘူး။

ဒါက ဖြစ်ပြီးသွားတဲ့ အခြေအနေအတွက်ပြောတာပါ။ တကယ်လို့ အဲ့ဒီလိုတွေ မဖြစ်သေးဘူး၊ ဖြစ်လာမှာ စိုးရိမ်နေတယ်ဆိုရင်တော့ အဲ့ဒီအတွေးတွေကို ရပ်တန်းက ရပ်ဖို့ပြောပါရစေ၊ မဖြစ်လာသေးတာတွေအတွက် ကိုယ့်ကိုယ်ကို နှိပ်စက်နေသလိုဖြစ်နေတာမို့ အတွေးမလွန်ဖို့ကို ပြောချင်တာပါ …။

(၃) ကိုယ်ရွေးချယ်ထားတဲ့သူအပေါ်ယုံကြည်ပေးပါ ”


သံသယတွေနဲ့ရှေ့ဆက်နေမယ်ဆိုရင် အချစ်ရေးမှာ စိတ်ညစ်စရာတွေပဲဖြစ်နေမှာပါ။ ဒါကြောင့် အစကတည်းက ကိုယ်ယုံကြည်ရမယ့်သူမျိုးကိုရွေးချယ်ပါ၊ ရွေးချယ်ပြီးသွားပြီဆိုရင်လည်း ကိုယ်ရွေးချယ်ထားတဲ့သူကို ယုံကြည်ပေးပါ …။

(၄) တေးမှတ်မထားပဲ ပေါက်ကွဲပါ ”

ချစ်သူနှစ်ယောက်က တစ်ဘဝလုံးလက်တွဲဖို့စိတ်ကူးထားရင် တစ်ယောက်နဲ့တစ်ယောက်ကြား မကြိုက်တာတွေ၊ မကျေနပ်တာတွေကို တေးမှတ်ထားလို့ မရပါဘူး။ အဲ့ဒီလို တေးထားတာက သည်းမခံနိုင်တဲ့တစ်နေ့ ထိန်းမရလောက်အောင် ဆိုးသွားနိုင်တာကြောင့် မကျေနပ်တာကို မကျေနပ်တဲ့အကြောင်းချက်ချင်းပြောပါ၊ ဖြေရှင်းပါ၊ ပေါက်ကွဲလိုက်ပါ …။

(၅) အရာအားလုံးကို ထိန်းချုပ်လို့မရနိုင်ဘူးလို့မှတ်ထားပါ ”


ကိုယ့်ချစ်သူကို ကိုယ့်စိတ်ကြိုက် ပုံစံမျိုးဖြစ်စေချင်ကြတာကတော့ လူတိုင်းပါပဲ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ ပုံစံမျိုး မဖြစ်လို့ဆိုပြီး စိတ်တိုင်းမကျတွေဖြစ်၊ ပြောင်းလဲဖို့ကြိုးစားမယ်ဆိုရင် ပိုပိုပြီး စိတ်ဆင်းရဲရပါလိမ့်မယ်။

ဒါကြောင့် အဲ့ဒီလို ပြောင်းလဲချင်တဲ့၊ ထိန်းချုပ်ချင်တဲ့ စိတ်တွေကို လျှော့ပြီး အရာအားလုံး ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ဘူးလို့ မှတ်ထားကာ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါနော် …။ ။

MAY THAZINHTOO

Credit   \\  original

Recent Updates

Recent Posts Widget