ဆရာဝန်ကြီးက အမွှာပူးကိုယ်ဝန်ဆောင်မိခင်အားအော်ငေါက်သဖြင့် မီးဖွားပြီး ၈ နာရီအကြာ၌ သေဆုံး
ဆရာဝန်ကြီးက အမွှာပူးကိုယ်ဝန်ဆောင်မိခင်အားအော်ငေါက်သဖြင့် မီးဖွားပြီး ၈ နာရီအကြာ၌ သေဆုံး
ကိုယ်ပိုင်အပြင်ဆေးခန်းအား လာမပြ၍ အော်ဟောက်ခံရသော ခလေးအမွှပူးကိုယ်ဝန်ဆောင်မိခင် ဇီးကုန်းဆေးရုံး၌ မီးဖွားပြီး ၈ နာရီအကြာ၌ သေဆုံး
ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံ ၌ မေလ ၁၈ရက်နေ့၌ ကလေးအမွှပူးမွေးဖွားသော အသက်(၃၅)နှစ်ရှိကိုယ်ဝန်ဆောင်မိခင်မတင်သန်းသေဆုံးသွားကြောင်းကျန်ရစ်သူ မိသားစု များထံမှ သိရှိရသည်။
မေလ ၁၇ ရက် နံက်က ကျွန်မ ညီမ ဗိုက်နာလို့ ဆရာဝန်ကြီးအိမ်ကို သွားပြီးဆေးပြပါတယ် ဆရာဝန်ကြီးက ဗိုက်ကလမစေ့သးဘူး ၆လပိုင်း ၇ ရက် နေ့လောက်မှ မွေးမှာ ဘာလို့ ငါ့အိမ်ကို လာတာလဲ အပြင်မှာ ကိုယ်ပိုင်ဆေးခန်းရှိတယ် အဲဒီကိုလာပါလား နင်တို့ကြောင့် ငါ အလုပ်နောက်ကျတယ် ဆိုပြီး အော်ဟောက်ပြောပါတယ်´ဟု ဆေးပြလိုက်သွားတဲ့ ညီမဖြစ်သူ မနိုင်ကပြောကြားသည်။
ဆရာဝန်ကြီးအိမ်က ပြန်လာပြီး ညရောက်တော့ ဗိုက်က တအားနာနေတာနဲ့ ကျွန်မတိုလည်း ည ၁နာရီခွဲဝန်းကျင်လောက် ဆေးရူံတင်ပို့လိုက်တယ် ဆရာမတွေက ဘာလို့အခုမှ လာတာလဲ နောက်တောင်ကျနေပြီလို အပြောခံရပါတယ် ကျွန်မ တို့လည်း မနက်ကဆရာဝန်ကြီးနဲ့ပြပါတယ် ဗိုက်က လမစေ့သးဘူးပြောပါတယ်လို့ပြန်ပြောလိုက်ပါတယ်
ကိုယ်ဝန်ဆောင်သည်ကို ဗိုက်ခွဲပြီးမွေးတာယောက်ျားလေးတစ်ယောက် မိန်းခလေးတစ်ယောက်မွေးပါတယ် ခလေးတွေရော လူကြီးရော ကျန်းမာပြီးစိတ်ချရပြီလို့ဆရာဝန်ကြီးက ပြောကြောင်း မိသားစုဝင်တွေက ရှင်းပြသည်။
နံက်၃နာရီ၌မွေးဖွားပြီး ၁၀နာရီကျော်မှာ တာဝန်ကျဆရာမကဆေးထိုးပေးပြီးနောက် မျက်ဖြူလန်သွားလို့ အောက်ဆီဂျင်ပေးပင်မယ့် ၁၁ နာရီမှာသေဆုံးသွားကြောင်းသိရှိရသည်။
သေဆူံးသူ မိသားစုဝင်တွေ ပြောတာ မဟုတ်ပါဘူး ဒီကိုယ်ဝန်ဆောင်သည်ဟာ.အသက်လည်းရပြီ သူ့မှာ ကိုယ်ဝန်ဆိပ်တက်တဲ့ရောဂါလည်းရှိတယ်ဖောတာလည်းရှိတယ်သူ့ရောဂါနဲ့သူဆုံးသွားတာဖြစ်ကြောင်းဇီးကုန်းမြို့နယ် ပြည်သူ့ ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးမှ BagoWeeklyသို့ဖြေကြားသည်
ကျန်ခဲ့တဲ့ ခလေးအမွှပူး အား မိသားစုများမှ မွေးနိုင်ခြင်းမရှိလို့ မွေးစားနိုင်မယ့်သူကို တရားဝင် လက်မှတ်ထိုးပေးမယ်လို့ မိသားစုဝင်များထံမှသတင်းသိရှိရပါသည်
BagoWeeklyJournal


