လက္ရွိပင္စင္စနစ္သည္ တုိင္းျပည္ဘ႑ာ အမ်ားအျပားစုိက္ထုတ္ေနရေသာေၾကာင့္ စနစ္သစ္သုိ႔ေျပာင္းမည္





၀န္ထမ္းမ်ား အားလံုးရရွိေနသည့္ ပင္စင္လစာကို နုိင္ငံေတာ္အစိုးရမွ ေပးေနသည့္ စနစ္မွ ၀န္ထမ္းႏွင့္ နုိင္ငံေတာ္အခ်ိဳးခ် စုေဆာင္းၿပီး ပင္စင္လစာစုသည့္ စနစ္သို႔ေျပာင္းလဲရန္ ဥပေဒတစ္ရပ္ေရးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။

ယေန႔ ေနျပည္ေတာ္ ျပန္ၾကားေရး၀န္ႀကီးဌာနတြင္ျပဳလုပ္ခဲ့ေသာ အစိုးရတတိယတစ္ႏွစ္တာကာလ သတင္းစာ ရွင္းလင္းပြဲ တြင္ အဆိုပါကိစၥႏွင့့္ပတ္သက္၍ စၤီမံ႑ာ၀န္ႀကီးဌာန မွ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ပင္စင္ျပဳျပင္ေျပာင္းလဲေရးမဟာဗ်ဴဟာကိုေရးဆြဲလ်က္ရွိၿ့ပီး central provident law (CPL) ကိုေရးဆြဲလ်က္ရွိေၾကာင္း ၀န္ႀကီးဌာနမွ တာ၀န္ရွိသူ ေဒါက္တာ၀ါ၀ါေမာင္က ရွင္းျပသည္။

အဆိုပါေျပာင္းလဲမည့္စနစ္သည္ ၀န္ထမ္းမ်ားကိုယ္တိုင္ လစာ၏ ရာခုိင္ႏႈန္းတစ္ခုကို ထည့္၀င္စုေဆာင္းရမည္ျဖစ္ေၾကာင္း၊ ယင္း၀န္ထမ္းကိုယ္တိုင္ထည့္၀င္သည့္လစာပမာဏအတိုင္း နုိင္ငံေတာ္က ဆတူထည့္၀င္ေပးမွာျဖစ္ေၾကာင္း၊ အဆိုပါ စုေဆာင္းထားသည့္ေငြမ်ားကို ၎၀န္ထမ္းအသက္ ၆၀ ျပည့္ ပင္စင္ယူပါက တစ္လံုးတစ္ေပါင္းတည္း ျပန္လည္ ထုတ္ယူ ခြင့္ရရွိမွာျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

“ဥပမာ ၀န္ထမ္းလစာရဲ႕ ၅ရာခိုင္ႏႈန္းကို ထဲထည့္၀င္ရမယ္ဆိုရင္လည္း နုိင္ငံေတာ္အစိုးရက ဆတူ ၅ရာခိုင္ႏႈန္းေပါ့။ ဥပမာ တစ္သိန္းရတဲ့သူက ၅၀၀၀ စုမယ္ဆိုလို႔ရွိရင္ နုိင္ငံေတာ္အစိုးရဘက္ကလည္း ၅၀၀၀ ထည့္ေပးမယ္။ အဲဒီေတာ့ ၀န္ထမ္း သည္ လတိုင္းလတိုင္း ၁၀၀၀၀ရမယ္ေပါ့။ တျဖည္းျဖည္းနဲ႔စုသြားတာေပါ့။ သူအသက္ ၆၀ ျပည့္ရင္ တစ္လံုးတစ္ခဲတည္း ရရွိ သြားမွာေပါ့” ဟု ၎ကဆိုသည္။

အဆိုပါ ဥပေဒကို ယခုအစိုးရသက္တမ္းအတြင္းၿပီးစီးေအာင္ အတက္နုိင္ဆံုးေဆာင္ရြက္လ်က္ရွိေၾကာင္း ေဒါက္တာ ၀ါ၀ါေမာင္ က ဆိုသည္။ လက္ရွိတြင္ ပထမဥပေဒမူၾကမ္းထြက္ျပီျဖစ္ေၾကာင္းသိရသည္။

အဆုိပါ စနစ္တြင္ လက္ရွိ လုုပ္သက္ ၁၀ ႏွစ္ေအာက္၀န္ထမ္းမ်ား အားလံုးအက်ံဳး၀င္ရန္လ်ာထားၿပီး ဥပေဒျပဌာန္းၿပီး ထပ္မံ ခန္႔အပ္ေသာ ၀န္ထမ္းမ်ားလည္း အက်ံဳး၀င္မွာျဖစ္ေၾကာင္းသိရသည္။

“က်မတို႔စဥ္းစားတာက ဆယ္ႏွစ္ေအာက္ေပါ့ ၊ လုပ္သက္ဆယ္ႏွစ္ေအာက္၀န္ထမ္းေတြ အက်ံဳး၀င္တဲ့အထဲမွာပါမယ္။ ၿ႔ပီးေတာ့ ဒီဥပေဒျပဌာန္းၿပီး ေနာက္ထပ္ခန္႔တဲ့ ၀န္ထမ္းေတြကေတာ့ ေအာ္တို အက်ံဳး၀င္မွာေပါ့။ ေလာေလာဆယ္မွာ က်မတို႔က ဒီဟာကိုတြက္ခ်က္ေဆာင္ရြက္ေနတဲ့အပိုင္းပဲျဖစ္ပါတယ္” ဟု ေဒါက္တာ၀ါ၀ါေမာင္က ဆိုသည္။

ခန္႔မွန္းခ်က္အရ လုပ္သက္ ၁၀ ႏွစ္ေအာက္ ၀န္ထမ္း စုစုေပါင္း ၄သိန္း၀န္းက်င္ရွိေၾကာင္းသိရသည္။

ယင္း ၀န္ထမ္း ၄ သိန္းခန္႔ဘက္မွ စုေဆာင္းေငြ ၄ ဘီလ်ံ၊ အစိုးရဘက္က ထည့္ေပးမည့္ေငြ ၄ ဘီလ်ံ၊ စုစုေပါင္း တစ္လလွ်င္ ၈ ဘီလ်ံခန္႔ ရွိမည္ျဖစ္ေၾကာင္းသိရသည္။

အဆုိပါ စုေဆာင္းထားသည့္ ေငြမ်ားကိုလည္း ဖန္ဘုတ္အဖြဲ႕က ကိုင္မထားဘဲ ပေရာဂ်က္မ်ား၊ စေတာ့ပ္ရွယ္ယာ မားကတ္ မ်ားတြင္ ထည့္၀င္သည့္အေနအထားမ်ိဳးျဖင့္ တိုးေအာင္ရွာေဖြရမွာျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

“ဥပမာဆိုလို႔ရွိရင္ အခုခ်ိန္မွာ ပင္စင္ယူမယ့္ ဒါရိုက္တာတစ္ေယာက္က ပင္စင္လခစာ ၁ သိန္း ၉ေသာင္းေက်ာ္ေလာက္ ရမယ္ဆိုရင္ ၊ ၃၅ ႏွစ္ေလာက္အလုပ္လုပ္တယ္၊ အဲဒီပုဂၢိဳလ္က ဒုတိယဦးစီးမွဴးအေနနဲ႔ ၀င္တယ္ဆိုပါစို႔။ အဲ့ဒီမွာ တြက္လိုက္ တဲ့အခါ သူ ပင္စင္ယူတဲ့အခ်ိန္ ညႊန္မွဴးအေနနဲ႔ယူမယ္ေပါ့ေနာ္။ ယူခဲ့မယ္ဆိုရင္ေပါ့ေနာ္ တြက္ခ်က္ၾကည့္ရင္ ၈ ရာခိုင္ႏႈန္းနဲ႔ တြက္ရင္ေတာင္ သိန္း ၅၀၀ ေက်ာ္ပါတယ္။ ဒါေတြကစဥ္းစားေနတုန္းပါပဲ။ မျပတ္ေသးပါဘူး” ဟု ၎ကဆိုသည္။

တစ္နုိင္ငံလံုးတြင္ ပင္စင္စား ၉ သိန္းခန္႔ရွိေၾကာင္း သိရသည္။

အဆုိပါ ပင္စင္စားမ်ားအတြက္ အသံုးစရိတ္အေနျဖင့္ ပင္စင္လစာမ်ား မတိုးျမင့္ခင္ ၇၃၆ ဘီလီယံရွိခဲ့ၿပီး ပင္စင္လစာမ်ား တိုးျမွင့္ၿပီးေနာက္တြင္ ဘီလီယံ ၁၀၀၀ ေက်ာ္ေလာက္သံုးစြဲေနေၾကာင္းသိရသည္။

ယင္းပမာဏသည္ တစ္နုိင္ငံလံုးအခြန္ရေငြ၏ ၆ ပံု ၁ ပုံရွိၿပီး အစိုးရအသံုးစားရိတ္စုစုေပါင္း ၏ ၁၀ ရာခိုင္ႏႈန္းရွိေၾကာင္း သိရ သည္။

Credit – သတင္းတမန္

Unicode

၀န်ထမ်းများ အားလုံးရရှိနေသည့် ပင်စင်လစာကို နိုင်ငံတော်အစိုးရမှ ပေးနေသည့် စနစ်မှ ၀န်ထမ်းနှင့် နိုင်ငံတော်အချိုးချ စုဆောင်းပြီး ပင်စင်လစာစုသည့် စနစ်သို့ပြောင်းလဲရန် ဥပဒေတစ်ရပ်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်ခဲ့သော အစိုးရတတိယတစ်နှစ်တာကာလ သတင်းစာ ရှင်းလင်းပွဲ တွင် အဆိုပါကိစ္စနှင့့်ပတ်သက်၍ င်္စီမံဏ္ဍာဝန်ကြီးဌာန မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပင်စင်ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာကိုရေးဆွဲလျက်ရှိြ့ပီး central provident law (CPL) ကိုရေးဆွဲလျက်ရှိကြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ ဒေါက်တာဝါ၀ါမောင်က ရှင်းပြသည်။

အဆိုပါပြောင်းလဲမည့်စနစ်သည် ၀န်ထမ်းများကိုယ်တိုင် လစာ၏ ရာခိုင်နှုန်းတစ်ခုကို ထည့်ဝင်စုဆောင်းရမည်ဖြစ်ကြောင်း၊ ယင်းဝန်ထမ်းကိုယ်တိုင်ထည့်ဝင်သည့်လစာပမာဏအတိုင်း နိုင်ငံတော်က ဆတူထည့်ဝင်ပေးမှာဖြစ်ကြောင်း၊ အဆိုပါ စုဆောင်းထားသည့်ငွေများကို ၎င်းဝန်ထမ်းအသက် ၆၀ ပြည့် ပင်စင်ယူပါက တစ်လုံးတစ်ပေါင်းတည်း ပြန်လည် ထုတ်ယူ ခွင့်ရရှိမှာဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဥပမာ ၀န်ထမ်းလစာရဲ့ ၅ရာခိုင်နှုန်းကို ထဲထည့်ဝင်ရမယ်ဆိုရင်လည်း နိုင်ငံတော်အစိုးရက ဆတူ ၅ရာခိုင်နှုန်းပေါ့။ ဥပမာ တစ်သိန်းရတဲ့သူက ၅၀၀၀ စုမယ်ဆိုလို့ရှိရင် နိုင်ငံတော်အစိုးရဘက်ကလည်း ၅၀၀၀ ထည့်ပေးမယ်။ အဲဒီတော့ ၀န်ထမ်း သည် လတိုင်းလတိုင်း ၁၀၀၀၀ရမယ်ပေါ့။ တဖြည်းဖြည်းနဲ့စုသွားတာပေါ့။ သူအသက် ၆၀ ပြည့်ရင် တစ်လုံးတစ်ခဲတည်း ရရှိ သွားမှာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ ဥပဒေကို ယခုအစိုးရသက်တမ်းအတွင်းပြီးစီးအောင် အတက်နိုင်ဆုံးဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာ ၀ါ၀ါမောင် က ဆိုသည်။ လက်ရှိတွင် ပထမဥပဒေမူကြမ်းထွက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ စနစ်တွင် လက်ရှိ လုုပ်သက် ၁၀ နှစ်အောက်ဝန်ထမ်းများ အားလုံးအကျုံးဝင်ရန်လျာထားပြီး ဥပဒေပြဌာန်းပြီး ထပ်မံ ခန့်အပ်သော ၀န်ထမ်းများလည်း အကျံုးဝင်မှာဖြစ်ကြောင်းသိရသည်။

“ကျမတို့စဉ်းစားတာက ဆယ်နှစ်အောက်ပေါ့ ၊ လုပ်သက်ဆယ်နှစ်အောက်ဝန်ထမ်းတွေ အကျံုးဝင်တဲ့အထဲမှာပါမယ်။ ြ့ပီးတော့ ဒီဥပဒေပြဌာန်းပြီး နောက်ထပ်ခန့်တဲ့ ၀န်ထမ်းတွေကတော့ အော်တို အကျံုးဝင်မှာပေါ့။ လောလောဆယ်မှာ ကျမတို့က ဒီဟာကိုတွက်ချက်ဆောင်ရွက်နေတဲ့အပိုင်းပဲဖြစ်ပါတယ်” ဟု ဒေါက်တာဝါ၀ါမောင်က ဆိုသည်။

ခန့်မှန်းချက်အရ လုပ်သက် ၁၀ နှစ်အောက် ၀န်ထမ်း စုစုပေါင်း ၄သိန်းဝန်းကျင်ရှိကြောင်းသိရသည်။

ယင်း ၀န်ထမ်း ၄ သိန်းခန့်ဘက်မှ စုဆောင်းငွေ ၄ ဘီလျံ၊ အစိုးရဘက်က ထည့်ပေးမည့်ငွေ ၄ ဘီလျံ၊ စုစုပေါင်း တစ်လလျှင် ၈ ဘီလျံခန့် ရှိမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စုဆောင်းထားသည့် ငွေများကိုလည်း ဖန်ဘုတ်အဖွဲ့က ကိုင်မထားဘဲ ပရောဂျက်များ၊ စတော့ပ်ရှယ်ယာ မားကတ် များတွင် ထည့်ဝင်သည့်အနေအထားမျိုးဖြင့် တိုးအောင်ရှာဖွေရမှာဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဥပမာဆိုလို့ရှိရင် အခုချိန်မှာ ပင်စင်ယူမယ့် ဒါရိုက်တာတစ်ယောက်က ပင်စင်လခစာ ၁ သိန်း ၉သောင်းကျော်လောက် ရမယ်ဆိုရင် ၊ ၃၅ နှစ်လောက်အလုပ်လုပ်တယ်၊ အဲဒီပုဂ္ဂိုလ်က ဒုတိယဦးစီးမှူးအနေနဲ့ ၀င်တယ်ဆိုပါစို့။ အဲ့ဒီမှာ တွက်လိုက် တဲ့အခါ သူ ပင်စင်ယူတဲ့အချိန် ညွှန်မှူးအနေနဲ့ယူမယ်ပေါ့နော်။ ယူခဲ့မယ်ဆိုရင်ပေါ့နော် တွက်ချက်ကြည့်ရင် ၈ ရာခိုင်နှုန်းနဲ့ တွက်ရင်တောင် သိန်း ၅၀၀ ကျော်ပါတယ်။ ဒါတွေကစဉ်းစားနေတုန်းပါပဲ။ မပြတ်သေးပါဘူး” ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးတွင် ပင်စင်စား ၉ သိန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်စားများအတွက် အသုံးစရိတ်အနေဖြင့် ပင်စင်လစာများ မတိုးမြင့်ခင် ရ၃၆ ဘီလီယံရှိခဲ့ပြီး ပင်စင်လစာများ တိုးမြှင့်ပြီးနောက်တွင် ဘီလီယံ ၁၀၀၀ ကျော်လောက်သုံးစွဲနေကြောင်းသိရသည်။

ယင်းပမာဏသည် တစ်နိုင်ငံလုံးအခွန်ရငွေ၏ ၆ ပုံ ၁ ပုံရှိပြီး အစိုးရအသုံးစားရိတ်စုစုပေါင်း ၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

Credit – သတင်းတမန်

Recent Updates

Recent Posts Widget