“ခဏခဏ ေမ့တတ္သူေတြ အတြက္ “မွတ္ဉာဏ္ ေကာင္းမြန္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္း ၅ မ်ိဳး”




မွတ္ဉာဏ္ ေကာင္းမြန္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္း ၅ မ်ိဳး

တေန႔တာ လႈပ္ရွား ႐ုန္းကန္ေနရမႈမွာ ခႏၶာကိုယ္နဲ႔ အတူ ဦးေႏွာက္ဟာဆိုရင္လည္း လိုက္လံ အလုပ္လုပ္ေနရပါတယ္။

ေန႔စဥ္နဲ႔အမွ် ဦးေႏွာက္ကို အဓိကထားၿပီး အလုပ္လုပ္ေနရသူေတြမွာေတာ့ မၾကာခဏ ဆိုသလို လုပ္လက္စ အလုပ္ေတြကို ေမ့ေလ်ာ့တာမ်ိဳးေတြ ျဖစ္ေပၚတတ္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္ေတြကို တိုးတက္ေစၿပီး ဉာဏ္ရည္ဉာဏ္ေသြးေတြ ထက္ျမက္လာေစမယ့္ ဦးေႏွာက္ ေလ့က်င့္ခန္းေတြကို မွ်ေဝေပးလိုက္ပါတယ္။

(၁) ႀကိဳက္ႏွစ္သက္ရာ အားကစား တခုခု ျပဳလုပ္ပါ

အိပ္ရာက ႏိုးႏိုးခ်င္း မနက္ခင္းေတြမွာ ေယာဂက်င့္တာ၊ လမ္းေလွ်ာက္တာ၊ အေျပးေလ့က်င့္ခန္း ျပဳလုပ္တာ စတဲ့အားကစားနည္း တမ်ိဳးမ်ိဳးကို ျပဳလုပ္ေပးတာဟာ ခႏၶာကိုယ္အတြက္ေရာ ဦးေႏွာက္အတြက္ပါ အက်ိဳးရွိေစပါတယ္။

(၂) Memory Recall ျပန္လုပ္ပါ

Memory Recall ျပဳလုပ္တယ္ ဆိုတာကေတာ့ ေရွ႕ရက္ေတြမွာ သင္လုပ္ခဲ့တဲ့ ကိစၥေတြ (ဥပမာ- ထမင္းကို ဘယ္ဟင္းနဲ႔ စားခဲ့တယ္ ဆိုတာမ်ိဳးနဲ႔ တလအတြင္း သင္ဝယ္ယူခဲ့တဲ့ အေသးအမႊား ပစၥည္းစာရင္းေတြ) ကို ျပန္လည္စဥ္းစားခိုင္းတာပဲ ျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ သင္မထင္ထားေလာက္ေအာင္ မွတ္ဉာဏ္ တိုးတက္ေစႏိုင္ပါတယ္။

(၃) သီခ်င္းနားေထာင္ပါ

သီခ်င္းနားေထာင္ျခင္းဟာ ဦးေႏွာက္ရဲ႕စြမ္းေဆာင္ရည္ေတြကို ျမင့္တက္ေစႏိုင္သလို စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

(၄) ထမင္းစားတဲ့အခါ တူကို အသုံးျပဳေပးပါ

ဒါကေတာ့ နည္းနည္းထူးဆန္းတဲ့ ကိစၥဆိုေပမယ့္ စိတ္ပညာရွင္ေတြရဲ႕အဆိုအရဆိုရင္ေတာ့ တကယ္ကို ထိေရာက္တဲ့ နည္းလမ္းတခု ျဖစ္ပါတယ္။ တူကိုအသုံးျပဳၿပီး ထမင္းစားျခင္းဟာ အာ႐ုံစူးစိုက္မႈကို ပိုမိုတိုးျမင့္ေစတာေၾကာင့္ မွတ္ဉာဏ္ေတြ တိုးတက္ဖို႔ကို အေထာက္အကူ ျဖစ္ေစပါတယ္။

(၅) စာဖတ္ပါ

တေန႔တာမွာ မိမိရဲ႕အားလပ္ခ်ိန္ေတြထဲကေန ဖဲ့ၿပီး စာဖတ္ဖို႔အတြက္ အခ်ိန္ေပးသင့္ပါတယ္။ စာဖတ္ျခင္းဟာ ဗဟုသုတနဲ႔ စိတ္ခံစားမႈေတြကို တိုးတက္ေကာင္းမြန္ေစတဲ့အျပင္ ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြကိုလည္း ပိုမိုျမင့္တက္ေစပါတယ္။

Ref : lifehack
Credit \ original
Unicode

မှတ်ဉာဏ် ကောင်းမွန်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်း ၅ မျိုး

တနေ့တာ လှုပ်ရှား ရုန်းကန်နေရမှုမှာ ခန္ဓာကိုယ်နဲ့ အတူ ဦးနှောက်ဟာဆိုရင်လည်း လိုက်လံ အလုပ်လုပ်နေရပါတယ်။

နေ့စဉ်နဲ့အမျှ ဦးနှောက်ကို အဓိကထားပြီး အလုပ်လုပ်နေရသူတွေမှာတော့ မကြာခဏ ဆိုသလို လုပ်လက်စ အလုပ်တွေကို မေ့လျော့တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်တွေကို တိုးတက်စေပြီး ဉာဏ်ရည်ဉာဏ်သွေးတွေ ထက်မြက်လာစေမယ့် ဦးနှောက် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

(၁) ကြိုက်နှစ်သက်ရာ အားကစား တခုခု ပြုလုပ်ပါ

အိပ်ရာက နိုးနိုးချင်း မနက်ခင်းတွေမှာ ယောဂကျင့်တာ၊ လမ်းလျှောက်တာ၊ အပြေးလေ့ကျင့်ခန်း ပြုလုပ်တာ စတဲ့အားကစားနည်း တမျိုးမျိုးကို ပြုလုပ်ပေးတာဟာ ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ အကျိုးရှိစေပါတယ်။

(၂) Memory Recall ပြန်လုပ်ပါ

Memory Recall ပြုလုပ်တယ် ဆိုတာကတော့ ရှေ့ရက်တွေမှာ သင်လုပ်ခဲ့တဲ့ ကိစ္စတွေ (ဥပမာ- ထမင်းကို ဘယ်ဟင်းနဲ့ စားခဲ့တယ် ဆိုတာမျိုးနဲ့ တလအတွင်း သင်ဝယ်ယူခဲ့တဲ့ အသေးအမွှား ပစ္စည်းစာရင်းတွေ) ကို ပြန်လည်စဉ်းစားခိုင်းတာပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ သင်မထင်ထားလောက်အောင် မှတ်ဉာဏ် တိုးတက်စေနိုင်ပါတယ်။

(၃) သီချင်းနားထောင်ပါ

သီချင်းနားထောင်ခြင်းဟာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို မြင့်တက်စေနိုင်သလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

(၄) ထမင်းစားတဲ့အခါ တူကို အသုံးပြုပေးပါ

ဒါကတော့ နည်းနည်းထူးဆန်းတဲ့ ကိစ္စဆိုပေမယ့် စိတ်ပညာရှင်တွေရဲ့အဆိုအရဆိုရင်တော့ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ တူကိုအသုံးပြုပြီး ထမင်းစားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုမိုတိုးမြင့်စေတာကြောင့် မှတ်ဉာဏ်တွေ တိုးတက်ဖို့ကို အထောက်အကူ ဖြစ်စေပါတယ်။

(၅) စာဖတ်ပါ

တနေ့တာမှာ မိမိရဲ့အားလပ်ချိန်တွေထဲကနေ ဖဲ့ပြီး စာဖတ်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ စာဖတ်ခြင်းဟာ ဗဟုသုတနဲ့ စိတ်ခံစားမှုတွေကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုလည်း ပိုမိုမြင့်တက်စေပါတယ်။

Ref : lifehack
Credit \ original

Recent Updates

Recent Posts Widget