“အိမ်ကြီး အိမ်ကောင်းနဲ့ နေနိင်ဖို့ စိတ်ကြီးစိတ်ကောင်း ပိုင်ဆိုင်ဖို့ လိုတယ်”
စိတ်ကြီးစိတ်ကောင်းပိုင်ဆိုင်ထားလို့ ခမ်းနားကြီးကျယ်လွန်းလှတဲ့ အိမ်ကြီးအိမ်ကောင်းကို ပိုင်ဆိုင်ထားရသူအမျိုးသမီး …
စိတ်ရဲ့ စွမ်းအားက သိပ်ကို ကြောက်ဖို့ကောင်းတယ်ဗျာ ဟိုရက်က မလင်းဇာနည်ဇော်က fbမှာ “မမေသဉ္ဇာဦး အိမ်တက်ပွဲ အိမ်ကြီးက လှလိုက်တာ ခမ်းနားလိုက်တာ” ဆိုတာတွေ တင်ထားတော့ စိတ်ထဲမှာ “ဟင် မဇာကြီးက ငါတို့လည်း မဖိတ်ဘူး ။
ပုံလေးတွေကြည့်ပြီး ကိုယ့်မှာ သွားချင်လိုက်တာ “ဆိုပြီး စိတ်ထဲမှာတောင် မဇာကြီးကို ကိုယ့်မဖိတ်လေခြင်း ဆိုပြီး ပြောနေသေးတာ…. ပြီးတော့မှ အင်တာဗျူးတွေမှာ မဇာကြီးက သူ့အိမ်မဟုတ်ပါဘူး သူ့မိတ်ဆွေအိမ်ပါဆိုတာ ပြောတော့တောင် အမှတ်တရ သတိထားမိနေသေးတာ၊ အဲ့အိမ်ပိုင်ရှင်ကိုလည်း စိတ်ထဲမှာ ကြိတ်တွေ့ချင်နေတာ အားကျလို့လေ။
တနေ့က ညနေ ဆိုင်သိမ်းခါနီး မဇာကြီး ဖုန်းဆက်လာတယ် “ကို29ရေ ရွှေဘယက် ကြီးကြီးလှလှ တဆင်စာ ရှိလား မိတ်ဆွေတစ်ယောက်က လိုချင်တယ် ဆိုလို့ ကို29ဆိုင် ညွှန်ပေးထားတယ်” လည်း ဆိုရော “ဟာ မဇာကြီးရေ သတိရနေတာ
ဟိုရက်ကတောင် မဇာကြီး အိမ်တက်မဖိတ်လို့ စိတ်ဆိုးနေသေးတာ” လို့လည်း ပြောရော “ဟယ် အဲ့တာ သူများအိမ် အခုလာမှာ အဲ့ အိမ်ပိုင်ရှင် အစစ်” တဲ့ ဟီးဟီးဟားဟားနဲ့ စကားတွေပြောရင်း အဲ့အစ်မက မနက်ဖြန် တိုက်တက်မို့ အလုပ်တွေ ရှုပ်နေလို့ လာဖို့ အချိန်မမှီလို့ ညဘက် ဆိုင်သိမ်းပြီး အိမ်လာပြပေးပါဆိုတော့ ကျွန်တော်တို့က ချိန်းထားတာလေး တစ်ခုနဲ့တိုက်နေလို့ ဆိုင်ကကလေးတွေလွှတ်ပြီး ပြပေး အစ်မကလည်း အားပေးနဲ့ ကြည်နူးစရာ…..
သွားပြတဲ့ ညီလေး ညီမလေးတွေ ပြန်လာတော့ “ဟာ အကိုရာ အိမ်ကြီးကလည်း ဟီးလို့ ပိုင်ရှင်အစ်မကလည်း ချောလိုက်တာမှ ဝင်းမွတ်လို့ ဝတ်မှုန်ရွှေရည်လိုလို ဗီယက်နမ် မင်းသမီးလိုလို မတအား လှတာ အကိုတို့ကိုလည်း တိုက်တက် ဖိတ်စာပေးလိုက်သေးတယ်” ဆိုတော့ ပျော်ချက် ကိုယ့်စိတ်ထဲမှာ တောင့်တလိုက်တဲ့ အရာလေး တစ်ခု အမှတ်မထင် ကိုယ့်လက်ထဲရောက်လာတယ် ဆိုတော့ စိတ်ထဲမှာ လှိုက်ခနဲဘဲ….
ဟုတ်တယ်လေ “ကိုယ် သွားချင်တဲ့ အိမ်သစ်တက်ပွဲ ကို ကိုယ့်စိတ်က တောင့်တမိရုံနဲ့ မဇာကြီး ကိုယ်တိုင် မိတ်ဆက်ပေးလို့ အဲ့ဒီ အိမ်ပိုင်ရှင် အစ်မလှလှလေး ကိုယ်တိုင် သူ့မှာ ဝတ်စရာ ရတနာများစွာ ရှိတဲ့ကြားကမှ တခြား ဘာမှ မဝတ်ဘဲ ကျွန်တော်တို့ 29ရတနာက ရတနာတွေနဲ့ သူ့ရဲ့ ခမ်းနား ကြီးကျယ်တဲ့ အိမ်သစ်တက် မင်္ဂလာ ယူတဲ့ အချိန်မှာ ဝတ်ဆင်ဦးမယ်၊ အဲ့ဒါကို ပြုံးပြုံးကြီး ဘေးက ထိုင်ကြည့်ခွင့်ရဦးမယ် ဆိုတော့ …..
တကယ်ပါ မသိစိတ်ရဲ့ စွမ်းအားတွေက မယုံနိင်စရာ ကောင်းလောက်အောင်ပါဘဲဗျာ….ဒါကြောင်မို့ ကောင်းတာတွေဘဲတွေး ကောင်းတာတွေဘဲ ကြံရွယ်ဖို့ ပိုစိတ်ကူးမိလေရဲ့ တနေ့တည်း (2)ပွဲတိုက်နေပေမယ့် လမ်းသင့်နေတော့ လှည်းကူး ဆေးရုံ အလှုမသွားခင် အိမ်တက် အရင်ဝင်လိုက်တာ
အိုဟို….အားကျစရာ အားရစရာ တွေများဗျာ အဲ့အိမ်ထဲ မဝင်ခင် စိတ်ထဲမှာ စာလေး တစ်ကြောင်းကိုတောင် သတိရမိသား “အိမ်ကြီး အိမ်ကောင်းနဲ့ နေနိင်ဖို့ စိတ်ကြီးစိတ်ကောင်း ပိုင်ဆိုင်ဖို့ လိုတယ်”တဲ့။
ကဲ အိမ်ပိုင်ရှင် အစ်မ ဘယ်လောက်လှကြောင်း မမပိုပိုတို့ရဲ့ အိမ်ကြီး ဘယ်လောက် လှပခမ်းနားကြောင်း အပြောမဟုတ် လက်တွေ့ဆိုတာ ပုံလေးတွေ တစ်ပုံချင်းဆီမှာ သေချာကြည့်ကြည့်နော် …..။
အိမ်တက်က အပြန် ကြည်နူး အားကျစိတ်တွေ တဖွားဖွားနဲ့ ငါ့သားသမီးတွေကို ဒီလို ရေကူးကန်ပါတဲ့ အိမ်ကြီးဆောက်ပေးချင်လိုက်တာ ဆိုပြီး မသိစိတ်က တောင့်တမိပြန်ရောဗျာ
Please: : ညွှန်းစရာ ဆိုင်တွေများစွာကြားကမှ 29ရတနာကို သတိတရ လမ်းညွှန်ပေးပါသော အကယ်ဒမီ မေသဉ္ဇာဦးနဲ့တကွ ဝတ်စရာ ရတနာ များစွာ ရှိပါသော်လည်း ကျွန်တော်တို့ 29ရတနာက ရွှေတဆင်စာကို မှ ယုံယုံကြည်ကြည်နဲ့ ဝယ်ယူအားပေး ဝတ်ဆင်ပေးပါသော အစ်မပိုပိုတို့ မိသားစု အားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဟီးဟီး နောက်ကျသွားလို့ မလင်းရဲ့ နာမည်ကျော် ရွှေခေါက်ဆွဲ လွတ်သွားတာတော နာချက်
Credit-29Jewelery


