လူတိုင္းကို ဖတ္ေစခ်င္လြန္းလို႔ပါ..။ သင္ရွာေနတဲ့ ေငြေတြက ဘယ္သူ႔အတြက္ အမ်ားဆံုးလဲ…!
ေကာင္းလို႔ ျပန္လည္မၽွေဝလိုက္ပါသည္
အိမ္ကို တီဗီဝယ္လာေတာ့ စာအုပ္ေတြ ဘယ္လိုဖတ္ရလဲ ေမ့ကုန္တယ္ ေမာ္ေတာ္ကား ဝယ္လိုက္ေတာ့ လမ္းဘယ္လိုေလွ်ာက္ရလဲ မမွတ္မိေတာ့ဘူး
လက္ထဲမွာ မိုဘိုင္းဖုန္း ကိုင္ႏိုင္ေတာ့ ေပးစာ မေရးတတ္ေတာ့ဘူး ကြန္ျပဴတာ ဆင္လိုက္ေတာ့ စာလံုးေပါင္းသတ္ပုံေတြ ေမ့ကုန္တယ္
အဲယာကြန္း တပ္လိုက္ေတာ့ သစ္ပင္ေအာက္ ေလညွင္းခံဖို႔ မသြားျဖစ္ေတာ့ဘူး ၿမိဳ႕ထဲမွာ အေနၾကာေတာ့ ရႊံ႔ရနံ႔ကို ေမ့သြားတယ္
ဘဏ္ေတြ၊ စမတ္ကဒ္ေတြ သံုးေနရေတာ့ ေငြရဲ႕တန္ဖိုးကို သတိမရျဖစ္ဘူး ေရေမႊးနံ႔ေတြနဲ႔ ရင္းႏွီးေနေတာ့ ပန္းရနံ႔သင္းသင္းကို ေမ့ေနခဲ့တယ္
အသင့္စား Fast Food စနစ္နဲ႔ ယဥ္ပါးလာေတာ့ ကိုယ့္အစားအစာကိုေတာင္ ေျဖာင့္ေအာင္ မခ်က္ႏိုင္ခ်င္ေတာ့ဘူး
တခ်ိန္လံုး ေျပးလႊားရုန္းကန္ေနရေတာ့ ခဏရပ္နားဖို႔ေတာင္ သတိေမ့ေနတယ္ Whatsapp ေတြ ေပၚလာေတာ့ စကားေျပာရတာ ေမ့ကုန္ေရာ
ေသတဲ့အခါ ဘဏ္ထဲမွာ ေငြေတြ က်န္ေနခဲ့တယ္ ရွင္တုန္းကေတာ့ ေလာက္ေလာက္ငွငွ သံုးစြဲရတယ္လို႔ မရွိခဲ့ဘူး ပကတိအျဖစ္မွာေတာ့ ေသရင္ ေငြေတြအမ်ားႀကီး မသံုးျဖစ္လိုက္ပဲ က်န္ေနခဲ့တယ္
တရုတ္ျပည္က လုပ္ငန္းရွင္သူေဌးႀကီးတဦး ေသဆံုးေတာ့မုဆိုးမ ဇနီးသည္က ၁.၉ ဘီလ်ံ အေမြရခဲ့ၿပီးအိမ္က ဒရိုင္ဘာကို ေကာက္ယူလိုက္တယ္
အဲဒီဒရိုင္ဘာက ေျပာတယ္ “တသက္လံုး သူေဌးဖို႔ အလုပ္လုပ္ေပးလာတယ္ ထင္ခဲ့တာ။
သူေဌးက က်ေနာ္႔အတြက္ အလုပ္လုပ္ေပးေနမွန္း ခုမွ သိရေတာ့တယ္” တဲ့။
ရက္စက္တဲ့ အမွန္တရားကေတာ့ ခ်မ္းသာဖို႔ထက္ အသက္ရွည္က်န္းမာဖို႔က ပိုအေရးႀကီးတယ္
က်န္းမာသန္စြမ္းတဲ့ ကိုယ္ခႏၶာ ထိန္းသိမ္းထားဖို႔ အားထုတ္ရမယ္ ဘယ္သူက ဘယ္သူ႔အတြက္ အလုပ္လုပ္ေပးေနတယ္ ဆိုတာသိပ္အေရးမႀကီးဘူး။
ေနာက္ဆံုးေပၚ မိုဘိုင္းဖုန္းတလံုးရဲ႕ ၇၀ ရာခိုင္ႏႈန္းေသာ Function ေတြကို က်ေနာ္တို႔ မလိုအပ္ဘူး ေမာ္ေတာ္ကား အပ်ံစားရဲ႕ အျမန္ႏႈန္း ၇၀ ရာခိုင္ႏႈန္းနဲ႔ အဆင္တန္ဆာေတြကို ဘယ္ေတာ့မွ မသံုးျဖစ္ဘူး နန္းေတာ္ႀကီးတမွ် ႀကီးက်ယ္ခမ္းနားတဲ့ စံအိမ္ႀကီးရဲ႕ ၇၀ ရာခိုင္ႏႈန္းမွာ ဘယ္သူမွ မေနျဖစ္ဘူး ဘီရိုထဲက အဝတ္အစား ၇၀ ရာခိုင္ႏႈန္းကိုလည္းဘယ္ေတာ့မွ ထုတ္မဝတ္ျဖစ္ဘူး
တသက္လံုး အလုပ္လုပ္ၿပီး ရွာေဖြစုေဆာင္းလာတာရဲ႕၇၀ ရာခိုင္ႏႈန္းကိုလည္း သူမ်ားေတြအတြက္ပဲသံုးစြဲပစ္လိုက္ရတာ မ်ားတယ္
ဒီေတာ့ က်န္တဲ့ ၃၀ ရာခိုင္ႏႈန္းေလးကို ထိထိေရာက္ေရာက္ သံုးစြဲရမယ္
မဖ်ားမနာပဲ ရွိရင္ေတာင္ ေဆးမွန္မွန္ သြားစစ္ပါ။ ေရမဆာလည္း ေရေသာက္ပါ။ ျပသနာေတြ ေသေရးရွင္ေရးျဖစ္ေနေစဦးေတာ့ ေမ့ေပ်ာက္ စြန္႔လႊတ္တတ္ပါေစ။
ကိုယ္ မွန္ေနေစဦးေတာ့၊ အေလွ်ာ့ေပးဖို႔ ေနာက္မတြန္႔ပါနဲ႔ အရမ္းခ်မ္းသာၿပီး ၾသဇာရွိေနရင္ေတာင္ ႏွိမ္ခ်ပါ မခ်မ္းသာတဲ့အခါလည္း ေရာင့္ရဲတတ္ပါေစ
ဘယ္ေလာက္အလုပ္မ်ားမ်ား စိတ္နဲ႔ ကိုယ္ကို ေလ့က်င့္ခန္း လုပ္ပါေစ
ကိုယ္ ဂရုစိုက္အေလးထားသူေတြအတြက္ အခ်ိန္ေပးပါ
(အေပၚက သတင္းစကားေလးေတြကို မက္ေဆ့ေဘာက္မွ ေပးပို႔သူမ်ားအား ေက်းဇူးအထူးတင္)
Copy, Credit Suisse
ကောင်းလို့ ပြန်လည်မျှဝေလိုက်ပါသည်
အိမ်ကို တီဗီဝယ်လာတော့ စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ် မော်တော်ကား ဝယ်လိုက်တော့ လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး
လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့ ပေးစာ မရေးတတ်တော့ဘူး ကွန်ပြူတာ ဆင်လိုက်တော့ စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်
အဲယာကွန်း တပ်လိုက်တော့ သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး မြို့ထဲမှာ အနေကြာတော့ ရွှံ့ရနံ့ကို မေ့သွားတယ်
ဘဏ်တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့ ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့ ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်
အသင့်စား Fast Food စနစ်နဲ့ ယဉ်ပါးလာတော့ ကိုယ့်အစားအစာကိုတောင် ဖြောင့်အောင် မချက်နိုင်ချင်တော့ဘူး
တချိန်လုံး ပြေးလွှားရုန်းကန်နေရတော့ ခဏရပ်နားဖို့တောင် သတိမေ့နေတယ် Whatsapp တွေ ပေါ်လာတော့ စကားပြောရတာ မေ့ကုန်ရော
သေတဲ့အခါ ဘဏ်ထဲမှာ ငွေတွေ ကျန်နေခဲ့တယ် ရှင်တုန်းကတော့ လောက်လောက်ငှငှ သုံးစွဲရတယ်လို့ မရှိခဲ့ဘူး ပကတိအဖြစ်မှာတော့ သေရင် ငွေတွေအများကြီး မသုံးဖြစ်လိုက်ပဲ ကျန်နေခဲ့တယ်
တရုတ်ပြည်က လုပ်ငန်းရှင်သူဌေးကြီးတဦး သေဆုံးတော့မုဆိုးမ ဇနီးသည်က ၁.၉ ဘီလျံ အမွေရခဲ့ပြီးအိမ်က ဒရိုင်ဘာကို ကောက်ယူလိုက်တယ်
အဲဒီဒရိုင်ဘာက ပြောတယ် “တသက်လုံး သူဌေးဖို့ အလုပ်လုပ်ပေးလာတယ် ထင်ခဲ့တာ။
သူဌေးက ကျနော့်အတွက် အလုပ်လုပ်ပေးနေမှန်း ခုမှ သိရတော့တယ်” တဲ့။
ရက်စက်တဲ့ အမှန်တရားကတော့ ချမ်းသာဖို့ထက် အသက်ရှည်ကျန်းမာဖို့က ပိုအရေးကြီးတယ်
ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းထားဖို့ အားထုတ်ရမယ် ဘယ်သူက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတယ် ဆိုတာသိပ်အရေးမကြီးဘူး။
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတလုံးရဲ့ ၇၀ ရာခိုင်နှုန်းသော Function တွေကို ကျနော်တို့ မလိုအပ်ဘူး မော်တော်ကား အပျံစားရဲ့ အမြန်နှုန်း ၇၀ ရာခိုင်နှုန်းနဲ့ အဆင်တန်ဆာတွေကို ဘယ်တော့မှ မသုံးဖြစ်ဘူး နန်းတော်ကြီးတမျှ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့ ၇၀ ရာခိုင်နှုန်းမှာ ဘယ်သူမှ မနေဖြစ်ဘူး ဘီရိုထဲက အဝတ်အစား ၇၀ ရာခိုင်နှုန်းကိုလည်းဘယ်တော့မှ ထုတ်မဝတ်ဖြစ်ဘူး
တသက်လုံး အလုပ်လုပ်ပြီး ရှာဖွေစုဆောင်းလာတာရဲ့၇၀ ရာခိုင်နှုန်းကိုလည်း သူများတွေအတွက်ပဲသုံးစွဲပစ်လိုက်ရတာ များတယ်
ဒီတော့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းလေးကို ထိထိရောက်ရောက် သုံးစွဲရမယ်
မဖျားမနာပဲ ရှိရင်တောင် ဆေးမှန်မှန် သွားစစ်ပါ။ ရေမဆာလည်း ရေသောက်ပါ။ ပြသနာတွေ သေရေးရှင်ရေးဖြစ်နေစေဦးတော့ မေ့ပျောက် စွန့်လွှတ်တတ်ပါစေ။
ကိုယ် မှန်နေစေဦးတော့၊ အလျှော့ပေးဖို့ နောက်မတွန့်ပါနဲ့ အရမ်းချမ်းသာပြီး သြဇာရှိနေရင်တောင် နှိမ်ချပါ မချမ်းသာတဲ့အခါလည်း ရောင့်ရဲတတ်ပါစေ
ဘယ်လောက်အလုပ်များများ စိတ်နဲ့ ကိုယ်ကို လေ့ကျင့်ခန်း လုပ်ပါစေ
ကိုယ် ဂရုစိုက်အလေးထားသူတွေအတွက် အချိန်ပေးပါ
(အပေါ်က သတင်းစကားလေးတွေကို မက်ဆေ့ဘောက်မှ ပေးပို့သူများအား ကျေးဇူးအထူးတင်)
Copy, Credit Suisse


