ဇနီးကိုယ်ဝန်ရှိနေချိန် ယောက္ခမအားဓားဖြင့်ထောက်၍ သားမယားပြုကျင့်တဲ့ သားမက်




ဇနီးကိုယ်ဝန်ရှိနေချိန် ယောက္ခမအားဓားဖြင့်ထောက်၍ သားမယားပြုကျင့်တဲ့ သားမက်

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မရဲစခန်းတွင် ၂၀၁၉ မေ ၂၅ရက် ညနေ ၅နာရီအချိန်ခန့်က အလိုမတူသားမယားပြုကျင့်၍ အရေးယူရေးပါရန်တိုင်တန်းမှု့ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဒေါ်—– (၅၃)နှစ် လိန်ပင်ကျေးရွာ ဝမ်းတွင်းမြို့နေသူသည် လွန်ခဲ့သော (၁)နှစ်ခန့်က ၎င်း၏ခင်ပွန်းသေဆုံးသွားသဖြင့် နေအိမ်တွင် သမီးဖြစ်သူနှင့် သားမက်ဖြစ်သူ စိုးမိုးနိုင် (၃၃)နှစ် လိန်ပင်ကျေးရွာ ဝမ်းတွင်းမြို့နေသူယောက္ခမဖြစ်သူဒေါ်တင်ကြည်(၆၀)နှစ်တို့နှင့်အတူနေထိုင်ခဲ့ကြောင်း…၂၀၁၉ မေ ၂၃ရက်နေ့တွင် ဒေါ်—-၏ သမီးဖြစ်သူ ပွားပွား(ခ)ခင်ချိုသန်းမှာ ကိုယ်ဝန်(၈)လခန့်ရှိပြီဖြစ်သော အစ်မဖြစ်သူ ပုသိမ်ကြီးမြို့နယ်မန္တလေးတိုင်းဒေသကြီးနေသူထံပြုစုစောင့်ရှောက်ရန်သွားရောက်နေထိုင်ကြောင်

း နေအိမ်တွင် ဒေါ်—-နှင့် သားမက်ဖြစ်သူ စိုးမိုးနိုင် ယောက္ခမဖြစ်သူ ဒေါ်တင်ကြည်တို့(၃)ဦးသာကျန်ခဲ့ပြီး ၂၀၁၉ မေ ၂၄ရက် ည ၁၁နာရီအချိန်ခန့်တွင် နေအိမ်ရှေ့အဖီအောက်တွင် ဒေါ်—– တစ်ဦးတည်းအိပ်နေစဉ် ၎င်း၏ခန္ဓာကိုယ်ပေါ်မှ လူတစ်ဦးတက်ခွနေသဖြင့် အိပ်ယာမှလန့်နိုးခဲ့ပြီး…

နေအိမ်ရှေ့ထွန်းထားသောမီးအလင်းရောင်ဖြင့်ကြည့်လိုက်ရာ ၎င်းနှင့်တစ်အိမ်တည်းနေ စိုးမိုးနိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်—–မှ “နင်ဘာလုပ်တာလဲ”ဟု မေးရာ “မလှုပ်နဲ့ ငြိမ်ငြိမ်နေ ဓါးရှည်ပါတယ် ငြိမ်ငြိမ်မနေရင် ဓါးနဲ့ထိုးမယ်”ဟု ပြောဆိုပြီး ဒေါ်—- ဝတ်ဆင်ထားသော ဘောင်းဘီအားဆွဲဖြဲပြီး သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့ကြောင်းနှင့်ဓားဖြင့်ထိုးမည်စိုး၍ ပေ(၂၀)ခန့်အကွာတွင် အိပ်နေသော ယောက္ခမဖြစ်သူအား အော်ဟစ်အကူအညီမတောင်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ဓါးရှည်ဖြင့်ထောက်၍ကြောက်ရွံ့အောင်ခြောက်လန့်ပြီး အလိုမတူ သားမယားပြုကျင့်ခဲ့သူ စိုးမိုးနိုင်အား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်—-မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မရဲစန်း(ပ)၂၁၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ-၃၇၆ဖြင့်အမှု့ဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ထီလာ ကိုငယ်လေး


Recent Updates

Recent Posts Widget