တတိယနှစ်ကျောင်းသားက အသက်(၄၃)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးကို မုဒိမ်းကျင့်
တတိယနှစ်ကျောင်းသားက အသက်(၄၃)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးကို မုဒိမ်းကျင့်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့် ရင်းကျေးရွာတွင် မြစ်ကြီးနားတက္ကသိုလ် ဘူမိဗေဒဘာသာရပ်(တတိယနှစ်) ကျောင်းသားတစ်ဦးမှ အသက်(၄၃)နှစ်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲသားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်ထားခဲ့ကြောင်းသိရှိရသည်။
ဖြစ်ပွားပုံမှာ လွန်ခဲ့သော(၂)လခန့် ကဟိုပင်မြို့ နန့် ရင်းကျေးရွာအရှေ့ ပိုင်းရပ်ကွက်နေဒေါ်——— သည် ဖေ့ဘွစ်ခ် သုံးနေစဉ် အကောင့်တစ်ခုမှ ညစ်ညမ်းပုံနှင့်စာသားများပေးပို့ လာခဲ့သည်သဖြင့် ၎င်းအကောင့်အား Block ပေးရန်တရပ်ကွက်တည်းနေ ဇွဲသက်ထွန်း ဆိုသူအား အကူအညီတောင်းခံခဲ့ရာ ဇွဲသက်ထွန်းသည်ဒေါ်——-၏ နေအိမ်မီးဖိုဆောင်အတွင်း ရောက်ရှိလာပြီးအလိုမတူဘဲ ဒေါ်—- အား သားမယားအဖြစ်ပြုကျင့်ခဲ့သည်။
ဒေါ်————သည် တရပ်ကွက်တည်းနေထိုင်သူများဖြစ်သည့် အပြင်မိဘများလည်း အရှက်ရမည်စိုးသဖြင့်အဆိုပါဖြစ်ရပ်အား မည်သူ့ ကိုမျှမပြောဘဲနေလာခဲ့ရာ မေလ(၂၅)ရက်နေ့ ည(၁၁)နာရီ(၅၀) မိနစ် အချိန်ခန့် တွင်ဒေါ်———- သည် ဖေ့ဘွစ်ခ်သုံးနေစဉ်
ဇွဲသက်ထွန်းမှ ၎င်းကျူးလွန်ခဲ့သောဖြစ်စဉ်အတွက် တောင်းပန်လို ကြောင်း Messenger မှဆက်သွယ်လာခဲ့သဖြင့် ဒေါ်———မှကျေနပ်ပြီးဖြစ်သဖြင့်တောင်းပန်ရန်မလိုကြောင်း ဟြေခဲ့သော်လည်း ၎င်းမှာနေအိမ်ရှေ့ ရောက်နေပြီဖြစ်၍တံခါးဖွင့်ပေးရန်ဟြေကြားလာခဲ့သည်။
ဒေါ်———သည်တံခါးဖွင့်မပေးလျှင် နောက်နောင် အန္တရာယ် ပြုမည် စိုးသဖြင့်တံခါးဖွင့်ပေးစဉ် ဇွဲသက်ထွန်းမှာအတင်းတိုးဝင် လာသဖြင့်ဒေါ်——-မှ “ဝင်မလာခဲ့နဲ့ ငါ့ယောင်္ကျားရှိတယ်” ဟုပြောခဲ့ရာ ဇွဲသက်ထွန်းသည် အိမ်ထဲဝင်ပြီး ဖိနပ်များချွတ်သည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး
အမျိုးသားစီးဖိနပ်အား မတွေ့ ရသည့်အခါ”မ—-နင်ကငါ့ကိုလိမ်တယ်၊နင့်ယောင်္ကျား ဖိနပ်ကိုငါမတွေ့ ဘူး”ဟု ဟြေကာ ဒေါ်———အားချုပ်နှောင်ပြီးမီးဖိုခန်းအတွင်းရှိကုတင်သို့ ခေါ်ဆောင်ကာအလိုမတူဘဲ သားမယားအဖြစ်(၄)မိနစ်ခန့် ပြုကျင့်ကာပြန်ထွက်သွားခဲ့သည်။
ထို့ နောက် ဇွဲသက်ထွန်းမှာ Messenger မှတဆင့်ပြန်တောင်းပန် ခဲ့သော်လည်း ဒေါ်——– မှလက်မခံဘဲ နောက်နောင်တွင်လည်း ဤကဲ့သို့ ပြုကျင့်လာနှိုင်သည့်အပြင်သားသမီးများ အတွက်အန္တရာယ်ရှိလာနှိုင်သဖြင့် မေလ(၂၆)ရက်နေ့  ညနေ (၆)နာရီခွဲအချိန်တွင်
ဟိုပင်နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့ရာ စခန်းမှူးရဲအုပ်ဗျက်ဆန်း နှင့်တပ်ဖွဲ့ ဝင်များမှအခင်းဖြစ် နေရာသို့ လိုက်ပါစစ်ဆေးပြီး မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊သက်သေခံပစ္စည်းများ သိမ်းဆည်း ခြင်းစသည့်ရဲလုပ်ငန်းကုန်စင်အောင်ပြုလုပ်ကာ ဇွဲသက်ထွန်းအား ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။
ထို့ နောက် ဇွဲသက်ထွန်း(၂၄)နှစ်(ဘ) ဦးထွန်းထွန်း မြစ်ကြီးနားတက္ကသိုလ် ဘူမိဗေဒဘာသာရပ်(တတိယနှစ်) နန့် ရင်းကျေးရွာ အရှေ့ ပိုင်းရပ်ကွက် ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေထိုင်သူအား ဟိုပင်နယ်မြေရဲစခန်းမှအမှုလက်ခံစစ်ဆေးလျက်ရှိသည်။
အစဥ္အလာထူးတဲ့ မဂၤလာဦးပါခင္မ်



