“ကားေမာင္းခ်န္ပီယံ ဟာမီလ္တန္ကုိ သြားေရာက္အားေပးခဲ့တဲ့ စီေရာ္နယ္ဒုိ”




ေပၚတူဂီနဲ႔ ဂ်ဴဗင္တပ္အသင္းတုိက္စစ္မွဴး စီေရာ္နယ္ဒုိဟာ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလား ေအာင္ပဲြခံခဲ့ၿပီးေနာက္မွာေတာ့ ျပင္သစ္ႏုိင္ငံမုိနာကုိျမဳိ႕ကုိ သြားေရာက္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္ဒုိဟာ ခ်စ္သူ ႐ုိဒရီဂြက္ဇ္၊သားႀကီးျဖစ္သူ ခရစၥတီယာႏုိဂ်ဴနီယာ နဲ႔ အတူ ကားေမာင္းခ်န္ပီယံ ဟာမီလ္တန္ကုိ သြားေရာက္အားေပးခဲ့ၾကတာျဖစ္ပါ တယ္။ေဖာ္ျမဴလာ၀မ္းကားေမာင္းခ်န္ပီယံ ဟာမီလ္တန္ဟာ ျပင္သစ္ႏုိင္ ငံမုိနာကုိျမဳိ႕မွာ က်င္းပေနတဲ့ မုိနာကုိ ဂရင္းပရီၿပဳိင္ပဲြမွာ ၀င္ေရာက္ယွဥ္ၿပဳိင္ရဖုိ႔ ရွိ ေနတာျဖစ္ပါတယ္။

မုိနာကုိ ဂရင္းပရီ ေဖာ္ျမဴလာ၀မ္းကားေမာင္းၿပဳိင္ပဲြမွာ မာစီးဒီးအသင္းက ဟာမီလ္တန္က အသင္းေဖာ္ ဘတ္တာရီ ေဘာ့တက္စ္ကုိ ၇မွတ္အသာနဲ႔ ၿပဳိင္ပဲြကုိ ဦးေဆာင္ေနတာျဖစ္ပါတယ္။ စီေရာ္နယ္ဒုိကေတာ့ ဟာမီလ္တန္ရဲ့ ကားေမာင္းၿပဳိင္ပဲြကြင္းထဲအထိဆင္းၿပီး ဟာမီလ္တန္ကုိ အားေပးစကားေျပာၾကားရင္ သူနဲ႔ အတူ ဓာတ္ပုံတဲြ႐ုိက္ခဲ့ပါတယ္။ အသက္၃၄ႏွစ္ရွိ ျဗိတိန္ကားေမာင္းခ်န္ပီယံ ဟာမီလ္တန္ဟာ ဟာ ကမၻာ့ခ်န္ပီယံဆုကုိ ၂ ႏွစ္ဆက္တုိက္ရယူထားၿပီး စုစုေပါင္း၅ႀကိမ္ ခ်န္ပီယံဆုရယူထားသူျဖစ္ပါတယ္။

စီေရာ္နယ္ဒုိဟာ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ ေဘာလုံးရာသီတစ္ခုျဖတ္သန္းခဲ့ၿပီျဖစ္ေပမယ့္ ေပၚတူဂီအသင္းနဲ႔ အတူ ေနးရွင္းလိဂ္ၿပဳိင္ပဲြ၀င္ေရာက္ကစားဖုိ႔ရွိေနတာျဖစ္ပါတယ္။ ေပၚတူဂီအသင္းရဲ့ ကစားသမား ၂၃ဦးစာရင္း ကုိ ထုတ္ျပန္ခဲ့ရာမွာ စီေရာ္နယ္ဒုိကုိ နည္းျပ ဆန္းတုိ႔စ္က ဆက္လက္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီ အသင္းဟာ ေနရွင္းလိဂ္ဆီမီးဖုိင္နယ္ပဲြစဥ္အျဖစ္ ဆြစ္ဇာလန္အသင္းနဲ႔ ဇြန္လ၅ရက္မွာကစားရမွာျဖစ္ၿပီး အႏုိင္ရရွိခဲ့မယ္ဆုိရင္ေတာ့ ေဟာ္လန္နဲ႔ အဂၤလန္ပဲြက အႏုိင္ရတဲ့အသင္းနဲ႔ ဗုိလ္လုပဲြယွဥ္ၿပဳိင္ကစားသြားရ မွာျဖစ္ပါတယ္။

Jack ( Sports Reader )
Source: Daily Mail

#Unicode Version

ပေါ်တူဂီနဲ့ ဂျူဗင်တပ်အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား အောင်ပွဲခံခဲ့ပြီးနောက်မှာတော့ ပြင်သစ်နိုင်ငံမိုနာကိုမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ချစ်သူ ရိုဒရီဂွက်ဇ်၊သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ နဲ့ အတူ ကားမောင်းချန်ပီယံ ဟာမီလ်တန်ကို သွားရောက်အားပေးခဲ့ကြတာဖြစ်ပါ တယ်။ဖော်မြူလာဝမ်းကားမောင်းချန်ပီယံ ဟာမီလ်တန်ဟာ ပြင်သစ်နိုင် ငံမိုနာကိုမြို့မှာ ကျင်းပနေတဲ့ မိုနာကို ဂရင်းပရီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရဖို့ ရှိ နေတာဖြစ်ပါတယ်။
မိုနာကို ဂရင်းပရီ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ မာစီးဒီးအသင်းက ဟာမီလ်တန်က အသင်းဖော် ဘတ်တာရီ ဘော့တက်စ်ကို ၇မှတ်အသာနဲ့ ပြိုင်ပွဲကို ဦးဆောင်နေတာဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ဟာမီလ်တန်ရဲ့ ကားမောင်းပြိုင်ပွဲကွင်းထဲအထိဆင်းပြီး ဟာမီလ်တန်ကို အားပေးစကားပြောကြားရင် သူနဲ့ အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ အသက်၃၄နှစ်ရှိ ဗြိတိန်ကားမောင်းချန်ပီယံ ဟာမီလ်တန်ဟာ ဟာ ကမ္ဘာ့ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက်ရယူထားပြီး စုစုပေါင်း၅ကြိမ် ချန်ပီယံဆုရယူထားသူဖြစ်ပါတယ်။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ဘောလုံးရာသီတစ်ခုဖြတ်သန်းခဲ့ပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းနဲ့ အတူ နေးရှင်းလိဂ်ပြိုင်ပွဲဝင်ရောက်ကစားဖို့ရှိနေတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းရဲ့ ကစားသမား ၂၃ဦးစာရင်း ကို ထုတ်ပြန်ခဲ့ရာမှာ စီရော်နယ်ဒိုကို နည်းပြ ဆန်းတို့စ်က ဆက်လက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းဟာ နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ဇွန်လ၅ရက်မှာကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ ဟော်လန်နဲ့ အင်္ဂလန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားသွားရ မှာဖြစ်ပါတယ်။

Jack ( Sports Reader )
Source: Daily Mail

Recent Updates

Recent Posts Widget