တင့်တင့်ထွန်းနဲ့တူတယ်လို့ Troll ကြတဲ့အပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြလာတဲ့ နေမင်း
နိုင်ငံကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေမင်းက အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နေမင်းက ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ အများအပြားမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ နေမင်းက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။နေမင်းက လက်တလောမှာ မေးရိုးခွဲစိတ်ပြုပြင်ခဲ့တာနဲ့ ပက်သတ်ပြီး
ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ နေမင်းကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း သူ့ကို မေးရိုးခွဲထားတဲ့ကိစ္စနဲ့ ပက်သတ်ပြီး ချစ်စနိုးနဲ့ စကြ နောက်ကြတာတွေရှိတာကို တွေ့ရပါတယ်။ပရိသတ်တစ်ဦးကလည်း “အနုပညာလောကထဲသို့ တဖန်ပြန်လည်ဝင်ရောက်လာတော့မည့် ပြည်သူ့အချစ်တော် အဆိုတော် သရုပ်ဆောင် တင့်တင့်ထွန်း” ဆိုပြီး နေမင်း
ရဲ့ ပုံနဲ့ စနောက်ထားတာကို တွေ့ရပါတယ်။ ထိုအကြောင်းအရာနဲ့ ပက်သတ်ပြီး နေမင်းက အခုလိုပဲ ပြောထားတာကို တွေ့ရပါတယ်။“ပြည်သူ့ အချစ်တော် အဆိုတော် သရုပ်ဆောင် တင့်တင့်ထွန်း တဲ့ 😂😍 မည်သို့ပင်ဆိုစေကာမူ ခုလိုမျိုးလေး ကျွန်တော့်ကို အကို အမ စသည်များစွာ လူတွေရဲ့ စိတ်လေးထဲမှ အတွေးတစ်နေရာစားလေး ရှိခွင့်ရလိုက်တယ်ဆိုရုံ မျှ ဖြင့်ပင် ဝမ်းသာပီတိ နဲ့ အတူ ကျေးဇူးတင် ဝမိးမြောက် မိ သူပါ ကွယ် 🙏😍❤️👣💪🏿” ဆိုပြီး သူ့ရဲ့ ခံစားချက်ကို ပြောပြထားပါတယ်။
ပရိသတ်က ချစ်လို့ပဲ စစ မုန်းလို့ပဲ စစ မေတ္တာနဲ့သာ တုံ့ပြန်ခဲ့တဲ့ နေမင်းကတော့ တကယ်ကို အနုပညာရှင်ကောင်း ပီသပါတယ်နော်။ ပရိသတ်ကိုလေးစားတဲ့ နေမင်းတစ်ယောက် ဒီထက်မက အောင်မြင်မှုတွေများစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Rowena
Source: Nay Min’s fb
Credit \\ original





