လူေတြနဲ႔ ဆက္ဆံတဲ့အခါ မ်က္ႏွာဖံုးစြပ္ပါ…!




ေသေလာက္ေအာင္မုန္းေနလည္း

အရမ္းခ်စ္ပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

တစက္ကေလးမွ အဆင္မေျပလည္း

အားလံုးအိုေကပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ေတြ႕တဲ့ေနရာ ျဖတ္ကန္ပစ္ခ်င္လည္း

ျမင္တာနဲ႔ ဖက္နမ္းခ်င္ပါတယ္ဆိုတဲ့

မ်က္ႏွာဖံုးကိုစြပ္ပါ…

ခ်ံဳးပြဲခ်ၿပီး ငိုခ်ပစ္ခ်င္လည္း

ထီေပါက္ထားပါတယ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ဒရယ္ေပါက္လို ခ်ိနဲ႔ေနလည္း

ေကသရာဇာလို မ်က္ႏွာဖံုးကိုစြပ္ပါ…

ဘာတစ္ခုမွ လက္မခံခ်င္လည္း

အရာရာမင္းသေဘာပါဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ဘာသိဘာသာ ေနလိုက္ခ်င္လည္း

ေဟးလားဝါးလားဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

စိတ္ထဲရွိသမွ် ေျပာခ်လိုက္ခ်င္လည္း

ေရငံုႏႈတ္ပိတ္ဆိုတဲ့ မ်က္ႏွာဖံုးကိုစြပ္ပါ…

ရင့္က်က္လာေလ မ်က္ႏွာဖံုးစြပ္ေလ

လူပါးဝလာေလ မ်က္ႏွာဖံုးမ်ားေလ

အေရထူလာေလ မ်က္ႏွာဖံုးစံုေလ…

ရွင္းလား…

မ်က္ႏွာဖံုးေတြရဲ႕တန္ဖိုးဟာ

Constant ျဖစ္ေနေၾကာင္းကို သိလာတဲ့တစ္ေန႔

မ်က္ႏွာဖံုးစြပ္ထားရတဲ့ အရသာအေပၚ

ခံတြင္းေတြ႕လာပါလိမ့္မယ္…

ကဲပါ…မထူးပါဘူး…

တဖက္က မ်က္ႏွာဖံုး မစြပ္ခ်င္ဘူးဆိုရင္ေတာင္

အျခားတဖက္မွာေတာ့ မ်က္ႏွာဖံုးစြပ္ထားတဲ့

သူေတြနဲ႔ပဲ ေတြ႕ေနရမယ့္အတူတူ…

အားလံုးမ်က္ႏွာဖံုးေတြေအာက္မွာသာ ေပ်ာ္ေပ်ာ္ႀကီး

အသက္႐ွင္ၾကတာေပါ့…

အသက္႐ွဴၾကပ္တယ္ဆိုေပမယ့္လို႔လည္းေလ…

Credit Original

Unicode >>>

လူတွေနဲ့ ဆက်ဆံတဲ့အခါ မျက်နှာဖုံးစွပ်ပါ…

သေလောက်အောင်မုန်းနေလည်း

အရမ်းချစ်ပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

တစက်ကလေးမှ အဆင်မပြေလည်း

အားလုံးအိုကေပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

တွေ့တဲ့နေရာ ဖြတ်ကန်ပစ်ချင်လည်း

မြင်တာနဲ့ ဖက်နမ်းချင်ပါတယ်ဆိုတဲ့

မျက်နှာဖုံးကိုစွပ်ပါ…

ချုံးပွဲချပြီး ငိုချပစ်ချင်လည်း

ထီပေါက်ထားပါတယ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ဒရယ်ပေါက်လို ချိနဲ့နေလည်း

ကေသရာဇာလို မျက်နှာဖုံးကိုစွပ်ပါ…

ဘာတစ်ခုမှ လက်မခံချင်လည်း

အရာရာမင်းသဘောပါဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ဘာသိဘာသာ နေလိုက်ချင်လည်း

ဟေးလားဝါးလားဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

စိတ်ထဲရှိသမျှ ပြောချလိုက်ချင်လည်း

ရေငုံနှုတ်ပိတ်ဆိုတဲ့ မျက်နှာဖုံးကိုစွပ်ပါ…

ရင့်ကျက်လာလေ မျက်နှာဖုံးစွပ်လေ

လူပါးဝလာလေ မျက်နှာဖုံးများလေ

အရေထူလာလေ မျက်နှာဖုံးစုံလေ…

ရှင်းလား…

မျက်နှာဖုံးတွေရဲ့တန်ဖိုးဟာ

Constant ဖြစ်နေကြောင်းကို သိလာတဲ့တစ်နေ့

မျက်နှာဖုံးစွပ်ထားရတဲ့ အရသာအပေါ်

ခံတွင်းတွေ့လာပါလိမ့်မယ်…

ကဲပါ…မထူးပါဘူး…

တဖက်က မျက်နှာဖုံး မစွပ်ချင်ဘူးဆိုရင်တောင်

အခြားတဖက်မှာတော့ မျက်နှာဖုံးစွပ်ထားတဲ့

သူတွေနဲ့ပဲ တွေ့နေရမယ့်အတူတူ…

အားလုံးမျက်နှာဖုံးတွေအောက်မှာသာ ပျော်ပျော်ကြီး

အသက်ရှင်ကြတာပေါ့…

အသက်ရှူကြပ်တယ်ဆိုပေမယ့်လို့လည်းလေ…

Credit Original

Recent Updates

Recent Posts Widget